July 28, 2012

UNFC နှင့် အစိုးရဆွေးနွေးဖြစ်လျှင် KIO ကိစ္စပါဝင်ဆွေးနွေးမည်

UNFC သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်(Photo-Internet)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ခဲ့မည်ဆိုလျှင် KIO အပစ်အခတ်ရပ်စဲရေး ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

အစိုးရ ကိုယ်စားလှယ်နှင့်တွေ့ဆုံနိုင်ရေးအတွက် ယခုလလယ်ပိုင်းတွင် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းထံ UNFC အဖွဲ့မှအီးမေးလ်ဖြင့် အကြောင်းကြားစာ ပေးပို့ထားသော်လည်း အစိုးရဘက်က မည့်သည့်တုန့်ပြန်မှုများမရရှိသေးကြောင်း၊ UNFC အနေနှင့် မြန်မာအစိုးရနှင့် အမြန်ဆုံးတွေ့ဆုံနိုင်ရန် ဆန္ဒရှိသည်ဟု နိုင်ဟံသာက ပြောသည်။

၎င်းက ”တစ်ဖွဲ့ချင်း ဆွေးနွေးနေရင် ပြီးပြည့်စုံနိုင်မည်မဟုတ်ဘူး အဲဒါကြောင့် UNFC အနေနဲ့တွေ့ဖို့ ကျနော်တို့ တောင်းဆိုလိုက်တာဖြစ်တယ်” ဟု ပြောသည်။

UNFC အဖွဲ့ဝင်ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ် ပွားနေ သည့်အတွက်ကြောင့် စစ်တပ်နှင့် အစိုးရအကြား နှစ်ဖက်စလုံးပြေလည်အောင် ညှိုနှိုင်းသွားရမည်ဟု သူက ဆက်ပြောသည်။

ယခုလ ၁၉ ရက်နေ့ UNFC သတင်းစာရှင်းလင်းပွဲတခုကျင်းပခဲ့ရာတွင် အစိုးရကိုယ်စားလှယ်နှင့် ငြိမ်းချမ်း ရေးဆွေးနွေးရန် UNFC အနေဖြင့် အသင့်ရှိနေကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က “ကျနော်အနေနဲ့ နှစ်ဖက်စလုံးက တွေ့ဆုံဖို့လိုအပ်တယ်လို့ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ဖွဲ့ချင်းတွေ့တာတော့ အပစ်အခတ်ရပ်စဲ ရေးအခြေခံလောက်ပဲရှိတယ် UNFC ဘက်ကလဲ နဂိုလ်ကတည်းက နိုင်ငံရေးအရ အရေးပါနေတဲ့အတွက် ကြောင့် အစိုးရဘက်ကလဲ အလေးထားမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်သုံးဦးသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်နိုင် ရေးအတွက် ဂျပန်အစိုးရနှင့် ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတို့ တွေ့ဆုံနိုင်ရန် ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ဂျပန်ကိုရောက်ရှိသွားသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အထွေထွေအတွင်းရေမှူး ဒေါက်တာလဂျာ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု-ဥက္ကဌ စောဒေးဗစ်တာ ကပေါနှင့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်ဥက္ကာတို့ ဖြစ်သည်။

UNFC သည် အစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းခဲ့ပြီး ကချင်တိုင်းရင်းသားနှစ်ဖွဲ့ ပူးပေါင်းခဲ့သဖြင့် ယခုအခါ (၁၁) ဖွဲ့တည်ရှိသည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့နှင့် ငြိမ်းချမ်းရေး မယူရသေးသည့် အဖွဲ့များ စုပေါင်းဖွဲ့စည်းထား သော “ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” UNFC အဖွဲ့ဝင်များတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှစ်ဖွဲ့သာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်ကျန်ရှိနေသေးသည်။

http://burmese.bnionline.net/index.php/news/imna/10291-unfc---kio-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India