September 5, 2012

ရှမ်းနီပါတီ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လို


မန္တလေးတွင်အသစ်ဖွင့်လှစ်သော ရှမ်းနီပါတီ။

အသစ်တည်ထောင်ဖွဲ့စည်းလိုက်တဲ့ ရှမ်းနီအမျိုးသားပါတီက ဒီကနေ့ မန္တလေးမြို့မှာ သူတို့ရဲ့ဌာန ချုပ်ရုံး စတင်ဖွင့်လှစ်လိုက်ပြီး ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆွေးနွေးရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေသာမက ပြည်သူတွေပါ ပါ၀င်ခွင့်ပြု ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီလိုတောင်းဆိုတာဟာ ပြည်သူလူထုပါ၀င်မှ ထာဝရတည်တ့ံတဲ့ ငြိမ်းချမ်းရေး ရရှိမှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းနီခေါ် တိုင်းလိုင်အမျိုးသားတွေ ဟာ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများစု နေထိုင်ကြ သူတွေဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာနေထိုင်တဲ့ ရှမ်းနီ အမျိုးသားတွေက ဒီနှစ် မတ်လအတွင်းက တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီခေါ် Taileng Nationalities Development Party , TNDP ပါတီအမည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ခဲ့တာပါ။
ဒီနှစ်မေလ အတွင်းမှာ ပါတီ တည်ထောင်ခွင့် ရရှိပြီး ဒီကနေ့မနက်မှာပဲ မန္တလေးမြို့့ မဟာအောင်မြေမြို့နယ် ၆၆ လမ်းနဲ့ ၃၉ လမ်းထောင့်မှာ ပါတီဌာနချုပ်ရုံးကို ဆိုင်းဘုတ် တင်ဖွင့်လှစ်ခဲ့ပါတယ်။

ဒီပါတီဌာနချုပ်ရုံးဖွင့်လှစ်တဲ့ အခမ်းအနားမှာပဲ ကချင်ပြည်နယ်အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ အစိုးရ ဆွေးနွေးရာမှာ ပြည်သူတွေကိုပါ ပါ၀င်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“အဓိက ငြိမ်းချမ်းရေးပေါ့ဗျာ။ ကျနော်တို့ လူမျိုးနေထိုင်ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ အဓိက စစ်မက်တွေဖြစ်ပွားနေကြတာလေ။ စစ်မက် ဖြစ်ပွားနေရာမှာ ကချင်နဲ့ အစိုးရတိုက်နေတဲ့ကြားမှာ ကျနော်တို့က မြေဇာမြက် ဖြစ်နေရတယ်လေ။ ကျနော်တို့ လူမျိုးတွေက။ အဲဒါကြောင့် ငြိမ်းချမ်းရေးရရှိရေးပေါ့။ တောင်းဆိုတာက အစိုးရနဲ့ KIAနဲ့ အခု ဆွေးနွေးနေကြ တာလေ။ ဆွေးနွေးတဲ့ ကိစ္စတွေက ပြည်သူလူထုမပါဘဲနဲ့ ဆွေးနွေးရင် ထာဝရ ငြိမ်းချမ်းရေး မရှိနိုင်ဘူးဆိုတဲ့ အကြောင်းကို ထုတ်ထား ပြောထားတာပါ။ ပြည်သူလူထုကော သုံးပွင့်ဆိုင် ဆွေးနွေးပေါ့လေ။”

ဒါကတော့ တိုင်းလိုင်ခေါ် ရှမ်းနီပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ပြောပြတာပါ။

ပါတီရုံးဖွင့်ပွဲမှာ အချက်လေးချက်ပါ၀င်တဲ့ ကြေညာချက် ထုတ်ပြန်ပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ တိုင်းလိုင်ခေါ် ရှမ်းနီလူမျိုးတွေ ပျောက်ကွယ်လု ဖြစ်နေတာကို ပြန်လည် ထိန်းသိမ်းဖို့ ဆိုတဲ့အချက်လည်း ပါ၀င်တယ်လို့ ဦးစိုင်းဌေးအောင်က ဆက်ပြောပါတယ်။

“နောက်တခုက ကျနော်တို့ တိုင်းလိုင်လူမျိုးများအားလုံးပေါ့။ ကျနော်တို့က လူရှိတယ်၊ စာရင်းပျောက်နေတယ်။ လဝက စာရင်းမှာ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ ဗမာဖြစ် နေတယ်။ အဲဒါတွေကို ကျနော်တို့ တိုင်းလိုင် (ရှမ်းနီ)လူမျိုးနာမည်နဲ့ ပြန်ထွက်လာ နိုင်အောင်ပေါ့လေ။ ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းပေါ့။  ကျနော်တို့ လူမျိုးက လဝက-ကနေပြီးတော့ လူဝင်မှုကြိးကြပ်ရေးကနေပြီးတော့ ၅၈ မှာ မှတ်ပုံတင် လုပ်တဲ့အခါ ရှမ်း-ဗမာထည့်တယ်။ အဲဒါတဆင့်ပြီးတော့ ၈၇ မှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြားလုပ်တော့ ရှမ်းဗမာလူမျိုး ဆိုတာ မရှိဘူးပေါ့။ ဗမာဆို ဗမာထည့်တယ်။ ကျနော်တို့ လူမျိုးတွေက ကိုယ့်ဘာသာစကားကို မတတ်တဲ့အခါကျတော့ အားလုံးဗမာဖြစ်သွားကြတာလေ။”

ဒီကနေ့ ထုတ်ပြန်တဲ့ တိုင်းလိုင်ခေါ် ရှမ်းနီပါတီရဲ့ ကြေညာချက်မှာတော့ ပြည်ထောင်စု အတွင်း တိုင်းရင်းသားအားလုံးချစ်ကြည်ရင်းနှီးစွာနေထိုင်ကြဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ပင်လုံလို တိုင်းရင်းသားပေါင်းစုံပါ၀င်တဲ့ ညီလာခံတခု ဖြစ်မြောက်ရေးဆိုတဲ့ အချက်တွေလည်းပါ၀င်ပါတယ်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဌာနချုပ်ရုံးကို မန္တလေးမှာ ဖွင့်လှစ်ပြီးတဲ့နောက်မှာ မိုးညှင်း၊ မိုးကောင်းနဲ့ ဗန်းမော်မြို့တွေမှာ ပါတီရုံးတွေ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသားတွေဟာ ကချင်ပြည်နယ်အတွင်းမှာ ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နဲ့ တနိုင်း။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာဆိုရင် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ၀န်းသို၊ ခန္တီး၊  ဟုမ္မလင်း၊ တမူး၊ မော်လိုက်၊ဖောင်းပြင်၊ မင်းကင်း၊ ကလေး၊သောင်သွပ်။ ရှမ်းပြည်နယ်မှာတော့ မိုးမိတ်နဲ့ မဘိန်း စတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပြီး စုစုပေါင်းလူဦးရေ နှစ်သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တိုင်းလိုင်ခေါ် ရှမ်းနီ မျိုးနွယ်စုမှာ တိုင်းခန္တီး၊ တိုင်းနေ၊ တိုင်ကဒူး၊ တိုင်းကနန်း၊ တိုင်းဖွန်း၊ တိုင်းဆာခေါ် မိုင်းသာ စတဲ့မျိုးနွယ်တွေ ပါ၀င်တာဖြစ်ပါတယ်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖွဲ့စည်းတည်ထောင်တဲ့ ရည်ရွယ်ချက်တွေ ထဲမှာတော့  သူတို့လူမျိုး မပျောက်ကွယ်ရေးနဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုစတာတွေ ပြန် လည်ဖော်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း အချက် တချက်အဖြစ် ပါ၀င်တာ ဖြစ်ပါတယ်။ 
 
အသံ
 
http://burmese.voanews.com/content/new-shan-ni-party-open-its-office-at-mandalay/1502210.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India