September 17, 2012

ငြိမ်းချမ်းရေးအတွက် ၈၈ နှင့် ဖားကန့်ပြည်သူများ လက်မှတ်ထိုးတောင်းဆို

ချင်းမိုင်(မဇ္စျိမ) ။       ။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဖားကန့်မြို့မှ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာ
ကျောင်းထိုင် ဆရာတော်ကြီးများက ဖားကန့် မြို့မ ဘုန်းကြီးကျောင်းတွင် စုပေါင်း၍ လက်မှတ်ရေးထိုး၍ တောင်းဆို လိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။

ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များသည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့်
ဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံ၍ ယခုကဲ့သို့ စုပေါင်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ဖားကန့်ဒေသမှာ လက်ရှိ ဖြစ်နေတဲ့ နှစ်ဖက် တပ်ကြားမှာ ကြောက်နေတဲ့ ပြည်သူတွေ စိုးရိမ်နေကြတယ်။ စစ်ပွဲနဲ့
ဖြေရှင်းမယ့်အစား တွေ့ဆုံဆွေးနွေးနိုင်ဖို့ကို ဖြေရှင်းကြဖို့ ပြည်သူတွေကနေ လိုလားတောင်းဆိုနေပါတယ်။ ပြီးတော့ ကချင်တခုလုံး ငြိမ်းချမ်းဖို့၊ ဖားကန့်ဒေသ ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး တခုလုံး ငြိမ်းချမ်းဖို့ အတွက်ကို အားလုံးက ဆန္ဒပြုကြတယ်” ဟု ကိုဌေးကြွယ် က ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး အဆိုပြုလွှာကို သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့ပေါ် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၄၁ နေရာရှိပြီး ဒုက္ခသည်လူပေါင်း ၈,၇ဝဝ ကျော်ရှိရာ ၎င်းတို့အား အားပေး နှစ့်သိမ့်စကားပြောဆိုခဲ့ပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များအတွက် အကူအညီများ လိုအပ်နေသည် ဟု ကိုဌေးကြွယ်က ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်စဲ၍ လမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံး ပြန်ဖွင့်ဖို့လိုကြောင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းထားသဖြင့် အချိန်ကြာမြင့်လာပါက အစားအသောက်များ အကြပ်အတည်း ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။

မေလ ၃၁ ရက်နေ့မှစတင်၍ အစိုးရက စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းစေလိုက်သဖြင့် ကျောက်ကုန်သည် လုပ်ငန်းရှင် များ အားလုံး ရပ်ဆိုင်းခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမှာ ယခုဆိုလျှင် သုံးလကျော် ကြာမြင့်သွားပြီ ဖြစ်သည်။

၈၈ ကျောင်းသားများက မြစ်ကြီးနားမြို့ပေါ်ရှိ ဒုက္ခသည်များအတွက် ကျပ် ၁၇၅ သိန်း လှူဒါန်းခဲ့ပြီး ပူတာအိုမြို့နယ် တွင် ဆန် ပြတ်လတ်မှုများ ရှိနေသဖြင့် ကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကာ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက်မူ ကျပ် သိန်း ၅ဝ ကျော် လှူဒါန်းခဲ့သော်လည်း လိုအပ်ချက် အများအပြား ရှိနေသေးကြောင်း ကိုဌေးကြွယ်က ပြောသည်။

“လိုအပ်ချက်နဲ့ ကျနော်တို့ လှူဒါန်းငွေက အရမ်းကို ကွာဟလွန်းပါတယ်။ လိုအပ်ချက်က အများကြီး ရှိနေတယ်။ နေရာ ထိုင်ခင်းက ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းစားဆောင်တွေကစ မကျန်တော့ဘူး။ ဘုရားကျောင်းတွေမှာ ဆိုရင်လည်း ဘုရားဝတ်ပြုတဲ့ ခန်းမတွေကစ မကျန်တော့ဘူး။ အားလုံးဖြစ်အောင် စီစဉ်နေရတဲ့ သဘော ရှိတာပေါ့။ ရေလျှံနေ
တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

၈၈ ကျောင်းသား ခေါင်းဆောင်များသည် ဖားကန့်မြို့ နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ အေးမြသာယာ ရပ်ကွက် မှ ရဝမ်ကုန်း ဧဝံဂေလိ ဘုရားကျောင်း၊ မှော်မုန် ကျေးရွာမှ နှစ်ခြင်းဘုရားကျောင်းနှင့် ဇေယျဝတီ ကျောင်းတိုက်နှင့် သန်းကြွယ် မစိုးရိမ် ကျောင်းများ အပါအဝင် ငါးနေရာမှ စစ်ပြေး ဒုက္ခသည်များအား တနင်္လာနေ့တွင် သွားရောက်
တွေ့ဆုံ၍ အားပေး စကားပြောဆိုခဲ့ကြသည်။

တနင်္ဂနွေနေ့ကလည်း ဖားကန့်လှောန်ခန်၊ မှော်စီဆာ၊ နမ်းမဖြစ်ရပ်ကွက်ရှိ ကက်သလစ် ဘုရားကျောင်းနှင့် ငှက်ပျော်
တော ရပ်ကွက်ရှိ စိတ်ပတ်ထရစ် ဘုရားကျောင်းများရှိ စစ်ပြေးဒုက္ခသည်များအား အားပေးစကား ပြောကြားခဲ့ကြောင်း ကက်သလစ် အသင်းတော်မှ ဆရာနော်ဂျာက ပြောသည်။

“စစ်ပြေး ဒုက္ခသည်တွေကို အားမငယ်ဖို့ အားလုံး စည်းလုံးညီညွတ်ကြဖို့ရယ်။ နောက်ပြီး ကျောင်းသူတယောက် ပစ်သတ်ခံရတဲ့ ကိစ္စတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖို့နဲ့ အကြောက်တရား ကင်းဖို့ကို ဟောပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က အစိုးရတပ်ဘက်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် ၏ မိဘနှစ်ပါးနှင့်လည်း တွေ့ဆုံ၍ အားပေးစကား ပြောဆိုခဲ့
ကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး သွားလာခဲ့ရာ ခရီးစဉ်တခုလုံးထဲတွင် ဖားကန့်လမ်းသည် အခြေအနေ အဆိုးရွားဆုံး ဖြစ်ကြောင်း ၈၈ ကျောင်းသားများက မှတ်ချက်ပြုကြသည်။

ဖားကန့်မြို့ပေါ်တွင် လူမျိုးချင်း သွေးခွဲနေမှုများအား လက်မခံကြောင်း ၈၈ တို့က ဟောပြောခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးဒရှီလဆိုင်းက ပြောသည်။

“ကျနော်တို့ လူမျိုးအချင်းချင်းကို သွေးကွဲတာတွေ လုပ်ဆောင်နေတဲ့ လူတွေကို လက်မခံဘူး။ ဒါမျိုးတွေ မလုပ်ကြဖို့
ပြောတယ်။ နောက် ကိုယ့်စီးပွားရေး လုပ်ချင်တယ်ဆိုရင် ကိုယ့်ဖာသာကို စီးပွားရေးလုပ်ပါ။ ဒီမှာရှိတဲ့ တရုတ်တွေက ကျနော်တို့ ကချင်နဲ့ ဗမာတွေကို သွေးခွဲအောင် လုပ်ဆောင်နေတာတွေ ရှိတယ်ဆိုတာ သူတို့ သိထားတယ်လို့ ထင်တာပဲ” ဟု မဇ္စျိမကို ပြောသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်းရှိ KIO တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ နှစ်ဘက် သတိဖြင့် စောင့်ကြည့်နေကြသည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10126-2012-09-17-10-42-59.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India