August 18, 2012

KIA ၏ ခုခံခြင်းကို ပြင်းထန်စွာ ခံနေရသော အစိုးရ၏ ရွှေပြည်သာ စစ်ဆင်ရေး

K_06_OOQQWWအစိုးရ တပ်ဖွဲ့များသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အား ပြင်းထန်သော တိုက်ပွဲများဖြင့် နေ့စဉ် စစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်ဟု KIO ပြောခွင့်ရသူ ဦးလာနန်းက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။
“ KIO ကို လေးဖက်လေးတန်ကနေ စစ်ရေးအရအကြပ် ကိုင်နိုင်ဖို့ ရွှေပြည်သာ စစ်ဆင်ရေးနဲ့ စစ်ဆင်နေတာ တနှစ် ကျော် နေပါပြီး။ ကနေ့အထိလည်း ပြင်းထန်တဲ့ တိုက်ပွဲနဲ့ ဆင်နေတုန်းဘဲ။ ဒါပေမဲ့ အစိုးရထင်သလိုတော့ ဘယ်ဖြစ် မလဲဗျာ။ ကျနော်တို့ မှာလည်း လက်နက်ရှိတယ် ကျည်ဆံလည်း ရှိတယ်လေ။ ထင်သလို ဘယ်တက်နိုင်မှာလဲ။ အခုတောင် တိုက်ပွဲ တွေက ဒီလဆန်းကနေ အခု (၁၆) ရက်အထိ ပြောရရင် တိုက်ပွဲက (၄၇) ပွဲရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရတပ်တွေ က ရှေ့ကို တိုး လာလို့ကို မနိုင်ပါဘူး” ဟု ဆိုပါသည်။
ထို့အပြင် ကချင်ပြည်နယ် အရှေ့မြောက်ဖက်မှ ချီဖွေမြို့နယ် ပန်းဝါဒေသနှင့် တရုတ်နိုင်ငံ တန်ချွန်းနယ်စပ်ဒေသ နယ်ခြားမှတ် တိုင် 6/7 ဖက်၌လည်း တိုက်ပွဲများပြင်းထန်နေပါသည်။ ထိုနေရာ၌ အစိုးရဖက်မှ အကျအဆုံးများသည်ဟု KIA ဖက်ကပြော သော်လည်း သီးခြား အတည်ပြုချက်မရှိသေးပေ။ KIA သည်ဤဒေသကို ဒုက္ခသည်များအတွက် စစ်မဲ့ဇုံအဖြစ်ထားရှိရန် ၀န် ကြီးဦး အောင်မင်းတို့နှင့် အလွတ်သဘော ဆွေးနွေးစဉ်က အဆိုပြုခဲ့သော နေရာဖြစ်ပါသည်။ စစ်ပွဲကြောင့် ဤနေရာ၌ စစ် ပြေး ဒုက္ခသည်များ မထားရှိနိုင်သေးပေ။
အစိုးရသည် KIO ၏ လှုပ်ရှားမှုကို ထိမ်းချုပ်နိုင်ရန် အင်အား တသောင်းကျော်နှင့် ပိတ်ဆို့ရေး နည်းဗျူဟာကို အသုံးပြုနေ သည် ဟု KIA ကဆိုပါသည်။ သို့သော် အစိုးရ၏ စစ်ဆင်ရေးကြောင့် KIO အပေါ် ပြည်သူများ၏ ထောက်ခံမှု ပိုမိုရရှိခဲ့သည် ဟုဆိုပါသည်။ ဤအခြေအနေကြောင့် KIO ၌ လူအင်အား၊ လက်နက်ခဲယမ်း မီးကျောက်အင်အား၊ စည်းလုံးညီညွတ်ရေးအင် အား၊ နှင့် မဟာမိတ် အင်အား အပြည့်ရှိနေသဖြင့် အစိုးရတပ်များ ရှေ့မတိုးနိုင်ခဲ့ဟု ဆိုပါသည်။
K_22_MMAAEEကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ဓါတ်ပုံ KIA)
“သူတို့ကလည်း ဆက်လက် ပိတ်ဆို့မှာဘဲ။ လုံးဝလှုပ်လို့ မရအောင် ပိတ်ဆို့ထားမယ်။ အခွင့်သာတဲ့အခါ ဝင်တိုက်မယ်။ အဲဒီ ပုံစံပါဘဲ။ သူတို့ရဲ့ နည်ဗျူဟာက အရင်တုန်းကတည်းကဘဲ အပြတ်ချေမှုန်းတဲ့ သဘောပါဘဲ။ ဒီတော့ သူတို့က ပထမအဆင့် အနေနဲ့ အရင်ပိတ်ဆို့နေတာ၊ပြီးတော့ ကျနော်တို့ ဗဟို ပတ်ပတ်လည်မှာ သူတို့တပ်တွေကို ပို့နိုင်သလောက် ပို့ထားမယ်။ နောက်ပိုင်း လုံးဝ လှုပ်မရတော့မှ တဖြည်းဖြည်းချင်နဲ့ သူတို့ စိုးမိုးအောင် လုပ်မယ်ဆိုတဲ့ ပုံစံဖြစ်ပါလိမ့်မယ်” ဟု ဦးလာနန်းက ဆိုပါသည်။
အစိုးရတပ်ဖွဲ့သည် ပထဝီအ နေအထားရ စစ်ကြောင်းကြီးများ ချီပြီး ဒီလိုင်ဇာ ဌာနချုပ်ကို ၀င်သိမ်းရန် အခြေအနေမပေး ဟု KIA ကဆိုပါသည်။ ဤသို့ကြောင့် ပထမအဆင့် အနေဖြင့် အရင်ပိတ်ဆို့ထားမည်။ နေရာယူမှု အတည်တကျ ဖြစ်လာပြီးဆို လျှင် လက်နက်ကြီးများနှင့် အမြဲတမ်း ပစ်ပေးနေမည်။ ဤကဲ့သော နည်းလမ်းဖြင့် ချေမှုန်းစစ် စစ်ဆင်ရေးများဆင်နွဲလာ လိမ့် မည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။ KIA ဖက်မှလည်း ဤနည်းဗျူဟာအတွက် ပြင်ဆင်ထားပါသည်။
အစိုးရသည် စစ်ရေးအရ KIO ကိုထိမ်းချုပ်မှု မရသေးမှီ တွေ့ဆုံဆွေးနွေးရေးကို ခေတ္တရပ်ဆိုင်းထားဖွယ်ရှိပါသည်။ ဤသို့ ကြောင့် ယနေ့ထိ ထပ်မံ ကမ်းလှမ်းမှုများ မရှိတော့ပေ။ အစိုးရ၏လုပ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် အစိုးရသည်မည်သို့သော နည်း ဗျူဟာကို သုံးနေပါစေ၊ KIO အား ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများက စာနာစိတ်ဖြစ်လာပြီး KIO ထံ လာရောက် အားပေး ထောက်ခံမှုများ ဖြစ်လာသည်ဟု ဆိုပါသည်။
အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လမ်းစဉ်သည် ရိုးသားမှုမရှိဟု အပစ် အခတ် ရပ်စဲထားသော တိုင်း ရင်းသားအဖွဲ့များက လည်း ထောက်ပြလာနေကြပါသည်။ အစိုးရကကျင့်သုံးနေသော ပြည်တွင်းစစ်သည် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းနောက်ပိုင်း စတင်လာခဲ့ရာ နှစ်ပေါင်း (၅၀) ခန့် ရှိနေပြီးဖြစ်သည်။
တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြည်တွင်း စစ်နည်းဖြင့် အစိုးရ အဆက်ဆက်က လိမ်လည်ခြင်း၊ တပတ်ရိုက်ခြင်း၊ ချေ မှုန်းခြင်း၊ အပစ်အခတ်ရပ်စဲခြင်း၊ သွေးခွဲခြင်း ဖြင့်နည်း အမျိုးမျိုး ဖန်တီးပြီး ဖြေရှင်းလာခဲ့သည်မှာ ယနေ့ဦးသိန်းစိန်အစိုးရ တိုင်ဖြစ်သည်ဟု တိုင်းရင်းသားအဖွဲ့များကဆိုပါသည်။ ဤ သို့ကြောင့် အစိုးရသည် စစ်မှန်သောငြိမ်းချမ်းရေးကို တည် ဆောက်လိုစိတ် မရှိမချင်း  တိုင်းရင်းသားများသည် သတိကြီးစွာ ထားပြီး လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး အစီစဉ်ကို စောင့် ကြည့်နေကြမည်သာ ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2023-kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India