October 9, 2012

“၀”တပ်ဖွဲ့ကို အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သီးခြား ဖဲ့ထုတ်ဖို့ ကြံစည်နေသလော

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် သျှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်များအား ယခုလ ၆ ရက်နေ့က သျှမ်းပြည် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်းစစ်ဋ္ဌာနချုပ်တွင် သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း စစ်ဘက်သတင်းများအရ သိရသည်။
aung-kyaw-zaw
တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇော( ဓါတ်ပုံ- MG/SHAN)

၄င်းတွေ့ဆုံမှုအပေါ် တရုတ် - မြန်မာနယ်စပ် စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကို သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ ဆက် သွယ်မေးမြန်းထားချက်အား တင်ပြလိုက်ပါသည်။

မေး - ကာကွယ်ရေးဦးစီးချုပ်က ၀ နဲ့ မုံးလားတပ်ဖွဲ့ ခေါင်းဆောင်တွေကို အခုအချိန်မှာ ဘာကြောင့် ခေါ်ယူတွေ့ဆုံတာလို့ ပြောနိုင်မလဲဗျ။ ဖြေ - မင်းအောင်လှိုင်ခေါ်တွေ့တဲ့ ကိစ္စတွေမှာ နှစ်ပိုင်းရှိမယ်လို့ထင်တယ်၊ သာမာန်အားဖြင့် သူအရင်ကဆက်ဆံခဲ့ဘူးတဲ့ ကိစ္စတွေရှိတယ်။ အဲဒီပုဂ္ဂိုလ်ရေးဆက်စပ်မှုတွေလည်းပါတယ်၊ နောက်တစ်ခုက KIA , SSA တို့နဲ့မပတ်သက်ဖို့တို့ အဲဒီကိစ္စ တွေလည်းပါတယ်၊ ဗိုလ်မှူးကြီး အောင်သူ ဆိုတဲ့လူက သံလွင်မြစ်ကူးတို့ဆိပ်တွေကနေ SSA ဦးပန်ဖအဖွဲ့တွေ လုံးဝဆုတ် ပေးဖို့ တောင်းဆိုနေတယ်၊ ဒါက “၀”နဲ့ ဆက်စပ် မှုအားလုံးကို ဖြတ်တောက်ဖို့ ကြိုးစားနေတာဖြစ်တယ်

“၀” အနေနဲ့ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးယူထားပေမဲ့ အမျိုးသားရေးအခြေခံရှိတယ်၊ အဲဒီအောက်မှာ အမျိုးသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ စာနာစိတ်ရှိတယ်၊ အဲဒီဟာတွေကို လိုက်လံပိတ်ပင်တာပေါ့၊ အခိုင်အမာကတော့ ခုနကပြောသလို SSA ကို ကူးတို့ဆိပ်တွေ ကနေဆုတ်ပေးဖို့ ကိစ္စမျိုးတွေအပါ “၀”ကို ၀ယ်ယူတဲ့နည်း တွေနဲ့ကြိုးစားနေတာဖြစ်တယ်၊ နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို လည်း ၂၀၁၅ ကနေပြီး ၂၀၁၉ အထိနောက်ဆုတ်ပေးတယ်၊ ဒါတွေဟာ “၀” ကို ရည်ရွယ်တဲ့ နည်းပရိယာယ်တွေလို့ယူဆရတယ်။

မေး - ကာကွယ်ရေးဦးစီးချုပ်ကို “၀”နဲ့ မိုင်းလားတပ်ဖွဲ့က ဘယ်ခေါင်းဆောင်တွေ သွားတွေ့ခဲ့သလဲဗျ။
ဖြေ - “၀”တပ်ဖွဲ့က ဒုဥက္ကဋ္ဌ လျှောက်မီလျံ သွားတွေ့ပါတယ်၊ သူကတော့ ခပ်အေးအေး ခပ်ပျော့ပျော့လူဆိုတော့  ဗမာ အစိုးရရဲ့ အပျော့ဆွဲကို “၀”ဘက်ကလည်း ခပ်ပျော့ပျော့ခေါင်းဆောင်နဲ့ ဆက်ဆံစေတယ်လို့ ထင်ရပါတယ်။ BGF တင်းတင်းမာမာ ဖြစ်ချိန်တုန်းက လျှောက်မီလျံကို ပွဲမထုတ်ခဲ့ဘူး။

မိုင်းလားက ဥက္ကဋ္ဌ စိုးလင်း သွားတွေ့ပါတယ်၊ စိုင်းလင်းကိုကျတော့ “၀”တပ်ဖွဲ့ရဲ့ပေါ်လစီအောက်မှာ မလွဲသာမရှောင်သာ ပျော့ပျော့ ပြောင်း ပြောင်း ဆက်ဆံနေရတယ်လို့ထင်ပါတယ်၊ BGF တုန်းက မိုင်းလားကိုဗမာတပ်ကတိုက်မလို့လုပ်တော့ ၀ တပ်ဖွဲ့က အင်အားတချို့သွားရောက် ကာကွယ်တဲ့အခါမှ ဗမာတပ်က ဆက်မလုပ်တော့တာ ဖြစ်တာကိုး။

မေး - “၀” တပ်ဖွဲ့ဘက်က ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမှုအပေါ် ဘယ်လိုသဘောထားရှိနိုင်မလဲ။
ဖြေ - “၀”တပ်ဖွဲ့အနေနဲ့ကတော့ ဒီလိုဖဲ့ထုတ်စည်းရုံးဖို့ ကြိုးစားတာကို လက်ခံမှာမဟုတ်ဘူးလို့ ယူဆရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ လူမျိုးငယ်တွေ တိုင်းရင်းသားငယ်တွေဖြစ်တဲ့အခါ ကျတော့ သူတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံမှုတွေ တစ် လျှောက်လုံး အများကြီးရှိခဲ့တာပဲ စီးပွားရေးအခွင့်အရေးတွေ ပေးထားသော်ငြားလည်း “၀” ခေါင်းဆောင် တွေရဲ့ကြားမှာ အမျိုးသားရေး စိတ်ဓါတ်အတော်လေး ပြင်းပြတယ် အဲဒီတော့ ဒီစိတ်ဓါတ်က အချိန်ကာလတစ်ခုအထိတော့ ဆက်လက် တည်မြဲနေမယ်လို့တော့ ထင်ပါတယ်။

မေး - မြန်မာအစိုုးရဘက်ကရော ၀ နဲ့ပတ်သက်လို့ ဘယ်လိုအမြင်တွေရှိနေနိုင်သလဲ။  
ဖြေ - “၀”တွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ခက်တယ် “၀”လောက်အင်အားမများတဲ့ ကေအိုင်အေကိုတောင်မှ တပ်ရင်းပေါင်း ၁၀၀ ကျော်သုံးပြီး တစ်နှစ်ကျော်လောက် တိုက်တာတောင်မှ စကားပြောတဲ့အခါ အပေါ်စည်းရအောင်လည်း မလုပ်နိူင်ဘူး အမြစ်ပြတ်အောင်လည်း မတိုက်နိူင် ခဲ့ဘူး “၀”နဲ့ ကျရင် ပိုခက်မယ် ကိုယ်ပိုင်အခြေခံဒေသကြီးရှိတယ် တောင့်တင်းတဲ့ လက်နက်ကိုင်အင်အားကြီးရှိတယ် ဘယ်လိုမှ လက်နက် ကိုင်နည်းနဲ့ ဖြေရှင်းလို့မရဘူး။

ဒါပေမဲ့ ၀ တွေရဲ့အားနည်းချက်က ကေအိုင်အေနဲ့မတူတာက ဗမာပြည်နိုင်ငံရေးကို ထဲထဲဝင်ဝင်နားမလည်ဘူး၊ အဲဒီတော့ မလိမ့်တစ်ပတ် ကိစ္စမျိုးတွေလုပ်နိုင်တယ်၊ နောက်တစ်ခုက ၀ ထဲမှာက အကျိုးစီးပွားဆိုင်ရာ ပြဿနာတချို့ရှိတယ်၊ အိမ်နီးနားချင်းနိုင်ငံနဲ့ဆက်စပ်နေမှုတွေ အဲဒီအောက်မှာ နည်းနည်းလေး complicate (ရှုပ်ထွေးမှု) ပိုဖြစ်တာပေါ့၊ အဲဒီဟာတွေပေါ်ကနေ လှည့်ပတ်ပြီးတော့ ဖြိုခွဲဖို့အစဉ်အမြဲကြိုးစား နေတာဖြစ်တယ်။

ဒီနေ့အမေရိကန်နဲ့ စစ်ရေးအရ အဆင့်တိုးပြီးဆက်ဆံနေတဲ့ ရည်ရွယ်ချက်တွေထဲမှာ တချို့ဟာ “၀”ကို ရည်ရွယ်တာလို့ ယူဆရတယ်။ သူတို့အထဲမှာ အာဏာရအုပ်စုအများစုဟာ “၀”ကို ဒီအတိုင်းဆက်ထားဖို့ လက်မခံနိုင်ကြဘူး၊ ဘယ်လိုမှ မတတ်သာလို့ ထိုင်ကြည့်နေရ တာဖြစ်တယ်၊ ဒါကြောင့်လည်း နည်းသဏ္႑န်မျိုးစုံနဲ့ “၀”ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်တယ်၊ သူတို့ရဲ့ constitution ထဲမှာ ယာယီအပစ်ရပ်ဆဲရေးလုပ်ရုံနဲ့မလုံလောက်ဘူး၊ ၀ ကိုလည်းသီးခြား တပ်မတော် တစ်ခုအဖြစ်လည်း မပေးနိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပဲနဲ့ ၀နဲ့မှမဟုတ်ဘူး၊ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ သေနတ်သံပြန်မထွက်ဖို့ မလုပ်နိုင်ဘူးဖြစ် နေတယ်။

မေး - လက်ရှိ “၀” တပ်ဖွဲ့ရဲ့စစ်ရေးပြင်ဆင်မှု အနေအထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ - “၀သပ”ကတော့ သူ့ဒေသ ၀င်ရောက်မစွက်ဖက်ရေးပဲ “၀”အမျိုးသားတွေရဲ့ လုံခြုံရေး “၀” အမျိုးသားတွေရဲ့ ကာကွယ်ရေးဆိုတဲ့ အခြေ ခံပေါ်ကနေပြီး သူ့ဒေသကို မထိပါးဘူး၊ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုမရှိဘူးဆိုရင်တော့ သူ့ဘက်ကသေနတ်သံမထွက်ဖို့များတယ်။ ဒါပေ မဲ့လို့ လက်ရှိ “၀”တပ်ဖွဲ့ရဲ့ အနေအထားကို ဗမာအစိုးရက လက်ခံနိုင်မဲ့ အခြေအနေမရှိဘူး။

မေး - “၀”တပ်ဖွဲ့ကို အစိုးရဘက်က ကိုင်တွယ် ဖြေရှင်းရေးအပေါ်ရော ဘယ်လိုယူဆပါသလဲ ။

“၀”ရဲ့လက်ရှိအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ကိုက်မကိုက်ဆိုတာ သူတို့အသိဆုံးဖြစ်တယ်၊ လက်နက်ကိုင် အင်အားဟာ ၃ သောင်းနဲ့ ၄ သောင်းကြားမှာ ရှိနေပြီ၊ လူအင်အား ၊ လက်နက်တပ်ဆင်မှုအင်အား၊ လေ့ကျင့်မှုအင်အား ဒါကို BGF တုန်းကလို Push လုပ်လို့မရဘူး။ ဒါကြောင့်မို့ “၀” ပြည်နယ်ရဲ့အခြေအနေကိုလည်း လူထုကို မပြောရဲဘူး ထောက်ပြကြမဲ့ လူအများကြီး constitution နဲ့မကိုက်တာတွေ အများကြီးပါတယ်။ ဒါကိုဗမာအစိုးရက ကြိတ်ပြင်နေတာ တရုတ်ပြည်နဲ့ ဆက်ဆံရေး နိုင်ငံတကာလှုပ်ရှားမှုတွေ “၀”နဲ့ဆက်ဆံရေးမှာ ဗမာ အစိုးရအတွက် ကြီးမားတဲ့ အခန်းကဏ္႑ကပါ၀င်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီလိုနည်းနဲ့ချဉ်းကပ်မယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။

မေး - ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ ။

ဖြေ - ဗမာအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်နေတာမှမဟုတ်တာ နိူင်ငံတကာမှာ ပြောင်းလဲနေပါတယ်လို့ ဖေါ်ပြချင်လို့တာ လက်မှတ်ထိုး နေတာ ဗမာအစိုးရအဆက်ဆက်ပေါ့ ဦးနုအပါအဝင် အစိုးရက  စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ခဲ့တာ တစ်ခါမှမရှိခဲ့ဘူး လူမျိုးကြီး ၀ါဒ စစ်တပ်ကြီးစိုးရေးဝါဒ စစ်ဘုရင်ဝါဒတွေ ကျင့်သုံးလာတဲ့အခါကျတော့ လူမျိုးစုတွေနဲ့ သဟဇာတလုံးဝမဖြစ်တော့ဘူး ရည်ရွယ်ချက်က တိုင်း ပြည်ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာ မဟုတ်ဘူး လက်နက်ကိုင်တွေကို စစ်ရေးနည်းနဲ့သော်လည်းကောင်း အခြားနည်းနဲ့ သော်လည်းကောင်း တစ်လျှောက်လုံး  ဖြိုခွဲလာခဲ့တာဖြစ်တယ်။

တကယ့်အပြောင်းအလဲဆိုတာ စစ်တပ်ပြောင်းလဲမှသာ ဖြစ်မှာပါ စစ်တပ်ရဲ့အခြေခံပြောင်းလဲမှု အဓိကနှစ်ချက်ရှိတယ်၊ စစ်တပ်က တိုင်းပြည် ရဲ့ ကယ်တင်ရှင်ဆိုတဲ့ ခံစားမှုရယ်၊ ဖက်ဒရယ်ဆိုတာရယ် ဒီနှစ်ခုကို နားလည်သဘောပေါက်မှ ဖြစ်မယ်၊ ဒီလိုဖြစ်အောင် ပညာပေးနိုင်မယ် ၊ ပြုပြင်နိုင်မယ်ဆိုရင် ဗမာပြည်ဟာ တကယ်ပြောင်းလဲလာပြီလို့ ပြောလို့ရမယ်၊ အခုပြောင်းလဲမှုလို့ပြောနေတဲ့ဟာက အချိန်မရွေးနောက်ပြန် လှည့်သွားနိုင်တယ်၊ စစ်တပ်ကိုမပြောင်းလဲနိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအထက်မှာ စစ်တပ်ရှိနေတယ် အဲဒါပါဘဲ။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3555-2012-10-09-10-21-25.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India