July 29, 2012

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

aungmin

ချင်းမိုင်(မဇ္စျိမ) ။       ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က
ပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္စျိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါအဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီတရပ်လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။

“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံမည်
ဖြစ်ပြီး ဒေါက်တာစင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင်အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။

အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

e-letter-burmese
http://www.mizzimaburmese.com/news/regional/9553-2012-06-25-11-39-36.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India