- 03 September 2012

ရှမ်းပြည်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း) အနီး မုန်ဂုံးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရပ်သားတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)နှင့် မြန်မာအစိုးရတပ် ခလရ (၆၉)တပ် များကြား သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အစိုးရတပ်ဖက်မှ ၄ ဦးကျဆုံးသွားခဲ့ကြောင်း MHH အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“နောက်နေ့ပြန်သွားကြည့်တော့ ကျဉ်း ၁ ကျဉ်းမှာ အလောင်း ၂ လောင်း ပေါင်းမြုပ်ထားတယ်။ ၁ ကျဉ်းမှာတော့ ၁ လောင်းမြုပ်ထားတယ်။ မနက်ပိုင်း ပန်ဆိုင်းဆေးရုံကို ၂ ယောက် ရောက်လာတာလည်း ၁ ယောက်က ဒဏ်ရာပြင်းတော့ ညနေ ၄ နာရီလောက်မှာ သေသွားတယ်” ဟု ပြောသည်။
အဆိုပါမြန်မာအစိုးရတပ်ဖွဲ့သည် ယီခူးကျေးရွာ (Yi Hku mare) မှ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့စဉ် ဦးဂလောင်ဘောမ်ယော် (Salang Galau Bawm Yaw) ကို ညှင်းပန်းနှိပ်စက်မှုပြုလုပ်ကာ သတ်ဖြတ်ခဲ့သော တပ်ဖွဲ့လည်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သိရသည်။
တိမ်းရှောင်သွားသော မြန်မာအစိုးရတပ်မှ လက်နက်များသိမ်းဆည်းရမိခဲ့ရာ MA သေနတ်ကျည်ဆံများ ၁၀၀ ကျော်၊ လက်ထောက်ကျည် ၅ လုံး၊ လောင်ချာ ပဇူကာ (Bazooka) ကျည် ၁ လုံး၊ လက်ပစ်ဗုံး ၄ လုံးနှင့် ငွေ ၆၅၀၀၀ ကျပ် ရရှိလိုက်ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ရာတွင် အစိုးရဘက်မှ တပ်သားတချို့ မုန်ဘော် (Mungbaw) ဘက်သို့ ထွက်ပြေးသွား ကြောင်း သိရသည်။ အချို့သည် မုန်ဂုံး (Munggu) နှင့် ပန်ဆိုင်း (Pangsai) တရုတ်ကျေးရွာများသို့ ရောက်ရှိ နေကြောင်းလည်း ဆက်လက်သိရှိရသည်။
၄င်းအစိုးရတပ်ဖွဲ့သည် ယခုအချိန်တွင် အသက်ကြီးသောပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး တရုတ်ကျေးရွာများသို့ ဆောင်ခေါ်သွားနေကြောင်း ဆက်လက်သိရှိရသည်။
http://kachinnews.com/burmese/news/931-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%81%BE%E1%80%80%E1%80%B4%E1%80%80%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BD-%E1%81%84-%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%BA.html