Showing posts with label DPNS. Show all posts
Showing posts with label DPNS. Show all posts

April 11, 2013

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ ကျင်းပမည်

dpns-305
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဇန်နဝါရီလ ၁၆ရက်နေ့က ရန်ကုန်မြို့ Home ခန်းမ မှာ ပြောကြားနေစဉ်
Photo: RFA/Thiha Tun 
 
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့အတွက် ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ဒီရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ညီလာခံဖြစ်မြောက်ရေး ကော်မတီတာဝန်ခံအနေနဲ့ လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီဝင် ကိုဇေယျက ဦးစီးဆောင်ရွက်မှာဖြစ်ပြီး ကျင်းပရေးကော်မတီဝင်တွေအဖြစ် ကိုအောင်ဇေယျ(ရွှေဘို)၊ ကိုမျိုးမြင့်(အင်းစိန်)၊ ကိုခွန်ရဲသွေးအစရှိတဲ့ လူ့ဘောင်သစ်အင်အားစုတွေ က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်တွင်း စုစည်းရေး ကော်မတီဝင် ကိုဇေယျက RFA ကို အခုလို အတည်ပြု ပြောဆိုပါတယ်။
အဲဒီညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ပြည်တွင်းအခြေစိုက် လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားသွားတဲ့ ပါတီအင်အားစုတွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် ညီလာခံကျင်းပဖို့ စီစဉ်ရတာလို့ ကိုဇေယျက ဆိုပါတယ်။
ညီလာခံကျင်းပဖို့ ရက်တိတိကျကျ မသတ်မှတ်ရသေးပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အနေအထားအရပ်ရပ်ပေါ်မှာမူတည်ပြီး နိုင်ငံရေးအခြေအနေအရ ပိုမိုလွတ်လပ်ပွင့်လင်းမှုရှိလာတဲ့အချိန်မှာ ရန်ကုန် သို့မဟုတ် မန္တလေးမြို့တွေမှာ အမြန်ဆုံးကျင်းပသွားမယ်လို့လည်း သိရပါတယ်။
လူ့ဘောင်သစ်ပါတီရဲ့ ညီလာခံကို တက်ရောက်ဖို့ ပြည်တွင်းမှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေအပြင် ပြည်ပမှာရောက်ရှိနေကြတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ပါတီအပါအဝင် နိုင်ငံတကာရောက် လူ့ဘောင်သစ် အင်အားစုတွေအနေနဲ့ ဒီညီလာခံကို တက်ရောက်ဖို့ကတော့ အစိုးရရဲ့နိုင်ငံသားတွေ ပြည်တွင်းကို ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ပေးမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ်မှာ မူတည်နေတယ်လို့လည်း ကိုဇေယျက ပြောပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရရဲ့ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/dpns-national-conference-04112013110447.html

January 15, 2013

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ မြေပေါ် နိုင်ငံရေး စတင်

ယနေ့ သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းလင်း ပြောကြားနေသော DPNS အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS) သည် ပြည်တွင်း၌ တရားဝင် ပါတီတည်ထောင်၍ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
DPNS သည် ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက် အပါအဝင် ပြည်တွင်း၌ ကြုံတွေ့နေရသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အခြားပါတီများနှင့် ရင်းနှီး ညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် DPNS အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောကြားသည်။
“ကျနော်တို့ ပါတီက မြန်မာပြည်မှာ မြေပေါ်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင် တော့မယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့လည်း ပြောပြီးသွားပြီ။ ပါတီထောင်ဖို့ အမြန် ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
DPNS ပါတီရုံးခန်းများကို ၆ လ အတွင်း ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်သကဲ့သို့ မျိုးဆက်သစ် လူငယ်လူရွယ်များ ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အသိပညာပေးရေး သင်တန်းများဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“လက်ရှိ လူငယ်တွေအတွက် ထိုင်းနယ်စပ်ဒေသမှာ နိုင်ငံရေး သိပ္ပံ သင်တန်း ဖွင့်လှစ် သင်ကြားပေးတာ ၂ နှစ် ရှိပါပြီ။ အခြေခံ ပညာ အဆင့်ရှိတဲ့ လူငယ်တွေကို ဦးစားပေးသင်ကြားပေးတယ်။ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေး သမိုင်းတွေကို ဦးစားပေး သင်ကြား ပေးတယ်။ ဒီသင်တန်းတွေကို ပြည်ပ ပညာရှင်တွေက လာရောက် သင်ကြားပေး ပါတယ်”ဟု  DPNS ဗဟို ကော်မတီဝင် ဦးဇော်ဇော်ထွန်းကလည်း ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
DPNS အနေနှင့် မဟာမိတ် အုပ်စုများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ အစိုးရ အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ကြောင်းနှင့် ပြင်ဆင် ပြောင်းလဲနိုင်ရန် ကြိုးစားမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
DPNS ကို ၁၉၈၈ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနစ်တွင် နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ညီလာခံကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ကျင်းပခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံလုံး ဆိုင်ရာ အထူးအစည်းအဝေးကို ရန်ကုန်တိုင်း ကျောက်ကုန်းဌာနချုပ် တွင် ကျင်းပခဲ့သည်။
၁၉၉၁ ခုနစ်တွင် ပါတီကို မတရားအသင်း သတ်မှတ်၍ ဖျက်သိမ်းကြောင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အစိုးရက ကြေညာခဲ့သဖြင့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှု များကို နယ်စပ်အခြေပြု လုပ်ဆောင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ဗဟိုကော်မတီ စုံညီ ပုံမှန်အစည်းအဝေး ကျင်းပ၍ ပါတီကို အားဖြည့်ဖွဲ့စည်းကာ ၂၀၀၂ တွင် ဒုတိယ အကြိမ် ပါတီညီလာခံကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗဟိုကော်မတီ စုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ၂၀၀၉ တွင် ပါတီ ဗဟိုကော်မတီ အထူး အစည်းအဝေးကို ကျင်းပ၍ ဗဟို စည်းရုံးရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။
၂၀၁၂ ခုနှစ်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပါတီကိုယ်စားလှယ် အဖွဲ့ ပထမအကြိမ် စတင်ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း ကျင်းပသော ပါတီဗဟိုကော်မတီ စုံညီ အထူးအစည်းအဝေးက လက်ရှိ ခေါင်းဆောင်များကို ဖွဲ့စည်း တာဝန်ပေးခဲ့ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/30914

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်မည်

နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောကြားလိုက်ပါတယ်။
တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရပြီဖြစ်တဲ့ အကြောင်းကို ဦးငွေလင်းက ဒီနေ့ ရန်ကုန်မြို့၊  ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ ဟုမ်းခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
" ကျွန်တော်တို့ ပါတီကို န.အ.ဖ အစိုးရက ၂၁ နှစ်တိတိ နယ်စပ်ဒေသကို တွန်းပို့ထားတယ်၊ အခုအစိုးရက အပြောင်းအလဲများကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ပါတီက ဗဟိုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အခါမှာ တရားဝင်ပါတီအဖြစ် မြေပေါ်မှာ ပြန်လည်ရပ်တည်တော့မှာဖြစ်တယ်"
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို လာရောက်လေ့လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပြည်တွင်းလေ့လာရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်တွင်းခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ကျင်းပရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပြည်တွင်းခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အတွက် မကြာခင် ပြည်တွင်းမှာ ပြင်ဆင်ရေးရုံးကို တည်ထောင်မှာဖြစ်ပြီး နောက် ၆လလောက်ဆိုရင် ပြည်တွင်းမှာ တရားဝင်ရပ်တည်နိုင်ဖို့ မှတ်ပုံတင်နိုင်မှာ ဖြစ်တယ်လို့ ဒီကနေ့တွေ့ဆုံပွဲမှာ ဦးငွေလင်းက ပြောကြားခဲ့ပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမယ့် တည်ဆဲဥပဒေတွေအရ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်မှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/dpns-register-01152013072753.html

ပြည်ပရောက် လူ့ဘောင်သစ် နို်င်ငံရေးပါတီ မှတ်ပုံတင်မည်


(၈) လေးလုံးအရေးအခင်းနောက် ပေါ်ပေါက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အခြေစိုက်ထားခဲ့တဲ့ လူဘောင်သစ်ဒီမိုကရစ်တစ်ပါတီက  ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ အစိုးရတာဝန်ရှိသူတွေနဲ့  နှုတ်အားဖြင့် သဘောတူထားကြောင်း နဲ့ ရှေ့လုပ်ငန်း စဉ်တွေဆောင်ရွက်ဖို့အတွက်ဆက် ဆံရေးရုံးကို ရှေ့လထဲမှာ ဖွင့်သွားဖို့ ရှိနေ ပါတယ်။ သူတို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ဘဝင်မကျပေမဲ့ အပြောင်း အလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်ဖို့ဆိုရင် လူထုကြားထဲမှာ ပြန်ရပ် တည်ဖို့လိုတာကြောင့် အခုလို ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရသူတွေက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသူရစိုးက တင်ပြပေးထားပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်နေတာ တလလောက်ရှိနေပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဒီမိုကရေစီ အင်အားစုတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အခုလို ထုတ်ဖော် ကြေညာလိုက်တာဖြစ်ပါတယ်။
မကြာမီမှာ ပါတီကို တရားဝင် ပြန်လည်မှတ်ပုံတင်မယ့် အကြောင်းကိုတော့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလို ပြောပါတယ်။

“အစိုးရနဲ့ညှိနှိုင်းပြီးပြီ။ နှုတ်ကတိလည်း ကျနော်တို့ ရထားပြီးပြီ။ အဲဒီနှုတ်ကတိအရ ကျနော်တို့ ဘာမဆို ဆောင်ရွက်လို့ ရပြီဖြစ်ပါတယ်။”

ပါတီဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးဇော်ဇော်ထွန်းကတော့ ဘာကြောင့် အခုလို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။

“၂၀၀၈ ကို လက်မခံနိုင်ပေမယ့် ဘာကြောင့် ပါတီ မှတ်ပုံတင်ရသလဲဆိုတော့ လက်ရှိအခြေ အနေမှာ ကျနော်တို့ ပါတီက ၂၁ နှစ်ကြာအောင် လူထုနဲ့ဝေးခဲ့တယ်။ နယ်စပ်ဒေသမှာ အခြေစိုက် ခဲ့ရပါတယ်။ အခုနပြောသလို အပြောင်းအလဲတွေကို အနှစ်သာရရှိရှိ ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ပါတီကို လူထုကြားထဲမှာ ပြန်ရပ်တည်ဖို့ လိုပါတယ်။ အဲဒီအတွက် လတ်တလောမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရေးဆိုတဲ့ လုပ်ငန်းကို ပဲ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဒီလို ပါတီမှတ်ပုံတင်ဖို့ ပြန်စဉ်းစားရတာပါ။”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ခေါင်းဆောင်အဖြစ်နဲ့ သဘောထားပြီး ပါတီရဲ့အဓိက မဟာမိတ် အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ပါတီကတော့ တပ်ဦးမှာ ရှိနေမှာဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် တခြား ဒီမိုကရေစီရေး နဲ့ငြိမ်းချမ်းရေးကို လိုလားသောအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အစိုးရက လာမဲ့ရွေးကောက်ပွဲမှာ ကျင့်သုံးနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြတဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုမှု စနစ်ကို တည်ဆဲဥပဒေအောက်က ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မူအရ မငြင်းပေမဲ့ မြန်မာပြည်အတွက် ဒီ အချိုးကျ မဲပေးစနစ် ကျင့်သုံးဖို ့အဆင်သင့် မဖြစ်သေးဘူလို့ ဦးဇော်ဇော်ထွန်းက အခုလိုပဲရှင်းပြပါတယ်။

“ဘယ်လို အခြေအနေတွေပဲဖြစ်နေ ဖြစ်နေ ကျနော်တို့က တရားဝင်မှတ်ပုံတင်ပြီးပြီဆိုရင်တော့ လက်ရှိ တည်ဆဲ ဥပဒေအောက်က ပါတီရပ်တည်ရေးအတွက် စဉ်းစားရမယ့် ကိစ္စတွေ ရှိပါတယ်။ အခုနက ကျနော်တို့ ရဲဘော်ပြောခဲ့သလို PR (Prooptional Ratio) စံနစ်နဲ့ ပတ်သက်ရင် မူအရ ကျနော်တို့ မငြင်းပါဘူး။ ဒါပေမဲ့ ဗမာပြည်လက်တွေ့က PR စံနစ်ကို ကျင့်သုံးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ကျနော်တို့ယူဆပါတယ်။”

 ပြည်ပမှာ နေထိုင်နေပြီး တခြားနိုင်ငံသားခံယူထားတဲ့ပါတီခေါင်းဆောင်တွေအနေနဲ့ သက်ဆိုင် ရာနိုင်ငံသား ခံယူထား တာကို စွန့်လွတ်ကြဖို့နဲ့ နိုင်ငံတော်အစိုးရကလည်း သူတို့ကို နိုင်ငံသား ကဒ် ပြန်ထုတ်ပေးဖို့ကို သဘောတူထား တယ်လို့လည်း ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမိုးသီးဇွန်က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ပါတီဆိုင်းဘုတ်ကို ဖြုတ်ခဲ့တဲ့အတွက် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မာနယ်ပလောကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

burmese.voanews.com/content/exile-dpns-will-identity-as-political-party/1584626.html

December 28, 2012

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
Photo: Democratic Party for a New Society
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ ဆွေးနွေခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့နဲ့တော့ အစိုးရနဲ့ပါတီနှစ်ဘက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးငွေလင်းက RFA ကိုပြောပါ တယ်။
ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ဝန်ကြီး ဦးအောင်မင်းနဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး၊ မနေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့တွေ့ဆုံတဲ့အခါမှာတော့ ပါတီဝင်တွေ နေထိုင်သွားလာရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကိစ္စဆွေးနွေးတဲ့အခါမှာ လူ့ဘောင်သစ်ပါတီဝင်တွေကို မဆလခေတ်က နိုင်ငံသားတွေကိုထုတ်ပေးခဲ့တဲ့ ၃ ခေါက်ချိုး မှတ်ပုံတင်ထုတ်ပေးမယ်လို့ ပြောဆိုတဲ့အကြောင်းသိရပါတယ်။
အစိုးရနဲ့နှစ်ဘက်သဘောတူညီချက်တွေ လက်မှတ်ထိုးပြီးရင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်တွင်းမှာ ဆက်ဆံရေးရုံးဖွင့်မယ်လို့သိရပါတယ်။
ပြည်တွင်းကို ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးငွေလင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

http://www.rfa.org/burmese/news/dpns-meet-election-commission-12282012022412.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

October 8, 2012

ဦးအောင်မိုးဇော် နဲ့ ပြည်တွင်းနိုင်ငံရေး

_bbc_amz
DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ဟာ စက်တင်ဘာလ ၃ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ပါတီတာဝန် နဲ့ မြန်မာနိုင်ငံ ကို သွားရောက်ခဲ့ အပြီး ပြည်တွင်းက အခြေအနေ နဲ့ နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ဆုံခဲ့မှု အပေါ် ကျေနပ်မှု ရှိတဲ့ အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပါတီ အနေနဲ့ ပြည်တွင်းမှာ လှုပ်ရှား ဆောင်ရွက်မှု အပိုင်းမှာ လိုချင်တဲ့ အချက်အလက်၊ ဆောင်ရွက်ချင်တဲ့ ကိစ္စရပ်တွေ ကို စာနဲ့ ရေးသားပြုစုပြီး အစိုးရ ကို တင်ပြဖို့ အဆင့်ပဲ ကျန်တော့တဲ့ အကြောင်းလည်း ဦးအောင်မိုးဇော် က ဘီဘီစီ ကို ပြောပြပါတယ်။
ဒီ အချက်ပေါ် မူတည်ပြီးမှ ရှေ့လုပ်ငန်းစဉ် တွေ ချမှတ်ပြီး လုပ်ရမှာ ဖြစ်တဲ့ အတွက် အဆင်ပြေဘွယ် ရှိတဲ့ အကြောင်း၊ ပြည်တွင်း ပြန်သွားဖို့လည်း နီးစပ်တဲ့ အကြောင်း ရှင်းပြပါသေးတယ်။ ပြည်တွင်းပြန်ပြီး နိုင်ငံရေး လုပ်တဲ့ အခါမှာလည်း အကန့်အသတ် တွေ အများကြီးရှိသလို လမ်းပွင့်နေတာတွေ လည်းရှိတဲ့ အတွက် အကန့်အသတ် တွေ ကို ကျော်လွှားနိုင်ဖို့ ကြိုးစားမယ့် အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
ပြည်တွင်းခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့နဲ့ ဆက်ဆံရေး တွေ နဲ့ ပတ်သက်ပြီးလည်း နွေးထွေးကြိုဆိုမှု တွေ ရှိပုံ၊ နှစ်ပေါင်း ၂ဝ ကျော် မှ ပြန်လည်တွေ့ဆုံခွင့် ရကြတဲ့ တိုင်အောင် လုပ်နည်း လုပ်ဟန် အရ မတူတဲ့ အပိုင်းရှိသလို၊ နိုင်ငံရေး အရ အတွင်း နဲ့ အပြင်၊ ဆိုပေမယ့် ပြဿနာ ရယ်လို့ မယူဆ ပုံတွေ ကို ဦးအောင်မိုးဇော် က ဘီဘီစီ ကို ပြောပြပါတယ်။


http://www.bbc.co.uk/burmese/burma/2012/10/121007_aungmoezaw_dpns.shtml

August 20, 2012

လူ့ေဘာင်သစ်ပါတီ ြပည်တွင်းတွင် နိုင်ငံေရးပါတီအြဖစ် ရပ်တည်ခွင့်မရေသး

ြပည်ပအေြခစိုက် လူ့ေဘာင်သစ်ဒီမုိကရက်တစ်ပါတီဟာ ြမန်မာနိုင်ငံထဲ ြပန်ြပီး နိုင်ငံေရးပါတီအြဖစ် ရပ်တည်ခွင့်ေပးဖို့ အစုိးရကုိ ေတာင်းဆိုထားေပမယ့် ခွင်ြပုချက်မရေသးဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးေအာင်မိုးေဇာ်က ေြပာပါတယ်။
“ကျေနာ်တုိ့က ပါတီအေနနဲ့ြပန်လာမယ်။ ပါတီအနေနွဲ့ပနျွပီးတော့ ပါတီထောငျမယျဆွိုပီွးေပာတာ သူတို လကျမခံသေးဘူး။ လကျမခံသေးတော့ ဆကျလကျဆှေးနှေးဖို့ အဆင့်ပဲ ရှိေသးတယ်။
ြမန်မာအစိုးရက ေလာေလာဆယ်မှာ လူ့ေဘာင်သစ်ပါတီကို ြပည်တွင်းမှာ နိုင်ငံေရးလှုပ်ရှားခွင့်မြပုေပမယ့် ပါတီဥက္ကဋ္ဌ ဦးေအာင်မိုးေဇာ်ကို ြမန်မာနိုင်ငံထဲ ေလ့လာေရး ယာယီလာဖို့ ဖိတ်ြကားထားတယ်လို့ ဦးေအာင်မိုးေဇာ်က ေြပာပါတယ်။
“အဲဒါကေတာ့ သူတုိ့က ဒီဘက်မှာ ရှိတဲ့ သူတုိ့နဲ့ ေဆွးေနွးြပီးသား ပုဂ္ဂိုလ်ေတွကုိ ခဏလာပါ၊ လာြကည့်၊ လာစကားေြပာေပါ့။ အဲလုိမျုိးဖိတ်ထားတာရှိေတာ့ ကျေနာ်တုိ့က စဉ်းစားေနတာ။ ကုိမုိးသီးတုိ့လည်း သွားမယ်လုိ့ြကားတယ်။ အဲခရီးစဉ်ေတွနဲ့ေရာြပီး ကျေနာ်တုိ့ကုိလည်း ဖိတ်တာပါ။”
ထိုင်းနိုင်ငံ မဲေဆာက်မှာ အေြခစိုက်တဲ့ အလုပ်သမားေရး အဖွဲ့အစည်းက တာ၀န်ရှိသူေတွလည်း ပါမယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းြပီး မြကာခင် ၈၈ အေရးေတာ်ပံုမှာ ပါ၀င်ခဲ့တဲ့ ေကျာင်းသားေတွကေန နိုင်ငံေရးပါတီတခုအြဖစ် လူ့ေဘာင်သစ်ဒီမုိကရက်တစ်ပါတီကို ဖွဲ့စည်းတည်ေထာင်ခဲ့ပါတယ်။ အဲဒီေနာက် ၁၉၉၀ ေရွးေကာက်ပွဲအြပီးမှာ ပါတီကို မတရားအသင်း ေြကညာခံရတဲ့အတွက် ြပည်ပမှာ အေြခစိုက်ြပီး နုိင်ငံေရးလှုပ်ရှားမှုေတွကုိ လုပ်ေဆာင်ေနတာပါ။

http://burmese.dvb.no/archives/29509

August 1, 2012

July 29, 2012

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

aungmin

ချင်းမိုင်(မဇ္စျိမ) ။       ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က
ပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္စျိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါအဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီတရပ်လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။

“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံမည်
ဖြစ်ပြီး ဒေါက်တာစင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင်အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။

အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

e-letter-burmese
http://www.mizzimaburmese.com/news/regional/9553-2012-06-25-11-39-36.html

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

aungmin

ချင်းမိုင်(မဇ္စျိမ) ။       ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က
ပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္စျိမကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါအဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီတရပ်လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။

“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံမည်
ဖြစ်ပြီး ဒေါက်တာစင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင်အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။

အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

e-letter-burmese

အစိုးရနဲ့ လူ့ဘောင်သစ်ပါတီ၊ ပအို့ဝ် လွတ်မြောက်ရေး အဖွဲ့တို့ တွေ့


ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)နဲ့ ပအို့ဝ်အမိုျးသား လွတ်မြောက် ရေး အဖွဲ့ခုျပ် (PNLO) က ခေါင်းဆောင် တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်တယ်လို့ အဲဒီ အဖွဲ့ နှစ်ဖွဲ့စလုံးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည် ရပ်တည်ဖို့ ဆိုတာ ကာလ တခုအထိ အချိန်ယူရအုံးမှာ ဖြစ်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် ထိတွေ့ ဆက်ဆံ အကြံပြုတာတွေ လုပ်ဖို့ လိုအုံးမှာ ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ခုျပ်ပုံ အခြေခံ ဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်အောင် ပြင်ဆင်ဖို့ အများကြီး လိုနေသေးဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ပြင်ဆင်လို့ မရသေးတာမို့ ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေ ရှာနိုင်အောင် အခုလို တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ကိုအောင်မိုးဇော်က ပြောပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထု လုပ်ရှားမှု အပြီး ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တခါ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ကလည်း အခု တွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်ပြီး ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက် ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်က တရားဝင် ကြေညာ ပေးဖို့နဲ့ အဲဒီလို ရပ်စဲအပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံမှုတွေ လုပ်ဖို့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ဖက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ် အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။
သူတို့ တောင်းဆိုခဲ့ချက်တွေထဲမှာ တခိုျ့အချက်တွေကို သမ္မတထံ ပြန်လည် တင်ပြ ပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဦးအောင်မင်းက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် အကြေအလည် ဆွေးနွေး ပြောဆိုမှုတွေ ထပ်လုပ်ပြီးရင်တော့ သဘောတူချက် ထွက်လာနိုင်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပအို့ဝ် အမိုျးသား လွတ်မြောက်ရေး အဖွဲ့ခုျပ်ကို ပအို့ဝ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပအို့ဝ် အတိုက်အခံ နိုင်ငံရေး သမားတွေ စုစည်းပြီး ဒီနှစ်ထဲမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

၀န်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့

By မသိင်္ဂီထိုက်

ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြပေမဲ့ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက်တွေတော့ မရရှိသေးပါဘူး။ ဒါပေမဲ့ အပြုသဘော ဆွေးနွေးမှုတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဖို့လည်း ရှိနေပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဘက်က အပစ်အခတ် ရပ်စဲရေး အတွက် တောင်းဆိုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်သူ PNLO ရဲ့ အတွင်းရေးမှူးက ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် ကျနော်တို့ ပဏာမ သဘောတူညီချက်ကို ရယူဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ချက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စု အစိုးရက တရားဝင် ကြေညာပေးဖို့ ဖြစ်ပါတယ်။ တပြည်လုံး အပစ်အခတ် ရပ်စဲပြီးတဲ့အချိန်ကနေ ရပ်ပေါင်း ၆၀ အတောအတွင်းမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီကနေတဆင့် နိုင်ငံရေး အင်အားစုတွေ ပါ၀င်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပအို့ဝ် အမျိုးသားတွေ နေထိုင်ရာ ဒေသတွေမှာ ဆက်ဆံရေးရုံးတွေ ထားရှိဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် ပအို့ဝ်အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်လာဖို့အတွက်ကို ပအို့ဝ် အမျိုးသားအဖွဲ့ PNLO အပါအဝင် ပအို့ဝ် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ဖို့။”
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကတော့ ဒီအချက်တွေထဲက တချို့ အချက်တွေကို သူ့အနေနဲ့ သဘောတူလို့ မရဘဲ သမ္မတဆီကို တင်ပြပေးပါ့မယ်လို့ ပြောဆိုတဲ့ အကြောင်းလည်း ဆွေးနွေးပွဲ တက်ရောက်သူ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ တပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးခွင့် တောင်းတာကို မြန်မာ အစိုးရဘက်က ငြင်းပယ်တာကြောင့် အခုလို တစ်ဖွဲ့ချင်း တွေ့ဆုံရတာ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ပြည်ပမှာ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့တို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ တာမှာတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိတယ်လို့လည်း ပြည်ပရောက် အတိုက်အခံ အင်အားစုတွေနဲ့ မြန်မာအစိုးရ အကြား စေ့စပ်ဆွေးနွေးရေး ဆောင်ရွက်နေတဲ့ NLD-LA က ဦးညိုအုန်းမြင့်က ပြောပါတယ်။

“လူ့ဘောင်သစ်ပါတီဘက်က တင်ပြတဲ့ အချက်တစ်ခုကတော့ ပြည်တွင်းမှာ နိုင်ငံရေးကို ပြန်ပြီးတော့ ဆောင်ရွက်ချင်တယ်။ ဒီကိစ္စအပေါ်မှာလည်း ၀န်ကြီးကနေ ဒါကို ကူညီမယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကနေ ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပူးပေါင်း ပါ၀င်လာနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပထမဆုံး ဖော်ဆောင်တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့်အချက်တွေ တချို့ ရှိပါတယ်။ လူ့ဘောင်သစ် ပါတီဘက်ကနေ ဒီနေ့မှာ ဥက္ကဋ္ဌရော အလုပ်အမှုဆောင်တွေ အားလုံး ပါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ နိုင်ငံရေး ပြန်လုပ်ချင်တယ်

ဆိုတဲ့အချက်က နှစ်ဘက်စလုံးအတွက်က ပြန်ပြီး ဆွေးနွေးရမယ့်အချက်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ရက်ကို မသတ်မှတ်ဘဲနဲ့ နှစ်ဘက်စလုံးရဲ့ သဘောတူညီချက်ကတော့ အပြန်အလှန် စာနဲ့ပဲ ဆက်သွယ် သွားပြီးတော့ အရေးကြီးတဲ့အချိန်မှာ ပြန်တွေ့ဖို့ နှစ်ဘက်စလုံးကနေ သဘောတူပါတယ်။”

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီချက် တစုံတရာ မရပေမဲ့လို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်ပြီး လုပ်ဆောင်ဖို့တော့ သဘောတူခဲ့ကြပါတယ်။ တနင်္လာနေ့မှာလည်း ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့နဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ ရှိပါတယ်။

VOA

ပြည်ပ အတိုက်အခံများကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြီ



ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) တို့အား အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ယမန်နေ့က ကမ်းလှမ်းလိုက်သည်။

မီးရထားဝန်ကြီး ဦးအောင်မင်းပါ၀င်သည့် အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးသူ ဒေါက်တာ ကျော်ရင်လှိုင်က ဆက်သွယ်လာခြင်း ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် လက္ခဏာဟု ယူဆကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“ယေဘုယျအားဖြင့် ကမ်းလှမ်းတာ ကောင်းပါတယ်၊ ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမယ့် ကျနော့်ပါတီထဲမှာ ရဲဘော်တွေ အချင်းချင်း ညှိနှိုင်းဖို့တွေ လုပ်ရအုံးမှာပါ” ဟု ၎င်းက ဆိုသည်။
လာမည့် ရက်သတ္တပတ်အတွင်း လူ့ဘောင်သစ်ပါတီ အလုပ်အမှုဆောင်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းကို အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ် ထင်မြင်သော် လည်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ ရောက်သွားပြီဟု ပြောရန်စောသေးကြောင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ ၀ုိင်းဝန်းလုပ်ဆောင်ရန် လိုကြောင်း ဦးအောင်မိုးဇော်က ဆိုသည်။
အစိုးရ အနေဖြင့် ယခင်က ငြိမ်းချမ်းရေးဆွေးနွေးရန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများကိုသာ ကမ်းလှမ်းခဲ့သော်လည်း ပြည်ပရောက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများကို ယခုအခါ ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်း ဖြစ်သည်။
FDB ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် ကလည်း အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် အလွတ်သဘော ဆွေးနွေးရန် ကမ်းလှမ်းမှု ပြုလုပ်သည်မှာ မှန်ကန်ကြောင်း၊ သို့သော် မိမိတို့ အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေး ရဦးမည်ဖြစ်ကြောင်း ပြောသည်။
“သေနတ်ကိုင်ပြီး ပစ်ကြခတ်ကြတာထက် စာရင် တွေဆုံဆွေးနွေးတယ် ဆိုတာတော့ ကောင်းတဲ့ပြောင်းလဲမှု တခုပါ” ဟု ၎င်းက ဆိုသည်။
မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် လာမည့် ဖေဖော်ဝါရီ ပထမပတ်အတွင်း တွေဆုံနိုင်မည်ဟု ခန့်မှန်းကြောင်း၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည် ဆိုသည်ကိုမူ FDB တွင်ပါ၀င်သည့် နိုင်ငံရေးအဖွဲ့များနှင့် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဆက်ပြောသည်။
FDB အဖွဲ့ကို ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့ ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီ၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ကဲ့သို့သော အဖွဲ့အစည်းများလည်း ပါ၀င်သည်။
မကြာသေးမီကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သေးသည်။


http://burma.irrawaddy.org/archives/5110
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India