August 25, 2012

PNLO ပြည်နယ်အဆင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးရန် ထွက်ခွာပြီ

သြဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO သည် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုပြုလုပ်ရန် ယနေ့ ထွက်ခွာသွားပြီဟု သိရသည်။

PNLO တွေ့ဆုံဆွေးနွေးမှုကို တောင်ကြီးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် သြဂုတ်လ ၂၅ရက်နေ့တွင် ပြုလုပ်နိုင် ဖွယ်ရှိသည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်အဖြစ် PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ခွန်ထီးဆောင်၊ ဒုတိ ယ ဗိုလ်မှူးကြီးခွန်သူရိန်၊ စစ်ထောက်ချုပ် ဗိုလ်မှူးခွန်စဲထို၊ တပ်ရင်းမှူး ဗိုလ်မှူးခွန်ကျော်ထင် အပါအဝင် အဖွဲ့ဝင် ၁၀ဦး ပါ၀င်သည်ဟု သိရ သည်။
ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ခွန်မြင့်ထွန်းက “ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှုရရှိဖို့ ပြီးရင် ဆက်ဆံရေးရုံးဖွင့်ဖို့၊ တပ်ဖွဲ့ဝင်တွေ လက်နက်မပါဘဲ တစ်ပြည်လုံး လွတ်လပ်စွာ သွားလာခွင့်ရဖို့၊ နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီး တချို့နေရာတွေမှာ သွားလာဖို့၊ အဲဒီအချက်တွေကို အဓိကထား ဆွေးနွေးမှာပါ”ဟု ပြောသည်။
ထို့အပြင် ဆွေးနွေးမှုအပေါ် မျှော်လင့်ချက်နှင့် ပတ်သက်၍ “၀န်ကြီးဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ ကူညီ ဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်များနဲ့ ထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု တစုံတရာတော့ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ စတင်လျှောက်လှမ်းနိုင်ခဲ့တဲ့ ယုံကြည်မှုခြေလှမ်းတွေကနေတဆင့် နှစ်ဖက်ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါ တယ်”ဟု ပြောသည်။

ယခုလို တွေ့ဆုံဆွေနွေမှု မပြုလုပ်မှီ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလွတ်သဘော ၃ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် လေ့လာရေးခရီးအနေဖြင့် သျှမ်းပြည်နယ် တောင်ကြီးနှင့် သထုံ၊ ရန်ကုန်မြို့များသို့ ဆယ်ရက်တိုင် သွားရောက်ခဲ့ပြီး ဦးအောင် ခမ်းထီ အပါအဝင် ပြည်တွင်းမှ ပအိုဝ်းခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

http://www.kicnews.org/?p=13048
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India