September 6, 2012

အစိုးရတပ်တည်နေရာ သုံးပုံတပုံနီးပါး ရွှေ့ပေးရန် KNU တောင်းဆို

စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်။

စံခလပူရီ (မဇ္စျိမ) ။        ။ကရင် အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်များ နေရာယူ တပ်စွဲထားသည့် တပ်တည် နေရာ သုံးရာနီးပါးရှိသည့်အနက် ကိုးဆယ်ခန့်ကို ရွှေ့ပြောင်း တပ်စိုက်
ပေးရန် တောင်းဆိုထားကြောင်း ကရင် အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောသည်။

“တပ်မဟာ (၁) ကနေ (၇) အထိ အစိုးရ တပ်တွေ နေရာ (၃၀၀) နီးနီးလောက် တပ်စွဲ ထားတဲ့ အပေါ် နေရာ (၉၀) လောက် ရွှေ့ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်၊ သူတို့သဘောတူချင်ရင်လည်း တူမှာ ပေါ့လေ၊ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး၊ သူတို့လည်း အထက်ကို တင်ပြရမယ်လေ” ကရင်မျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္စျိမကို ပြောသည်။

ယခု ရွှေ့ပေးရန် တောင်းဆိုထားသည့် အစိုးရတပ်များမှာ တောင်ငူ၊ ညောင်လေးပင်၊ ကော့ကရိတ်၊ ဘားအံ၊ ဘိတ်ထားဝယ် ခရိုင်များတွင် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေတွင်း၌ တည်ရှိသည့် အစိုးရတပ်
တည်စခန်းများ ဖြစ်သည်ဟု သိရှိရသည်။

“အဲဒီလို ရွှေ့ပေးဖို ့တောင်းဆိုထားတဲ့ တပ်တွေက ရွာတွေနားမှာ ရှိတယ်၊ သို့မဟုတ် ပြည်သူတွေ သွားလာတဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိတယ်၊ ရွာတွေနဲ့ နီးတဲ့အခါ လယ်တွေ ယာတွေသိမ်း၊ လူ့အခွင့်အရေးတွေ ချိုးဖောက် အဲဒါတွေကြောင့်ပါ” ဟု ဒေးဗစ် သာကပေါက မဇ္စျိမကို ပြောသည်။

ထို့ပြင် အဆိုပါ အစိုးရ တပ်စခန်းများ အနီး၌ ထောင်ထားသည့် မိုင်းများလည်း ရှင်းလင်းပေးရန်လည်း တောင်းဆို ထားသည်ဟု သိရသည်။

အဆိုပါ တပ်များမှာ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးသို့ တိုက်ခိုက်နေကြသည့် ကာလအတွင်း ပြောက်ကျား နည်းဖြင့် တိုက်ခိုက်နိုင်ရန် မိမိတို့ထိန်းချုပ် နယ်မြေသို့ အဝင်ခံခဲ့ပြီး ထိုမှ တဆင့် အစိုးရ တပ်များက တပ်စခန်းများ
ဆောက်လုပ်ကာ နေရာယူ တပ်စွဲထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ ကရင်အမျိုးသား အစည်းအရုံးနှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ သမ္မတရုံး ဝန်ကြီးသစ်များ ဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သစ်တော ဝန်ကြီး တင်အောင်၊ အရှေ့တောင်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန် အတွက် နှစ်ဘက်တပ်များ၏ တပ်နေရာ ချထားရေးမှာ အဓိက ကျသည့် အကြောင်းရင်း တစ်ရပ် ဖြစ်သည် ဟုလည်း ဒေးဗစ် သာကပေါက ပြောပါသည်။

“တပ်ရွှေ့ဖို့ကို သူတို့သဘောတူရင် နေ့ချင်းညချင်း ပြီးတာပဲ၊ ဟိုတပ်ရွှေ့ ဒီတပ်ရွှေ့ ဘယ်လောက်ကြာမှာလဲ၊ တစ်ပတ် နှစ်ပတ်ပေါ့။ မလုပ်ချင်ရင်တော့ ကြာနေမှာပေါ့၊ အဲဒီလို ဖြစ်လာရင် ထပ်ဆွေးနွေးရမှာပေါ့၊ ဘာလို့မလုပ် ချင်တာလဲလို့” ဟု ဒေးဗစ် သာကပေါက ပြောသည်။

ယခု စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင်မူ နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် များအပေါ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်ဟု သိရပါသည်။

KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင်ဟိုတယ်
ဆွေးနွေးပွဲ ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်နယ် အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်
 
http://www.mizzimaburmese.com/news/inside-burma/10041----knu-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India