October 9, 2012

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို အစိုးရတပ် ၁၂၀ ရင်းခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာ
မြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာ
သူများကဆိုသည်။
alt“KIA ကို ထိုးစစ်ဆင်နေတာ  တပ်မ ၆၆၊ ၇၇၊ ၈၈ တို့ပေါ့။ မကြာသေးခင်ကလည်း တပ်မ ၃၃  ထပ်တိုးလာသေး တယ်” ဟု KIA ပြော ရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြသည်။

လိုင်ဇာမြို့ နှင့် ၇ မိုင် အကွာတွင်လည်း အစိုးရတပ် က ၁၂၀ မမ အမြောက်ဖြင့် KIO ဌာနချုပ် (လိုင်ဇာမြို့)အနီးသို့  နေ့တိုင်း  ပစ်ခတ်လာနေ
ကြောင်း၊ မည်သည့်တပ်က အင်အားမည်မျှသုံး၍ တိုက်ခိုက်နေသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

အစိုးရတပ်တွင် တပ်ရင်းစုစုပေါင်း ၅၆၀ ခန့်ရှိရာ KIA ကို  တပ်ရင်း ၁၂၀ ခန့် အသုံးပြု၍တိုက်ခိုက်နေသည်မှာ
မြန်မာ့တပ်မတော် တခုလုံး၏ အင်အား ၂၀ ရာခိုင်နှုန်း သုံးထားသည် ဟု စစ်ရေးအတွေ့အကြုံ နှစ် ၃၀ ရှိသူ
ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ ကချင် တပ်တွေ ကတော့ ပုံမှန် တပ်ရင်း က ၄၁ ရင်းရှိပါတယ်။ ပြည်သူ့စစ်တပ် နဲ့ပေါင်းလိုက်ရင်
တပ်ရင်း ၄၅ ရင်း ရှိပါတယ်။ ထက်ဝက်ကျော်ကတော့ မြို့ပေါ်က ခေတ် ပညာတတ်လူငယ် တွေပေါ့” ဟု
ဦးလနန်က ဆက်ပြောပြသည်။

KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလက တပ်ဖွဲ့၀င်အင်အား ၆,၀၀၀ နှင့် ၇,၀၀၀ ကြားရှိ၏။
အပစ်အခတ် ပျက်ပြားပြီးနောက်ပိုင်းတွင် တပ်အင်အား ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်တိုးလာသည်ဟု
ဦးအောင်ကျော်ဇောက  ဆက်ပြောပါသည်။

မြန်မာအစိုးရကတပ်က စစ်အင်အားအမြောက်အများ သုံး၍ စစ်ဆင်ရေး ပြုလုပ် နေခြင်းသည် သာမန်စစ်ဆင်ရေး
မဟုတ်ပဲ အမြစ်ပြတ် စစ်ဆင်ရေးသာဖြစ် ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူက ဦးလနန်က ပြောပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3556-2012-10-09-16-10-48.html

- မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်း သုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ click
- ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ click
- အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ် ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦး ကျ click
- လွယ်ဂျေဘွမ်တိုက်ပွဲ မြန်မာအစိုးရစစ်သား ၂ ဦး ကျ click
http://drlunswe.blogspot.com/
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India