August 7, 2012

တတိယ အကြိမ် ဆွေးနွေးပွဲ အတွက် KNU နှင့် အစိုးရတို့ အကြိုညှိနှိုင်း

May_Oo_01_1_009ယနေ့ နံနက် ၁၀ နာရီ ခွဲမှ နေံလည် ၂ နာရီ အချိန်အထိ  အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်း ရေးဖေါ်ဆောင်မှု ကိုယ်စားလှယ် အဖွဲ့သည် ကရင် အမျိုးသား အစည်းအရုံး ( KNU ) ခေါင်းဆောင်များနှင့် တတိယ အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေး ညှိနှိုင်းရန် ကရင်ပြည်နယ် မြဝတီမြို့တွင် တွေ့ဆုံ ခဲ့ကြသည်ဟု ဤဆွေးနွေးပွဲ အတွက် ပြောရေး ဆိုခွင့်ရှိသူ နော်မေဦးက ပြောပါသည်။
“ကျမတို့က နောက်ထပ် တွေ့ဆုံဖို့ က ဒီလထဲမှာပဲ ကရင်ပြည်နယ် ဖားအံမှာ ထပ်ပြီး ဆွေးနွေးမယ်။ အဲဒီတော့ ကျမတို့ ဘက်က ပြင်ဆင် ထားတာကို သူတို့ကို အရင်ပြောပြတယ် သူတို့ဘက် ကလည်း ကြိုပြီး သိထားရင် ပြင်ဆင်လို့ရအောင် ပါ။ ဒါကြောင့် နောက်ထပ် တွေ့ဆုံမှုအတွက် နှစ်ဖက်အဆင် ပြေချောမွေ့ရေးကို ညှိနှိုင်းတာဖြစ်တယ်လို့ ပြောရမှာပါ” သူက ပြောပါသည်။
ဤအကြိုဆွေးနွေးပွဲသည် အစိုးရနှင့် KNU ကြား တတိယ အကြိမ် ဆွေးနွေးပွဲအတွက် အောက်ပါအချက် (၂) ချက်ကို ညှိနှိုင်း ခဲ့ကြခြင်း ဖြစ်ပါသည်။
၁) ပြည်သူလူထု ဘဝ လုံခြုံမှုကို အာမခံ ရရှိရန်အတွက် ကျေးရွာနှင့် ပြည်သူလူထုကြားတွင် ရှိနေသော အစိုးရ တပ်များ ရုပ်သိမ်းပေးရန် နှင့် လျော့ချပေးရန်။
၂) ယခင် ဒုတိယ အကြိမ် တွေ့ဆုံစဉ်က ဆုံးဖြတ် ထားသည့်အတိုင်း နှစ်ဘက်တပ်များ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ် များကို တတိယအကြိမ် ဆွေးနွေးပွဲ၌ ထပ်မံ ဆွေးနွေးရန် အတွက် ပြင်ဆင်ထားရန် ဖြစ်သည်ဟု ဆိုပါသည်။
  “ရည်ရွယ်တာက အစိုးရတပ်တွေ ကျမတို့ လက်နက်ကိုင် တပ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခမဖြစ်အောင် ပြီးတော့ ပြည်သူလူထုတွေရဲ့ အခွင့်ရေးကို မထိပါးရလေအောင် အားမခံနိုင်ဖို့အတွက် လိုက်နာရမယ့် ကျင့်ဝတ်တွေ လိုပါတယ်။ ဒီအချက်တွေကို လာမယ့်ပွဲမှာ ဆွေးနွေးမယ်လို့တင်ပြတာပါ။  ဒါက ဒုတိယ အကြိမ် ဆွေးနွေးပွဲတုန်းက ရရှိထားတဲ့ သဘောတူညီချက် အပေါ်မှာပဲ ပြင်ဆင်ထားပြီးတော့ ဒါကိုပြန်လည် အသိပေးတာပါ။ ဒါမှဆွေး နွေးပွဲရက်ကတို မယ်လေ” ဟု ဆိုပါသည်။

May_Oo_01_2_ee3432နော်စီဖိုးရာစိန်နှင့် ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံစဉ်
ထို့အပြင် KNU ကရင် အမျိုးသား အစည်းရုံးသည်  လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း ပဋိပက္ခဖြစ်လာသည့်အခါ ထိုပြသနာမျိုးကို မည်သို့ ကိုယ်တွယ် ဖြေရှင်းကြရမည့် နည်းလမ်းများကို တင်ပြပြီး ညှိနှိုင်း ဆွေးနွေး ခဲ့ပါသည်။ ထို့အတူ ပြည် တွင်း ပြည်ပ စီးပွားရေး ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သတ်ပြီး လူထု ဘဝ လုံခြံုရေးကို အာမခံချက် မရှိသေးသည့် အချိန်တွင် စီးပွားရေး ရင်းနှီှးမြုပ်နှံမှု လုပ်သင့် မလုပ်သင့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ပါသည်။
KNU သည် အပစ်ခတ် ရပ်စဲရေး ခိုင်မာမှု မရှိသေးသည့် ကာလ ပတ်လုံး ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေး နွေးမှုများ တက်လှမ်းနိုင်မည် မဟုတ် သေးဟုဆိုပါသည်။
ယခုကျင်းပသည့် အကြို ဆွေးနွေးပွဲတွင် မြန်မာ အစိုးရဘက်မှ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါ၀င်ပြီး KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ နော်မေဦး၊ ပဒို သောသီဘွဲ၊ စောအောင်ဝင်းရွှေ တို့ ၄ ဦး တက်ရောက် ဆွေးနွေး ခဲ့ပါသည်။ KNU နှင့် အစိုးရတို့၏ တတိယအကြိမ် ဆွေးနွေးပွဲရက် ကို အချိန် အတိအကျ မသတ်မှတ် ရသေးသော်လည်း လာမည့် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိဖြစ်နိုင် သည်ဟု ခန့်မှန်း ခဲ့ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1974-----knu---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India