October 9, 2012

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၂)

ကေအင်ယူ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ စောဒေးဗစ်ထော နှင့် ဗိုလ်မှုး ရောဂျာ တို့အား 
တာဝန်များမှ ထုတ်ပယ်လိုက်ခြင်းမှာ ကေအင်ယူအတွင်းဖြစ်ပွားနေသည့် ပြသနာဟု သာမန်အားဖြင့် နားလည်နိုင်ပါမည်။ သို့ရာတွင်
 ကေအင်ယူ ကိုယ်တိုင်က တပြည်လုံးသိ၊ တကမ္ဘာလုံးသိအောင် ထုတ်ပြန် ဆောင်ရွက် နေပြီဖြစ်သဖြင့် ဤကိစ္စမှာ အဖွဲ့အစည်းတခု
အတွင်း လျှို့ ၀ှက်ချက် မဟုတ်တော့ပါ။

၄င်းတို့အား အရေးယူလိုက်သည့် အဓိက အကြောင်းခံမှာ ဦးသိန်းစိန်ခေါင်းဆောင် သည့် လက်ရှိစစ်အစိုးရ က ဖေါ် ဆောင်လျှက်ရှိသော
 အပစ်အခတ်ရပ်စဲရေး နှင့် လုံးဝ ဆက်စပ်လျှက်ရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလား မြတ်နိုးသော လူထုတရပ်လုံး
အနေဖြင့်လည်း လေ့လာခွင့် ပါ၀င်ဆွေးနွေးခွင့် သဘောထား အမြင်ထုတ်ဖေါ်ခွင့် ရှိသည် ဟု ယူဆပါသည်။ ကေအင်ယူ အလုပ်အမှုဆောင်
အဖွဲ့အနေဖြင့်လည်း ကေအင်ယူ ပါတီဝင်အားလုံးနှင့် တပ်မှုး၊ တပ် သား အောက်ခြေထုများသာမက ကရင်လူထုများကိုပါ ချပြ၊ သဘောထား
အမြင်များကို စုဆောင်းလေ့လာကာ ဆက် လက်ဆောင်ရွက်မည် ဆိုလျှင် စနစ်ဟောင်းကို ဆန့်ကျင်၍ စနစ်သစ်ကို တည်ဆောက်မည့်
 တော်လှန်ရေး အဖွဲ့ အစည်း တခုအဖြစ် ပို၍ ခိုင်မာသွားနိုင်ပါမည်။

စာရေးသူအနေဖြင့် ဤကိစ္စတွင် အလယ်တည့်တည့်ရပ်၍ သုံးသပ်တင်ပြသွားမည် ဖြစ်ကြောင်း အထူးသဖြင့် ကရင် လူထုကို 
အသိပေးလိုပါသည်။ အဘယ်ကြောင့် တည့်တည့်ရပ်သည်ဟု သုံးနုံးပါသနည်း။ ဤသည်ကို ရှင်းပါမည်။

ဦးဆောင် အရေးယူလိုက် သည့် ကေအင်ယူ အလုပ်အမှုဆောင် အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ငါးဦးအနက် လေးဦး နှင့်
 လည်းကောင်း၊ အရေး ယူခံလိုက်ရသည့် ခေါင်းဆောင် သုံးဦး နှင့် လည်းကောင်း စာရေးသူသည် ပုဂ္ဂိုလ်အရ ရင်းနှီး ပါသည်။
 လုပ်ငန်းအရလည်း ဆက်စပ်လုပ်ကိုင်ခဲ့ဘူးများ ဖြစ်ကြသည်။

ကေအင်ယူ လက်ရှိ ဥက္ကဌကြီး စောတာမလာဘော မှာ ကေအင်ယူပါ၀င်ဖွဲ့စည်းထားသည့် နိုင်ငံရေးတပ်ပေါင်းစု ဖြစ် သော
 ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ဥက္ကဌတာဝန်ကို ထမ်းဆောင် သောအခါ စာရေးသူအား
 (အခြား အဖွဲ့အစည်းခေါင်းဆောင်များ ၏ သဘောတူညီမှုများပါရယူ၍) အကြံပေးအဖြစ် ၄င်းကိုယ်တိုင် စာနှင့်
 လက် မှတ်ရေးထိုးအသိအမှတ်ပြုကာ မိမိအကူအညီ ကို ရယူခဲ့ဘူးပါသည်။ ပထမ တွင် ဥပဒေအကြံပေး ဖြစ်သော်လည်း
 နောက်ပိုင်း  နိုင်ငံရေး ကိစ္စများပါပါ၀င်စေ လျှက် အကြံပေးနိုင်စေရန်ဟု ဆိုကာ ရှေ့က ဥပဒေ ဆိုသောစကားလုံးကို
 ဖြုတ်ခဲ့ပါ သည်။ ကေအင်ယူ ဥက္ကဌကြီး သည် ယနေ့တိုင် မိမိအပေါ် တစုံတရာ ယုံကြည်မှု ရှိနေဆဲဟု မြှော်လင့်ပါ သည်။

အရေးယူခံလိုက်ရသည့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖေါမှာ ၄င်းတည်းခိုနေထိုင်သည့် အိမ်တွင် အကြောင်းတခုခုဖြင့် အဖွဲ့ အစည်း
ခေါင်းဆောင်များအား ဖိတ်ကြားည့်ခံလေ့ရှိသော အခါများတွင် မိမိကိုပါ ဖိတ်လေ့ရှိသည်။ လူခြင်းတွေ့ သည့် အခါများ မိမိ၏
 ရေဒီယိုုအင်တာဗျူးများကို နှစ်ခြိုက်သဘောကျကြောင်းနှင့်ေြပာကာ အသိအမှတ်ပြုလေ့ ရှိသူဖြစ် သည်။ ဥပဒေပညာကိုလည်း 
တန်ဘိုးထားသူလည်း ဖြစ်သည်။ ၄င်းအပေါ်အရေးယူလိုက်သည့် ကိစ္စ နှင့် စပ်လျှဉ်း၍ အများအတွက် အလုပ်လုပ်ခြင်းသာ ဖြစ်သဖြင့် 
တာဝန်ပေးအပ်လျှင်လည်းလုပ်၊ မပေးလျှင်လည်း မလုပ်ရုံ သာ ရှိ ကြောင်း ပြောသည်ဟု တဆင့်စကားကြားသိရသည်။
 ထို့အပြင် ၄င်း နှင့် တွေ့ဆုံခဲ့သည့် ခရိုင်ဥက္ကဌ တဦးက ဗိုလ်ချုပ် ကြီး မူတူးဆေးဖေါက အာဃာတ မထားကြောင်း
 အောက်တိုဘာလ (၈) ရက်နေ့ည ဘီဘီစီ သတင်းတွင် ထုတ်လွှင့် သွား ခဲ့သည်ကို ကြားရသဖြင့် စာရေးသူ အနေဖြင့်
 ၄င်းအပေါ်များစွာ ဂရုဏာသက်မိသည်။

စောဒေးဗစ်ထော နှင့် အစည်းအဝေးပေါင်းများစွာ အတူတက်ခဲ့ဘူးသည့် အပြင် ကေအင်ယူ ကိုယ်စားလှယ်အဖြစ် 
ဥရောပခရီးထွက်စဉ်ထွက်သည့်အခါ ဆွီဒင်နိုင်ငံရှိ မိမိနေအိမ်သို ့လာရောက်လည်ပတ်ခဲ့သူဖြစ်သည်။ ဗို်လ်မှုးရော ဂျာနှင့် 
အရင်းနှီးဆုံးဟု ပြောရပါမည်။ မာနယ်ပလောလွတ်မြောက်နယ်မြေရှိစဉ် နှစ်တချို့မိမိအခြေချလှုပ်ရှားခဲ့ရာ အိမ်နီးခြင်း
သဘွယ်နေခဲ့ပြီး အကြောင်းကြောင်းနှင့် အနည်းဆုံး တလတကြိမ်ခန့်မျှ တဦးနှင့် တဦးတွေ့ဆုံခဲ့ ကြသည်။

ဤအကြောင်းများကို ဖေါ်ထုတ်တင်ပြနေခြင်းမှာ ကြွားဝါလို၍မဟုတ်ပါ။ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးတဦးကို အရေးယူပြီး
 တာဝန်မှ ထုတ်ပယ်လိုက်သည်ဟူသည့် ဖြစ်ရပ်မှာ (မိမိသိသမျှ) နှစ်ခြောက်ဆယ်ကျော်ကြာ ကေအင်ယူသမိုင်းတွင် 
မရှိခဲ့ဘူးပါ။ သို့ဖြစ်၍ လက်ရှိ အချိန်သည် ကေအင်ယူအတွက် နိုင်ငံရေးအရ အရေးကြီး လာသည့်အချိန်ဖြစ်သည်။
 ကေအင်ယူ၏ တိုးတက်မှု၊ ဆုတ် ယုတ်မှုအနေအထားများသည် ကေအင်ယူနှင့် ဆက်စပ် လက်တွဲ ဆောင်ရွက်လျှှက်
 ရှိသော တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများအပေါ် တနည်း မဟုတ် တနည်း
 ရိုက်ခတ်နိုင်သည့် အချိန်ဖြစ်သည်။ ဤ ရိုက်ခတ်မှု အကျိုးဆက်အနေဖြင့် တပြည်လုံးပြည်တွင်းငြိမ်းချမ်းေရး လှုပ်ရှား မှုကြီးကို
 အကောင်းဘက် သို့မဟုတ် အဆိုးဘက်သို ့တွန်းပို့ပေးနိုင်မည့် အချိန်ဖြစ်သည်။ အကွဲအပြဲများမဖြစ်အောင် ကေအင်ယူ
အောက်ခြေ တပ်ထုများ၊ ကရင် လူထုများအနေဖြင့် မိမိတို့ခေါင်းဆောင်များအား မည်သို့ဝိုင်းရံသင့်သည် ကို အလေးအနက်
စဉ်းစားရန် လိုအပ် နေသည့် အချိန်ဖြစ်သည်။ ဤသို့ အရေးကြီးလှသည့် အချိန်တွင် မိမိ၏ သုံးသပ် ချက်များသည် ချစ်ခြင်း မုန်းခြင်း
ကင်းစွာ အရှိကို အရှိအတိုင်း၊ နိုင်ငံရေးစံ၊ အဖွဲ့အစည်းတည်ဆောက်မှုပေတန်၊ ဥပဒေ အခြေခံများဖြင့် သုံးသပ်ခြင်းသာ ဖြစ်ကြောင်း
 အမြင်ရှင်းစေလို၍ ဖြစ်သည်။

အဆင့်မြင့် ကေအင်ယူ ခေါင်းဆောင်သုံးဦးကို တာဝန်မှ ရပ်စဲရသည့် အကြောင်းရင်းခံများ ဟူ၍ မြန်မာလို ခေါင်းစဉ် တပ်ထားပြီး
 ကရင်ဘာသာနှင့် အသေးစိပ်ရှင်းလင်းချက်တစောင်အား သောသီးခိုး ကရင်သတင်းစဉ် ၀က်ဆိုက်တွင် မနေ့က
 (အောက်တိုဘာလ ၈ ရက်နေ့က) ဖတ်ရှုလိုက်ရသည်။ အဆိုပါရှင်းလင်းချက်ကို ကေအင်ယူ ဗဟိုကော်မတီမှ ထုတ်ပြန်ကြောင်း
 မပါရှိသော်လည်း ကေအင်ယူဗဟိုကော်မတီမှသာ သိနိုင်သော အကြောင်းရပ် များဖြစ်နေ၍ ယင်း အပေါ် အခြေခံကာ သုံးသပ်တင်ပြပါမည်။

အဘယ်ကြောင့် အရေးယူရကြောင်း ရှင်းလင်းချက်များကို ခြုံကြည့်လျှင်

(၁) ကေအင်ယူ စစ်ဦးစီးချုပ်သည် ၄င်းအား အပ်နှင်းထားသည့် စစ်ရေးလုပ်ပိုင်ခွင့်များထက် ကျော်လွန်ဆောင်ရွက်ခဲ့ သည်။
 အလုပ်အမှုဆောင်ကော်မတီ သို့မဟုတ် အမြင့်ဆုံးခေါင်းဆောင်ငါးဦး၏ သဘောတူညီချက်ကို မတောင်းခံဘဲ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးခဲ့သည်။ စီးပွားရေးလမ်းကြောင်းကို ညွှန်ကြားမှုများ ပြုခဲ့သည်။

(၂) စစ်ဦးစီးချုပ်သည် အဖွဲ့အစည်းတည်ဆောက်မှု အရ အဆင့်ဆင့်ဦးဆောင်မှုကို လိုက်နာခြင်းမရှိ။ အပစ်အခတ်ရပ်စဲ ရေး လက်မှတ် 
ထိုးပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ဆက်စပ် သည့် နိုင်ငံရေး လုပ်ငန်းများအား ကေအင်ယူ အလုပ်အမှုဆောင်
 အမြင့်ဆုံးခေါင်းဆောင် ငါးဦး သို့ တင်ပြ၍ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်။ အလုပ်အမှုဆောင် အဖွဲ့သို့ 
တရားဝင်တင်ပြခြင်းမရှိဘဲ စစ်ဦးစီးချုပ်မှ ဦးဆောင်ကာ လျှို့ဝှက်သဘောဆောင်သည့် အစည်းအဝေးများ ကျင်းပခဲ့သည်။
 စောဒေးဗစ်ထော၊ ဗိုလ်မှုးရော်ဂျာ တို့ဖြင့်သာ သုံးဦး အုပ်စုဖွဲ့၍ ဆောင်ရွက်ခဲ့သည်။

(၃) အဖွဲ့အစည်းတည်ဆောက်မှု စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိ။ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး 
တက် ရောက်လာသည့်အခါတွင်လည်း လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း တင်ပြခြင်းမရှိ။ စောဒေးဗစ်ထောသည် 
အလုပ်အမှုဆောင် အဖွဲ့အစည်း အဝေးများကို အကြောင်းခိုင်လုံစွာတင်ပြခြင်းမရှိဘဲ သို့မဟုတ်ကျမ္မာရေး အကြောင်း ပြ၍
 ပျက်ကွက်သော်လည်း ထိုအချိန်တွင် (စစ်အစိုးရနှင့်) ဆက်ဆန်ရေးရုံးဖွင့်ပွဲ များကိုမူ တက်ရောက်ခဲ့သည်။

(၄) နိုင်ငံရေးအရ ကေအင်ယူမှ ချမှတ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်၊ ရပ်တည်မှုများနှင့် ဆန့်ကျင်ဆောင်ရွက်နေကြသဖြင့် 
အဖွဲ့အစည်းအပေါ် တာဝန်ခံမှုမရှိ။

အချက် (၁) မှ စတင်၍ သုံးသပ်ပါမည်။

အချက် (၁) မှာ နိုင်ငံရေး နှင့် စစ်ရေး ဆက်စပ်မှု၊ တာဝန်ခွဲခြားထမ်းဆောင်မှု များနှင့်သက်ဆိုင်သည်။ အဖွဲ့အစည်း အတွင်း
 လုပ်ငန်းများလုပ်ဆောင်ရာ ဤသည်ကို မရှင်းလင်း၍များ ဖြစ်သလား ဟူ၍ စဉ်းစားဘွယ်ရှိသည်။ သမတ စနစ်ကို ကျင့်သုံး
လျှက်ရှိသော အမေရိကန်ပြည် ထောင်စု နှင့် နိုင်းယှဉ်ပါမည်။ အမေရိကန်ပြည်ထောင်စု၏ သမတ သည် တပြည်လုံးတွင် 
နိုင်ငံရေး၊ စီးပွားရေး၊ အုပ် ချုပ်ရေး စသည့် ကိစ္စများအားလုံးအပေါ် နေ့စဉ် ကြီးကြပ် ကွပ်ကဲ ဖေါ်ဆောင်ရ သည့် 
တာဝန်ရှိသလို စစ်သေနာပတိချုပ်လည်း ဖြစ်သည်။

သမတသည် စစ်ရေးအရတိုက်သင့်မသင့်၊ စစ်ပွဲကြီးတရပ်ကို ဆင်နွှဲသင့် မသင့်မဆုံးဖြတ်ခင် နိုင်ငံရေးအရ၊ နိုင်ငံတကာ
 ဆက်ဆန်ရေးအရ၊ နိုင်ငံတကာ ဥပဒေအရ၊ သံတမန်ရေးအရ စသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်သည်။ ကာကွယ်ရေး
 ၀န်ကြီးနှင့် အစိုးရ အဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးအရာရှိကြီးများအပြင် စစ်ဦးစီးချုပ်များကိုပါ ခေါ်ယူ၍ အကြံပေး
မှုများရယူ သည်။ ပြီးလျှင် စစ်ပွဲကြီးတခုလုံကို စတင်ဆင်နွှဲသင့်မသင့် ၄င်းက ဦးဆောင်ဆုံးဖြတ်သည်။ ဆင်နွှဲ နေဆဲဖြစ်သော
 စစ်ပွဲကြီးကို ရပ်သင့်မသင့် ဟူသည်ကို လည်း ၄င်းကပင် ဦးဆောင်ဆုံးဖြတ်သည်။ စစ်ပွဲကြီး တခုလုံး အပေါ် တိုက်သင့်မသင့်၊ 
ရပ်သင့်မသင့် နှင့် စပ်လျှဉ်း၍ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်တွင် ဆုံးဖြတ်ခွင့် မရှိ။

စစ်ပွဲကြီး အားတိုက်ပါဟု အမိန့်ပေးလိုက်ပြီး နောက်တွင်မူ စစ်ရေးသက်သက် ဆင်နွှဲရာ ဒီလိုတိုက်ပါ ဟိုလိုတိုက်ပါ ဟူ၍
 သမတ က ၀င်ရောက်စွက်ဘက်ခွင့် မရှိတော့။ စစ်ဦးစီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အတွင်း ကျရောက်သွား သည်။ 
ကာကွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် စစ်ဦးစီးချုပ်က ဖေါ်ဆောင်သွားသည်။ စစ်ပွဲကြီး တခုလုံးဆင် နွှဲနေစဉ် 
(စစ်ပွဲငယ်တခုချင်းစီနှင့် စပ်လျှဉ်း၍) စစ်ရေးပရိယယ် အနေဖြင့် မည်သည့် နေရာမှ စစ်ပွဲငယ်ကို ခဏရပ်ဆိုင်း ထားပြီး
 မည်သည့်နေရာတွင် အာရုံ စိုက်ကာ ထိုးစစ်ကြီးများ ဆင်နွှဲမည် ဟူသည်ကိုလည်း စစ်ဦးစီးချုပ်က ပင် ဆုံးဖြတ် လုပ်ဆောင် 
သွားမည်။ သမတ က အသေးစိတ်ဝင်ရောက်စွက်ဘက် တိုက်ရိုက် အမိန့်ပေးလေ့ မရှိ။ ဤသည်မှာ ဆက်စပ်မှုနှင့် ခွဲခြား
တာဝန်ထမ်းဆောင် မှု သဘောဖြစ်သည်။

မိမိလေ့လာ၍ရသမျှ ကေအင်ယူတွင် လေးနှစ်တကြိမ်ကျင်းပသည့် ညီလာခံသည် အမြင့်ဆုံးဖြစ်သည်။ ညီလာခံ တခု နှင့် 
တခုအကြားတွင် အရေးကြီးသည့် နိုင်ငံရေး၊ စစ်ရေး ကိစ္စများအား ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ် ရသည်။ 
ဗဟိုကော်မတီ အစည်းအဝေးတခုနှင့် တခုအကြားတွင် ခေါင်းဆောင် (၁၁) ဦးပါ၀င်သည့် အလုပ်အမှုဆောင် အဖွဲ့က 
အဖွဲ့အစည်းကို ဦးဆောင်သည်။ အဆိုပါ (၁၁) ဦးအနက် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေမှုး၊ တွဲဘက် အထွေထွေ 
အတွင်းရေးမှုး (၁) နှင့် တွဲဘက် အထွေထွေ အတွင်းရေးမှုး (၂) တို့သည် (၄င်းတို့အား ကြီးငါးကြီးဟု အများက ခေါ်လေ့ရှိကြ)
 အဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများကို တာဝန်ယူ ဦးဆောင်ကွပ်ကဲသည်။ ၄င်းတို့ငါးဦးသည် အဖွဲ့အစည်းအတွင်း အဖွဲ့အစည်း၏
 နေ့စဉ်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာ အမေရိကန် ပြည်ထောင်စု သမတ တွင်ရှိသော အခွင့်အာဏာမျိုးရှိသည်ဟု ယူဆသည်။

ဗဟိုကော်မတီ အစည်းအဝေး တခုနှင့် တခုအကြားတွင် စစ်ပွဲကြီးကို တိုက်သင့်မသင့်၊ ရပ်သင့်မသင့် ၄င်းတို့ငါးဦးက အလုပ်
အမှုဆောင်အဖွဲ့အစည်းအဝေး ခေါ်ယူ၍ ညှိနိုင်းတိုင်ပင် သဘောထားဆန္ဒ နှင့် အကြံပေးချက်များရယူကာ ဦးဆောင်ဆုံးဖြတ်
သွားမည်ဖြစ်သည်။ လိုအပ်လျှင် ၄င်းတို့က အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူ၍တင်ပြ ပြီး ဆုံးဖြတ်ချက်ခံယူကာ
 လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်ပွဲကြီးတပွဲကို စပြီး တိုက်သင့်မသင့်၊ တိုက်နေဆဲ စစ်ပွဲကြီး ကို ရပ်သင့်မသင့် ကေအင်ယူ
 စစ်ဦးစီးချုပ်၏ တဦးတည်း သဘောဖြင့် ဆုံးဖြတ်ခွင့် မရှိဟု မိမိနားလည်ပါသည်။ အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေး 
၄င်းတွင်တင်ပြခွင့်ရှိသည်။ စုပေါင်းဆုံးဖြတ်ခွင့်ရှိသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကေအင်ယူကိုယ်စား ဦးဆောင်တက်ရောက်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေး အတည် ပြု 
လက်မှတ်ရေးထိုးလိုက်ခြင်း မှာ တာဝန်ပိုင်းအရ များစွာကွာခြားသည်။

ဗိုလ်ကြီးချုပ်ကြီးမြ မကွယ်လွန်ခင် နောက်ဆုံံးနှစ်များတွင် ကေအင်ယူ ဖဒိုစောဘသင်မှာ ဥက္ကဌဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောဘိုမြမှာ 
ဒုဥက္ကဌ ဖြစ်သည်။ စစ်အစိုးရအတွင်း​ဗိုလ်ချုပ်ကြီး ခင်ညွန့် တံခိုးထွားခဲ့စဉ်က ဗိုလ််ချုပ်ကြီးမြသည်လည်း ကေအင်ယူအဖွဲ့ကို
ခေါင်းဆောင်ကာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသွားရောက်ခဲ့ဘူးပါသည်။ ဗိုလ်ချုပ်ကြီးမြသည် စစ်ရေးသမားဖြစ်သော်လည်း
 ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနှင့်သာ ရယူလိုသူ ဖြစ်ခဲ့သည်။ နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းငြိမ်းချမ်းရေး
တည်ဆောက်ရန် လိုပြီဟုလည်း မြှော်လင့်ဦးဆောင်ခဲ့သူ ဖြစ်သည်။ သို့နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် စစ်ခေါင်းဆောင်များ
နှင့် တွေ့ပြီး အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ကေအင်ယူ ကိုယ်စား အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခဲ့ပါ။
 ဆွေးနွေးပွဲမှ ပြန်လာပြီးနောက် ကေအင် ယူအလုပ် အမှု ဆောင်အဖွဲ့သို့ ပြန် လည်တင်ပြမှုများ ရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး
 မဖြစ်ခဲ့။

အပစ်အခတ်ရပ်စဲရေးကို လက်ရှိစစ်ဦးစီးချုပ်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမှာ ကေအင်ယူတခုလုံး၏ နေ့စဉ်လုပ်ငန်းများကို တာဝန်ယူ
ကြီးကြပ် ကွပ်ကဲလျှက်ရှိသော ထိပ်ပို်င်းခေါင်းဆောင် ငါးဦးထံမှ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်တော့ စာရေးသူ
ကိုယ်တိုင် အတိအကျ မပြောနိုင်ပါ။

ဗဟိုကော်မတီအစည်းအဝေးနှင့် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များလည်း မရှိ၊ ထိပ်ပိုင်း ခေါင်းဆောင်ငါးဦး
ထံမှ သဘောတူညီချက် လည်းတောင်းခံခြင်းမပြုဘဲ စစ်ဦးစီးချုပ်အနေဖြင့် မိမိ သဘော အလျှောက် လက်မှတ်ထိုးခဲ့သည် ဆိုလျှင်မူ
 ၄င်းတွင် ဖြေရှင်းရန်တာဝန်ရှိသွားပြီ ဟု ယူဆပါသည်။ ကေအင်ယူမှ ခုခံဆင်နွှဲ လျှက် ရှိသော စစ်ပွဲကြီးတပွဲလုံးအား ရပ်ဆိုင်းလိုက်ခြင်းမှာ
 နိုင်ငံရေးအရများစွာ အဓိပ္ပါယ်သက်ရောက်သွား၍ဖြစ်သည်။

ကေအင်ယူ၏ လက်ရှိ အမြင့်ဆုံးအမှုဆောင်ကော်မတီသည် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် အခြေ အနေသင့်လာပြီဟု 
၄င်းတို့အနေဖြင့် ဆုံးဖြတ်လျှင် အပစ်အခတ်ရပ်စဲရေးလုပ်ရန် ၀န်လေးကြမည်မဟုတ်ပါ။သို့ရာတွင် စစ်အစိုးရက မြောက်ပိုင်း၌ ကချင် 
(ကေအိုင်အို) ကို စစ်ပွဲများတိုးမြှင့် ဆင်နွှဲလျှက်ရှိနေသည်။ ၁၉၉၃-၉၄ အတွေ့အကြံု အရ မြောက်ပိုင်းရှိကေအိုင်အိုကို ဖဲ့ထုတ်စည်းရုံးကာ
 သေနတ်များ ရပ်သွားအောင်လုပ်ပြီး  တောင်ပိုင်းရှိ ကေအင်ယူ၏ ဌာနချုပ် မာနယ်ပလောကို စစ်ဆင်သိမ်းပိုက်သည့် အတွေ့အကြံုရှိခဲ့ဘူးပြီ။
 ယခုလည်း ကေအင်ယူ၏ သေနတ်များကို ရပ်သွားအောင် လုပ်ပြီး ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အစိုးရ၌ မဟာ
 ဗျူဟာ ရှိကောင်း ရှိနို်င်သည်။ လိုင်ဇာကိုု အပြတ်ရှင်းပြီးလျှင် ကေအင်ယူက အပစ်အခတ်ရပ်ခြင်သည်ဖြစ်စေ၊ မရပ်ခြင်သည်ဖြစ်စေ စစ် အစိုးရ၏ 
တပ်များက အကြောင်းအမျိုးမျိုးပြကာ ကေအင်ယူကို ပြန်လည် စစ်ဆင်တိုက်ခိုက်လာ နိုင်သည်။

တပြည်လုံး အပစ်အခတ်ရပ်စဲရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနီးပါးက ၀ိုင်းဝန်း တောင်းဆို နေကြသော်လည်း
 ကေအိုင်အိုကို အပစ်မရပ်သေး။ နောက်ပိုင်းတွင် အပစ်ရပ်ထားခဲ့သည့် အက်စ်အကစ်ပီပီ ရှမ်းတပ် ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲများ
 ဖြစ်ပွားနေပြန်သည်။ သို့ဖြစ်၍ ကေအင်ယူနှင့် အပစ်အခတ်ရပ်ရန် လာ ရောက်ကမ်း လှမ်းနေမှုကို ဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်၍ 
အချိန်ဆွဲထားပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်နိုင်သည်အထိ တွန်းတင်ပေးသွားရန် ကေအင်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်ငါးဦး 
နှင့် အလုပ်အမှုဆောင်ကော်မတီ ၀င် အများစု က နိုင်ငံရေး အရ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကောင်း စဉ်းစားနေနိုင်သည်။
 စာရေးသူ အတပ် မပြောနိုင်ပါ။

အပစ်အခတ် ရပ်စဲရေးဟူသည်မှာ စစ်ရေးနှင့်သာ သက်ဆိုင်သည်ဟူ၍ သဘောရိုးဖြင့်မှတ်ယူကာ စစ်ဦးစီးချုပ်အနေဖြင့် ရိုးရိုးသားသား
 လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ အလုပ်အမှုဆောင်ကော်မတီမှ ချမှတ်ပေးလိုက်သည့် အချက် (၁၁) လုံးရရှိပြီးလည်း
ဖြစ်သည့်အပြင် မိမိကိုယ်တိုင်သည်လည်း စစ်ဦးစီးချုပ်ဖြစ်နေသဖြင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုး၍ ရနိုင်ကောင်းသည်ဟု 
သဘောရိုးနှင့်ယုံကြည်ကာ လက်မှတ်ရေးထိုးခဲ့ခြင်း လည်း ဖြစ်နိုင်ပါ သည်။ ယင်းသို့ဖြစ်လျှင် အဖွဲ့အစည်း၏ အမြင့်ဆုံးခေါင်းဆောင်ငါးဦး 
နှင့် ကျန်အလုပ်အမှုဆောင် အဖွဲ့ဝင်များကြေနပ် လက်ခံသည်အထိ ရှင်းပြဘို ့လိုပါမည်။ ရှင်းပြပြီးလည်း ဖြစ်နိုင်ပါသည်။ နောက်ပိုုင်း
ဆွေးနွေးပွဲများသို ့ကေအင်ယူ အထွေထွေ အတွင်းရေးမှုးကိုယ်တိုင် တက်ရောက်သည်ကို တွေ့မြင်နေရ၍ဖြစ်သည်။

အဓိကမှာ နိုင်ငံရေးရည်မှန်းချက် အတွက် လက်နက်ကိုင်ကြခြင်းဖြစ်သော်လည်း လက်နက်ကိုင်တပ်သက်သက်က နိုင်ငံရေးကို လွှမ်းမိုးခြင်း
 မဖြစ်သင့်ပါ။ တပ်ကို ကိုင်ထားနိုင်သူက နိုင်ငံရေးကို ဆုံးဖြတ်သွားမည်၊ သေနတ်နောက်ကို နိုင်ငံရေးက လိုက်ရမည် ဟူသော အစဉ်အလာမျိုး
 တော်လှန်ရေးအဖွဲ့အစည်းများအတွင်း မရှိသင့်ပါ။

လူထုနိုင်ငံရေးက သေနတ်ကို ကြီးကြပ်ရပါမည်။ သေနတ်က လူထုနိုင်ငံရေးကို အမိန့်ပေးတာမျိုးမဖြစ်သင့်ပါ။ ကေအင်ယူ၏ လေးနှစ်တကြိမ် 
ညီလာခံမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော အမြင့်ဆုံးခေါင်းဆောင် ငါးဦးသည် လူထု နိုင်ငံရေးကို ကိုယ်စားပြုသည်ဟု စာရေးသူ
နားလည်ပါသည်။ ကေအင်ယူ စစ်ဦးစီးချုပ်သည် သေနတ်ကို ကိုယ်စားပြု သည်ဟု မြင်ပါသည်။ တော်လှန်ရေးတွင် သူ့နေရာနှင့်သူ 
အရေးပါကြသော်လည်း အဆင့်ဆင့် ဦးဆောင်မှုနှင့် တာဝန် ပိုင်းအရ ခွဲခြားထမ်းဆောင်မှုကို လက်တွေ့ လိုက်နာကျင့်သုံးခြင်း
မပြုနိုင်လျှင် ပြသနာ ကြံုရတတ်ပါသည်။

သို့ရာတွင် ကေအင်န် ယူ စစ်ဦးစီးချုပ်သည် လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့်ထမ်းဆောင်ပါလျှက် အားနည်းချက်များ ပေါ် ပေါက််ခဲ့သည် 
ဟု သုံးသပ်လျှင် အလုပ်အမှုဆောင်ကော်မတီသည်လည်းကောင်း၊ ဗဟိုကော်မတီသည် လည်းကောင်း စစ်ဦးစီးချုပ် အပေါ် ပြင်းပြင်းထန်ထန် 
အရေးယူထားသည့်ကိစ္စကို လျှော့ပေါ့စဉ်းစားလိမ့်မည်ဟု မြှော် လင့်ရပါသည်။

ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး အတွက်တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကို ရိုးသားစွာ ကြေငြာကာ 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် တပြိုင်တည်းတွေ့ဆုံဆွေးနွေးခြင်းမရှိပါ။ တပ် ကို ကိုင်ထားသည့်
 စစ်ဦးစီးချုပ်ကို ဖဲ့ထုတ်စည်းရုံးရန် ကြိုးစားမှုများလည်း ရှိနိုင်ပါသည်။ အကျိုးဆက်အနေဖြင့် ကေအင်ယူကို ဦးဆောင်နေသည့် 
အလုပ်အမှုဆောင်ကော်မတီသည် ချိန်ညှိစဉ်းစားရမည့် နိုင်ငံရေး စစ်ရေး ကိစ္စများ များပြားလွန်းနေသည့်အချိန်တွင် 
မလိုလားအပ်သော ပြသနာများ ပေါ်ပေါက်ခြင်းဟု ပြောနိုင်ပါသည်။

ကေအင်ယူသည် ဤ အချိုးအကွေ့ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လျှင်၊ ကေအင်ယူအတွင်းရှိ ခေါင်းဆောင်များနှင့် 
တပ်မှုးတပ်သားများ အားလုံးသည် ကရင်အမျိုးသားထုတရပ်လုံုး၏ အလံဖြစ်သော ကေအင်ယူအလံကို လက်မှ မလွှတ်စတမ်း 
တညီတညာ ဆက်လက် ဆုတ်ကိုင်မြှင့်တင်ထားနိုင်လျှင် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူများစွာ
 ဖြစ်မည်ဟု ယုံကြည်ပါသည်။

အပိုင်း(၃) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် အောက်တိုဘာလ (၉) ရက်
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India