November 2, 2012

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေး တန်းတူညီမျှမှု ရရှိရန် လိုအပ်ဟု ABSDF ပြော

နယူးဒေလိီ (မဇ္စျိမ) ။        ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိရန် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ၊  တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အခိုင်အမာ လက်တွဲဆောင်ရွက်သွားမည်ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထပ်လောင်းပြောဆိုလိုက်သည်။

ပြောင်းလဲမှုများကို  တိုင်းတာရာတွင် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ မြေယာ ပိုင်ဆိုင်ခွင့်များ အတွက် ယခုအချိန်အထိ ပြည်သူများ တိုက်ပွဲဝင်နေရဆဲ ဖြစ်ကြောင်း  ယနေ့ ကြာသပတေးနေ့ (ABSDF) ထူထောင်သည့် ၂၄ နှစ်မြောက်နေ့ တွင်  ဥက္ကဋ္ဌ ကိုသံခဲ က ပြောသည်။

“ဒီနေ့ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော် မယ်ဆိုရင် နိုင်ငံရေးအရ  တန်းတူ ညီတူ ဂုဏ်သိက္ခာ ရှိရှိဆွေးနွေးဖို့ လိုပါတယ်။ တစ်ဖွဲ့ချင်းဆွေးနွေးတာက တစ်ပိုင်း၊ အမျိုးသားရေး လက္ခဏာ၊ တစ်တိုင်းပြည်လုံးဆိုင်ရာ လဏ္ခာဆောင်တဲ့ ကိစ္စရပ်တွေ ဆိုတာက အားလုံးစုဆုံ ဆွေးနွေးမှပဲရမယ်။ အင်အားစု အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ ကျွန်တော်တို့ (မ က ဒ တ) ကထင်တယ်” ဟုဆိုသည်။

နိုင်ငံရေးပြဿနာများကို မှန်ကန်စွာ ဆွေးနွေးအဖြေရှာခွင့် မရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သမိုင်းသင်ခန်းစာများကို ကောင်းစွာထုတ်နှုတ်သင့်ကြောင်း သူ က ဆက်ပြောသည်။

“တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ Justic လို့ခေါ်တဲ့ တရားမျှတမှု၊ Equality တန်းတူညီမျှမှု ၊ Political Right လို့ခေါ် တဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့် တွေရှိမှသာလျှင် ရေရှည်တည်တန့်နိုင်မယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရမယ်။ ဒါမှသာလျှင် တိုင်းပြည်အတွက်၊ လက်တွဲလုပ်ဆောင်နိုင်မယ့် ခိုင်မာတဲ့ အခင်းအကျင်းတစ်ခု ပေါ်ထွန်းမယ် လို့ ယူဆပါတယ်” ဟုဆိုသည်။

တစ်ဖက်တွင် အပစ်ရပ်ပြီး အခြားတစ်ဖက်တွင် တိုက်ပွဲများဆင်နွဲနေခြင်းသည် တစ်ဖက်နှင့် တဖက်ယုံကြည်မှုကို ထိခိုက်စေပြီး အကန့်အသတ်များကို ဖြစ်ပေါ်စေကြောင်း မဇ္စျိမ ကို ပြောသည်။

“တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိနဲ့ အစိုးရသစ်ကိုယ်တိုင်ကမှ စတင်ပြီး လုပ်ဆောင်စေချင်ပါတယ်။ တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အခင်းအကျင်း မရောက်သေးသရွှေ့ကတော့ တစ်ဖက်နဲ့ တစ်ဖက် အကန့်အသတ်ကြားက လုပ်ဆောင်ရတာပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ယုံကြည်မှု ရှိဖို့ အတွက်ဆိုရင် တစ်မျိုးသားလုံး၊ တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အခင်းအကျင်းတွေ ဖန်တီးဖို့ လိုတယ်။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်းလိုပါတယ်” ဟု ဆိုသည်။

ယနေ့  (မ. က. ဒ. တ) ထူထောင်သည့် ၂၄ နှစ်ပြည်အခမ်းအနားကို KNU တပ်မဟာ ရ နယ်မြေတွင် ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများ တက်ရောက်ကြောင်း သိရသည်။

ရှစ််လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့သည့် ကျောင်းသားတပ်မတော်ကို ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်း ထူထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။

ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုအား စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက် ကိုင် တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍ ရောက်ရှိသွားခဲ့ကြခြင်း လည်းဖြစ်သည်။

တော်လှန်ရေး ကာလအတွင်း မကဒတ တပ်ဖွဲ့ဝင် ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့မှု အား အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ငန်းကော်မတီနှင့် ABSDF တို့အကြား ဆက်လက်ညှိုနှိုင်း
ဆွေးနွေးရန် ရှိသော်လည်း အချိန်နှင့်နေရာ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10331------absdf-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India