
Tuesday, September 04, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-09-04
ဒီကနေ့ ဖားအံမြို့မှာ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။
RFA
မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးရန် ဖားအံမြို့သို့ မထွက်ခွာမီ KNU ကိုယ်စားလှယ်အဖွဲ့ကို မဲဆောက်မြို့တွင် တွေ့ရစဉ်။
နှစ်ဖက်သဘောတူညီချက် ရရှိတဲ့အချက်များဟာ မနေ့က ဆွေးနွေးခဲ့တဲ့ ယာယီ အပစ်အခတ် ရပ်စဲရေးမှာ နှစ်ဖက်လိုက်နာရမဲ့ စည်းကမ်းများ ဖြစ်ပါတယ်။
ဒါပေမဲ့ KNU အဖွဲ့က တောင်းဆိုထားတဲ့ ၁၉၉၇ ခုနှစ်က အခြေအနေအတိုင်း တပ်များပြန်လည် နေရာချထားရေးကို အစိုးရဘက်က လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ ငြိမ်းချမ်းရေး အကျိ်ုးဆောင်တစ်ဦးက အခုလိုပြောပါတယ်။
"၁၉၉၇ ခုနှစ်က ရှိနေတဲ့ တပ်တည် အနေအထားပဲပေါ့။ စစ်တပ်ဘက်ကတော့ တိုင်းမှူးက သူရဲ့နယ်မြေ လုံခြုံရေးအရပဲ အဲတာအကြောင်းပြတယ်လေ။ တပ်ပြန်ဆုတ်ပေးဖို့ မရှိဘူး။ မရှိဘူးဆိုတော့ အဲဒီမှာ အခက်အခဲလေးတွေတော့ ဖြစ်သွားတာပေါ့။ ဆွေးနွေး၊ ဆွေးနွေးရင်းနဲ့။ KNU ဘက်ကလည်း သူတို့ရဲ့ နယ်မြေတွေအားလုံးမှာ အားလုံး ၁၀၀ ကျော်တယ်လေ။ သူတို့တောင်းဆိုထားတာ။ အဲတာကို ဆုတ်ခိုင်းတာပေါ့။ ဆုတ်ခိုင်းတော့ သူတို့က နယ်လုံခြံုရေးအရ ဆိုပြီး ပြန်ပြောတာပေါ့။ နောက်ထပ်တခါ ပြန်ဆွေးနွေးကြမယ်နဲ့ တူပါတယ်"
ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးဟာ အစိုးရနဲ့ KNU အဖွဲတို့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲဖြစ်ပြီး ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ အစည်းအဝေးဟာ မနက် ၈ နာရီက စတင်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။
လက်ရှိ ဘားအံမြို့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲမှာ အဓိကကျတဲ့ အပစ်အခတ် ရပ်စဲရေးကို ရေရှည်တည်တံ့နိုင်ဖို့ နှစ်ဖက်တပ်များ လိုက်နာရမယ့် ကျင့်စဉ်တွေဟာ အရေးကြီးတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ပါ၀င်သူ ၀န်ကြီး ဦးခင်ရီကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
http://www.rfa.org/burmese/news/government-knu-peace-talk-09042012110349.html
Posted in: KNU,ကရင်,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook