August 7, 2012

လိုက်နာရမည့်ကျင့်ဝတ်များ ဆက်လက်ဆွေးနွေးရန် အစိုးရအဖွဲ့နှင့် ကေအဲန်ယူ အလွတ်သဘော တွေ့ဆုံ

သြဂုတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)
ကေအဲန်ယူနှင့် မြန်မာအစိုးရအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနောက်ပိုင်း လိုက်နာရမည့် ကျင့်ဝတ်များကို ကရင်ပြည် နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်နေ့မှစ၍ သုံးရက်ကြာ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အေးချမ်းဖြိုးဧည့်ရိပ်သာတွင် ယနေ့ အလွတ်သဘော တွေ့ဆုံပြောဆိုခဲ့ကြသည်။
ယနေ့ ပြုလုပ်သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြ ဆွေးနွေးပွဲတွင် ပါဝင်သူ နော်မေဦး “ကျမတို့ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ သဘောတူ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးမယ်”ဟု ကရင်သတင်းဌာနသို့ ပြောသည်။
၎င်းအပြင် တတိယအကြိမ် ကေအဲန်ယူနှင့် မြန်မာအစိုးရ ထပ်မံ တွေ့ဆုံဆွေးနွေးပွဲတွင် တပ်အရွှေ့အပြောင်းနှင့် တပ်ရုပ်သိမ်းရေးကိစ္စ များကိုလည်း အဓိကအားဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း နော်မေဦးက ဆက်လက်ပြောဆိုသည်။
“အဓိကကတော့ ဒုတိယအကြိမ် ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နှစ်ဘက်တပ်တွေလိုက်နာရမဲ့ ကျင့်ဝတ်တွေနဲ့ ဒီတပ်အရွှေ့အ ပြောင်း တပ်ရုပ်သိမ်းရေးတွေကို ဆွေးနွေးဖို့ဖြစ်တယ်”ဟု ဆိုသည်။

နေ့လည် ၁၁နာရီကျော်မှစတင်၍ ၂နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် ယနေ့ တွေ့ဆုံပွဲတွင် ကေအဲန်ယူဘက်မှ အတွင်းရေးမှူးချုပ် နော်စီဖိုးရာ စိန်၊ ပဒိုစောသောသီဘွဲ၊ နော်မေဦးနှင့် စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ မီးရထားဝန်ကြီးဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါ၀င်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာအီးဂရက် ကုမ္ပဏီမှ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ထားဝယ်မင်းသမီး ကုမ္ပဏီမှ ဦးငွေစိုး၊ ဦးကိုကိုမောင်နှင့် ဇနီး မစုတို့က ငြိမ်းချမ်းရေး အကျိုးဆောင်များအဖြစ် ယနေ့ တွေ့ဆုံပွဲတွင် ပါ၀င်ခဲ့ကြသည်။
ယင်းနောက် ယနေ့ မွန်းလွဲ ၁နာရီတွင် ၀န်ကြီးဦးအောင်မင်းနှင့်အတူ ပါလာသည့် ဇနီး ဒေါက်တာဝေဝေသာနှင့် မန္တလေးဆေးတက္ကသိုလ် မှ ဒေါက်တာစောကလော်ခို့၊ မြဝတီဆေးရုံမှ ဒေါက်တာခင်မောင်မြင့်နှင့် ဒေါက်တာဇင်လတ်မောင်တို့သည် မဲဆောက်မြို့သို့လာရောက် ကာ ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် မယ်တော်ဆေးခန်းအဖွဲ့နှင့် တစ်နာရီခွဲကြာ လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် အရေးပေါ်လူနာ ပို့ဆောင်ရေးကိစ္စ၊ ကျန်းမာရေးလုပ်သားများ အသိအမှတ်ပြုမှုကိစ္စနှင့် မွေးမှတ်တမ်းရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည့်ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်ဟု အမည်မဖော်လိုသူ ၀ါရင့်ကျန်းမာရေးတာဝန်ခံတစ်ဦးက ကရင်သတင်းဌာနသို့ ပြောသည်။
“အဓိက အဲဒီသုံးချက်ကိုပဲ ဆွေးနွေးသွားတာပါ။ အရေးပေါ်လူနာဆိုရင်လည်း အထူးသဖြင့် မွေးလူနာတွေပေါ့။ နောက်ပြီး ဒေါက်တာဝေ ဝေသာက မယ်တော်ဆေးခန်းအတွက် ဘတ်ငွေ တစ်သိန်း အလှူငွေပေးခဲ့သေးတယ်”ဟု ၎င်းကျန်းမာရေးဝန်ထမ်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့သည် ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး မယ်တော်ဆေးခန်းကို လေ့လာကြည့်ရှုကာ ဘတ်ငွေ တစ်သိန်းခွဲ လှူဒါန်းခဲ့သေးသည်။
ကေအဲန်ယူနှင့် မြန်မာအစိုးရသည် ယခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ကရင်ပြည်နယ်၊ ဖားအံ မြို့တွင်လည်းကောင်း၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ စီဒိုးနားဟို တယ်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

http://www.kicnews.org/?p=12742
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India