August 26, 2012

PNLO နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပအို၀်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ကိုယ်စားလှယ်တို့ ယနေ့ နံနက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး လိုက်သည်။
ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် နံနက် (၉) နာရီ အချိန်ခန့်က စတင်ခဲ့ပြီး ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်နှစ်ခု စလုံးတွင် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သည်ဟု PNLO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း က ပြောသည်။
ဦးအောငျမငျးနှငျ့ PNLO ပထမအကွိမျတှေ့ဆုံစဉျ (ဓါတျပုံ-PYO)

ဦးအောင်မင်းနှင့် PNLO ပထမအကြိမ်တွေ့စဉ် (ဓါတ်ပုုံ-PYO )
ပြည်နယ်အဆင့်တွင် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ယနေ့မှစ၍ ရပ်ဆိုင်းရန်၊ နှစ်ဖက် သဘောတူထားသည့် သတ်မှတ် နေရာများတွင် နေထိုင်ရန်၊ ဆက်ဆံရေးရုံးများအား တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် လက်နက်မ ပါဘဲ ထားရှိရန်၊ သတ်မှတ် နေရာမှ လွဲ၍ အခြားဒေသများသို့ လက်နက်ဖြင့် သွားရောက်ခြင်း မပြုရန်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အဖွဲ့ဖွဲ့စည်းနိုင်ရန်နှင့် ယင်းဆွေးနွေးပွဲများ ကို ယနေ့မှစ၍ (၃) လအတွင်း စတင်နိုင်ရန်စသည့် အချက်(၅)ချက် သဘောတူခဲ့သည်။
ပြည်ထောင်စု အဆင့် အကြိုဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် သဘောတူညီချက်များ အပေါ် အသေးစိတ် ဆွေးနွေးသွားရန် အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ ပအို၀်းသတင်းဌာန တည်ထောင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လူထုထံ အသိပေးရန်၊ လူထုဘဝလုံခြုံရေး၊ စားဝတ် နေရေးနှင့် အခြေခံစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စသည့် အချက် (၈) ချက်ကို သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။
ထို့အပြင် “အကယ်၍ ကျတော်တို့ ထပ်မံဆွေးနွေးလိုတဲ့ ကိစ္စရပ်တွေရှိရင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်ခင်မှာ နှစ်ဖက် ကြိုတင် ညှိနှိုင်း သတ်မှတ်ကျဖို့ ဆိုတာကို ကျနော်တို့ သဘောတူ လက်မှတ်ရေးထိုးပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် (၂) ခုစလုံးတွင် PNLO ဖက်မှ ဦးခွန်မြင့်ထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆာင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ ဒု-ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီး စောဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးထွန်းထွန်းဦး အပြင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အဆင့်အလိုက် လက်မှတ် ရေးထိုးခဲ့သည်။
PNLO ဖက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုအပါအဝင် ထိုင်းမြန်မာ နယ်စပ်နှင့် ရန်ကုန်မြို့တို့တွင်လည်း တွေ့ဆုံခဲ့ရာ ယနေ့ (၅) ကြိမ်မြောက် တွေ့ဆုံပွဲတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ပအိုးအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့အား ရဟန်းသံဃာများ အပါအဝင် ပအို၀်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမား လယ်သမားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ထိုင်းမြန်မာနယ်စပ် တနေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=471&catid=5&Itemid=12
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India