September 8, 2012

ဒုတိယ ကာကွယ်ရေး ၀န်ကြီး၏ ရှင်းလင်းချက် အပေါ် လွှတ်တော်မှ စုံစမ်းရန်လို

K_M_334အပစ်အခတ် ရပ်စဲပြီးမှ နို်င်ငံရေး ဆွေးနွေး ကြမည် ဆိုသည့် အစိုးရ၏ ငြိမ်းချမ်းရေး မူဟောင်းသည် လက်တွေ့ မကျသဖြင့် နိုင်ငံရေး ဆွေးနွေးမှုဖြင့်သာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးသင့်ကြောင်း အဆိုပြုခြင်း ဖြစ်သည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) ပြောခွင့် ရသူ ဦးလာနန်းက ဆိုပါသည်။
“ ကျနော့်တို့က နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ အရင်ဆွေးနွေး ခဲ့ရင် အပစ်အခတ် ရပ်စဲရေးဟာ အလွယ်လေးနဲ့ ပြီးသွား လိမ့်မယ်။ အခုဟာက သူတို့က အပစ်အရင်ရပ် ပြီးမှနိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ မူဟောင်းကို ခင်းပြီးတော့ အချိန်ဆွဲ ပေါ်လစီနဲ့ သွားပြီးတော့ အချိန်တခုမှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ် မဟုတ်လား။ ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို လက်တွေ့ ကျအောင် အဆိုပြုနေတာပါ” ဟု ဆိုပါသည်။
အစိုးရသည်၊ ၄င်းတို့၏ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး အရ ဆွေးနွေးရေး (တဖွဲ့ချင်း)နှင့် ပင်လုံကဲ့သို့သော ညီလာခံကျင်းပ ရေးဟူသည့် အစီစဉ်ကိုသာ KIA လက်ခံပါက အပစ်ရပ်ရေး လက်မှတ် ထိုးမည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သောက ယမန်နေ့တွင် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အမတ် တဦး၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။ http://www.mrtv3.net.mm/newpaper/79newsm.pdf စာမျက်နှာ (၂၀)တွင် ဖတ်ရှု နိုင်ပါသည်။
ထို့အပြင် ကချင်ဒေသ၌ စစ်ဆင်ရေး မရှိဘဲ နယ်မြေ ရှင်းလင်းရေးသာ ရှိကြောင်း လွှတ်တော် အမတ်တဦး၏ အမေးကို ပြန် လည်ရှင်းပြခဲ့ပါသည်။ တကယ်စင်စစ် ကချင်ဒေသ၌ အစိုးရသည် တိုင်းတပ်နှစ်ခုနှင့် တပ်မပေါင်း (၅) ခု ထက်မနဲမှ စစ်အင် အား တသောင်းကျော်နှင့် ပြည်သာယာ စစ်ဆင်ရေးကို ဆင်နွှဲနေပါသည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့က ဆိုပါသည်။ 
http://www.phophtaw.org/burmese/index.php/news/local-news/2005--kia-.html
အစိုးရသည်၊ ငြိမ်းချမ်းရေး အပြည့်ဝ လိုလားကြောင်း၊ ဤအတွက် ၂၀၁၁ခုနှစ် ဇွန်လမှ စ၍ KIA နှင့် ပြည်နယ်အဆင့်တွင် (၃) ကြိမ်၊ ပြည်တောင်စုအဆင့် တွင် (၃)ကြိမ်၊ အလွတ်သော (၄) ကြိမ် ဆွေးနွေး ခဲ့ပြီးဖြစ်သည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က လွှတ်တော်သို့ တင်ပြ သွားပါသည်။
KIA_01123243သို့သော် KIA ဖက်ကမူ ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်အဖွဲ့ နှင့် ဆွေးနွေး ရာတွင် နိုင်ငံရေး ဆွေးနွေးမှုများသည် အပစ်အခတ် ရပ်စဲရေးအဆင့်သို့ ရောက်ရှိနေချိန် နီးနီး၌ ဦးအောင်သောင်း အစား ဦး အောင်မင်းတို့အဖွဲ့နှင့် ပြောင်းလဲ ဆွေးနွေး စေခဲ့ပါသည်။ ဤအခြေအနေမှ ဦးအောင်မင်းတို့အဖွဲ့နှင့် အလွတ်သဘော အရနှစ် ကြိမ်တိုင် ဆွေးနွေးပြီးသော်လည်း ယနေ့အထိ မရေမရာနှင့် အဆင်မပြေ မှုများဖြင့်သာ ရင်ဆိုင် ခဲ့ရသည်ဟု ဆိုပါသည်။
“ အတွေ့အကြုံကိုကရှိနေတယ်။ ကြားလူပါတဲ့ စုံစမ်းရေး ကော်မီရှင် ဖွဲ့ကြည့်ပါလား၊ သတ္တိရှိရင် အဖြေမှန် သိရအောင်။ အခု ကြည့် တိုင်းရင်းသား (၁၁) ဖွဲ့ ထဲမှာ (၁၀)နဲ့ အပစ်ရပ်နိုင်ခဲ့တယ်တဲ့၊ KIA ကသာ ငြိမ်းချမ်းရေးကို မလိုချင်သယောင် ၀ါဒဖြန့် နေတယ် မဟုတ်ပါလား။ အကြောင်းမသိ ရင်ခက်မယ်၊ အဲဒီ(၁၀) ဖွဲ့ထဲမှာ ဘယ်အဖွဲ့တွေနဲ့ ပြေလည်နေပြီးလဲ၊ အပစ်အခတ် ရပ်စဲရေး တပိုင်းတစနဲ့ တခြား အဖွဲ့တွေကို အချိန် ဆွဲထားတယ်မလား၊ တကယ်တော့ ဘယ်အဖွဲ့နဲ့မှ ပြေလည်တယ် ရယ်လို့ မတွေ့ရသေးဘူး။ အမြတ်ကတော့ အစိုးရ ဖက်က ထုတ်နေပြီးလေ ” ဟုKIA တပ်မှူး တဦးက ဆိုပါသည်။
KIA_wespon_11စစ်ပစ္စည်း အတော်များများသည် KIA မှ ထုတ်လုပ်နေသည်ဟုဆို
သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်း များအား၊ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ မပြုလုပ်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ သမ္မတ၏ ညွှန်ကြား ချက်အပေါ် တပ်မတော်က တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီးက လွှတ်တော် ၌ ဆိုခဲ့ပါသည်။
KIA ကမူ အစိုးရ တပ်ဖွဲ့များ စစ်ဆင်ရေး မရှိပါက တိုက်ပွဲများ ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ ဒုက္ခသည်များလည်း (၆) သောင်းမှ တသိန်းနီးပါး ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ တရုတ် အစိုးရလည်း ကချင် စစ်ပြေး ဒုက္ခသည်များကို မောင်း ထုတ်စရာလည်း ရှိမည် မဟုတ်ပေ။ ကချင်ပြည်နယ် ဖါးကန့် ဒေသ၌လည်း အချိန်တိုအတွင်း စစ်ပြေးများ သောင်း နှင့်ချီပြီး ဖြစ်လာစရာလည်း မရှိပေ။ ဤအခြေအနေများသည် ဒုတိယ ကာကွယ်ရေး ၀န်ကြီး တဦး၏ လွှတ်တော် တင်ပြချက်နှင့် နှိုင်း ယှဉ်ကြည့် စေလိုပါသည်။  ဟုတ် မဟုတ် သက်သေပြနိုင်ရန် လိုသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် လွှတ်တော်မှ အခြေအနေမှန် သိရှိနိုင်ရန် ကချင်အရေးကို လွှတ်တော် စုံစမ်းရေး ကော်မီရှင် ဖွဲ့ပြီးလေ့လာသင့် ပါသည်။ သို့မဟုတ်ပါက လွှတ်တော်ထဲက တပ်မတော်၏ ရှင်းပြချက်နှင့်သာ ရပ်နေပေလိမ့်မည်ဖြစ်သည်။  ကချင်ပြည်လွတ် လပ်ရေး အဖွဲ့သည်လည်း အစိုးရတပ်ဖွဲ့၏ သဘောထားကို သိရှိနေပြီး ဖြစ်သည့် အတွက် အဆိုပြုချက်ကို လက်တွေ့ ကျကျ ဖြစ်စေရန် နိုင်ငံရေး ဆွေးနွေးမှုဖြစ်သာ အပစ်အခတ် ရပ်စဲရေး နည်းကို တင်ပြနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။

Friday, 07 September 2012

http://www.phophtaw.org/burmese/index.php/news/local-news/2092-2012-09-07-10-38-27.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India