August 5, 2012

KNU တပ်မဟာ(၄)တွင် တပ်သားများ သွားလာလှုပ်ရှားရန် ခက်ခဲနေ

သြဂုတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကရင်သတင်းဌာန)

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားခဲ့သော်လည်း ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၄)နယ်မြေတွင် တပ်သားများအနေဖြင့် ယခင်အတိုင်း သွားလာလှုပ်ရှားရန် မလွယ်ကူတော့ ကြောင်း သိရသည်။
အမည်မဖော်လိုသူ KNU တပ်မဟာ(၄) မှ တပ်မှူးတစ်ဦးက “ကရခ(ကမ်းရိုးတန်းစစ်ဌာနချုပ်)ကတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေ ကြသလို စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ကျနော်တို့ ကေအဲန်ယူ တပ်တွေကျတော့ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့မပြောနဲ့ တစ်နေရာကနေ အခြားတစ်နေရာကိုရွှေ့ဖို့ကိုတောင် တော်တော် အခက်အခဲ တွေ့နေရပါတယ်”ဟု ပြောသည်။
ထို့အပြင် ကရခ ကွပ်ကဲမှုအောက် တပ်ရင်းနယ်မြေထဲကို ၀င်လာပါက ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ရိက္ခာမတောင်းရ၊ အခွန်မ ကောက်ရ၊ ယူနီဖောင်းမဝတ်လာရ၊ လက်နက်မယူလာရ၊ စည်းရုံးရေးမလုပ်ရ၊ လူသစ်မစုဆောင်းရ၊ သတ်မှတ်ထားသည့်နေရာထက် ပိုမ ၀င်လာရစသည့် တားမြစ်ချက်များနှင့်လည်း ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
အပစ်အခတ်ရပ်စဲရေးမယူခင်က ကေအဲန်ယူတပ်သားများအနေဖြင့် မိမိတို့ဒေသတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သလို ပြည်သူနှင့် လည်း လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်သည်ဟု ဆိုသည်။
ကရခ(ကမ်းရိုးတန်းစစ်ဌာနချုပ်)တပ်ရင်းများမှ ချမှတ်ထားသော တားမြစ်ချက်များနှင့် ပတ်သက်၍ KNU တပ်မဟာ(၄) ဘိတ်-ထားဝယ် ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်းကို မေးမြန်းကြည့်ရာ ထိုတားမြစ်ချက်များ ချမှတ်ထားသည်ကို မသိရှိရကြောင်း ပြောသည်။
ပဒိုကွယ်ထူးဝင်းက “ကျနော်တို့ကတော့ ဘာမှမကြားမိပါဘူး။ ရိက္ခာတောင်းတယ်ဆိုရင်လည်း ပြည်သူတွေပဲ ဒုက္ခရောက်မှာဆိုတော့ ကျနော်တို့မတောင်းပါဘူး။ ယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ပြီး ရွာထဲနဲ့ မြို့တွေမှာသွားလာရင်တော့ ကေအဲန်ယူမှ မဟုတ်ပါဘူး။ စစ်တပ် ကိုလည်း ဒေသခံတွေက မကြိုက်တာပါ။ ကိုယ့်မြေထဲမှာဆိုရင်တော့ လွတ်လွတ်လပ်လပ်ပဲ သွားပါတယ်”ဟု ပြောသည်။
တစ်ဆက်တည်းမှာပင် ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် အစိုးရနယ်မြေ၊ KNU နယ်မြေဟူ၍ တိတိကျကျ သတ်မှတ်ထား ခြင်းမျိုးလည်း မရှိသဖြင့် မိမိတို့အနေဖြင့် လွတ်လပ်စွာ သွားလာ၍ရကြောင်းလည်း ပဒိုကွယ်ထူးဝင်းက ဆက်ပြောသည်။
တနင်္သာရီတိုင်းအတွင်း အစိုးရ လက်အောက်ခံတပ်ရင်းပေါင်း ၄၆တပ်ရင်းရှိပြီး KNU တပ်မဟာ(၄)မှ တပ်ရင်း ၄ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း(KNDO)မှ တပ်ရင်း ၁ရင်းတို့ အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။

http://www.kicnews.org/?p=12719
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India