August 26, 2012

ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး PNLO သဘောတူ လက်မှတ်ထိုး

သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် PNLO သည် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆက်လက် ဆွေးနွေးရန်အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကိုလည်း သဘောတူညီမှု ရရှိခဲ့သည်ဟု PNLO ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောသည်။
ခွန်မြင့်ထွန်းက “ဆွေးနွေးပွဲက နှစ်ဆင့်ပါ။ ပထမတဆင့်ကတော့ ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းပေးတဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့နဲ့ ကျနော်တို့ သဘောတူညီမှုတစ်ခု ရရှိတယ်။ နောက်တခုက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ PNLO ကြားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ အဲဒီ ၂ခုကို ကျနော်တို့ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်”ဟု ဆိုသည်။
ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့သည့်အချက်များမှာ (၁)၂၀၁၂၊ သြဂုတ်လ ၂၅ရက်နေ့မှစ၍ နှစ်ဖက်ပစ်ခတ်မှု ရပ်ဆိုင်းရန် (၂) နှစ်ဖက်သဘောတူညီမှု ရရှိထားသည့် သတ်မှတ်နေရာတွင်သာ နေထိုင်ရန် (၃)သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန် (၄)ဆက်ဆံရေးရုံးကို နှစ်ဘက်သဘောတူထားသည့်နေရာတွင် လက်နက်မပါပဲ ထားရှိရန်နှင့် (၅) ပြည်ထောင်စုအ ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးရန်နှင့် သြဂုတ်လ ၂၅ ရက်နေ့မှစပြီး ၃လ မကျော်သည့်ကာလမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲစတင်နိုင်ရန် စသည့်အချက် ၅ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်းရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် အပါအဝင် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ကြသည်။
ပြည်နယ်အဆင့် လက်မှတ်ရေးထိုးရာတွင် PNLO ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန်၊ ဗိုလ်မှူးခွန်စဲထိုနှင့် ဗိုလ်မှူး ခွန်ကျော်ထင်တို့ ပါဝင်ပြီး အစိုးရဘက်မှ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ဦးဆောင်သည့်အဖွဲ့တို့ ပါဝင်ပြီး အသိသက်သေအဖြစ် ခွန်မြင့်ထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာခွန်အိုးတို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်ဟု သိရသည်။
ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO သည် ရဟန်းသံဃာတော်များ အပါအဝင် ပအို၀်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့များနှင့် ပအို၀်းလက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ်တနေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=13077
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India