
Friday, November 02, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အနေနဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စပြီးအလုပ်လုပ်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ WOMEN
IN PEACE MAKING သင်တန်းကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ
အောက်တိုဘာလ ၃၀ ရက်မှ နို၀င်ဘာလ ၂ ရက်နေ့အထိ ၄ရက် ကြာပြုလုပ်သွား ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ အမျိုးသမီးတွေပါလာတာတွေကို သိရတဲ့အတွက်
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို စွမ်းရည်မြှင့်တင်နိုင်ရေးအတွက်
လာရောက်ကူညီရခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ကြီး Women, Peace
and Security ဌာနမှ Simon Tordjman (Policy and Programme Analyst)
ကပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးတွေ ညှိနိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးမှု ဆက်သွယ်ဆက်ဆံရေး သရုပ်ပြသနေကြစဉ် (ဓါတ်ပုံ-ကေတီ)
Simon
Tordjman က “အဖွဲ့အစည်းဖြစ်တဲ့ UN WOMEN ကနေ အမျိုးသမီးဦးဆောင်မှုကို
မြင့်တင် တဲ့အပိုင်းမှာ အဓိကထား လုပ်ဆောင်နေတယ်။ မြန်မာအမျိုး သမီးတွေ
ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တက်ကြွစွာပါဝင်ဆောင် ရွက်နေတာ ကိုကြားသိရတယ်။
ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီပံ့ပိုး ချင်တယ်။ ကျနော်တို့က
အမျိုးသမီများ အချင်းချင်း ချိတ်ဆက် ကွန် ယက်ဖွဲ့ ဆောင်ရွက်ရေး၊
စွမ်းဆောင် ရည် မြှင့်တင်ရေး တို့က တဆင့် ဆုံးဖြတ်ချက် ချရာမှာ၊ ငြိမ်း
ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများ အဓိပ္ပါယ်ရှိစွာ
ပူးပေါင်း ပါ၀င် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ပံ့ပိုးပေးရန်
အသင့်ပါပဲ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း
ဒီလိုငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေကို
နေရာပေးဖို့ပိုပြီးလိုအပ်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကြိုးစား
ဖော်ဆောင်ရာမှာ အမျိုးသား အမျိုးသမီး တန်းတူအခွင့်ရေး ရရှိဖို့
လိုအပ်တယ်လို့ ပြောပါတယ်။
လက်ရှိ
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ပါ၀င်ပြီး အမျိုးသမီးထုရဲ့အသံကို
ကြားသိအောင် ဆောင်ရွက်နေတဲ့ အဖက်ဖက်မှ အဖွဲ့အစည်းတွေ အားလုံးကိုလည်း
ကြိုးစားအားထုတ်မှုတွေကိုလည်း ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က ကြိုဆိုနေနေတယ်လို့
ပြောပါတယ်။
ဒီသင်တန်းကို ငြိမ်းဖောင်ဒေးရှင်း(SHALOM FOUNDATION ) ၊ UN WOMEN နဲ့ Swiss peace တို့ကပူးပေါင်းပြီး ဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။
ဒေသခံ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့
ငြိမ်းဖောင်ဒေးရှင်းမှ ပြည်တွင်းရှိ အဖွဲ့အစည်းအသီးသီးမှ
အမျိုးသမီးအဖွဲ့တွေကို ဖိတ်ကြားပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။
ငြိမ်းဖောင်ဒေးရှင်းမှ
အစီအစဉ်နှင့်နိုင်ငံတကာဆက်ဆံရေး ဒုဥက္ကဌ ဒေါ်ဂျာနန်က
သင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)ကို
ယခုလိုရှင်းပြပါတယ်။
ကုလသမဂ္ဂ
အမျိုးသမီးအဖွဲ့မှ Simon Tordjman က ပြည်တွင်း အဖွဲ့အစည်းအသီးသီးမှ
အမျိုးသမီးကိုယ်စာလှယ်တွေကို သင်တန်းပို့ချနေစဉ် (ဓါတ်ပုံ-ကေတီ)
“ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့လုပ်ငန်းစဉ်မှာ
အမျိုးသမီးတွေရဲ့ပါဝင်ရမည့် အခန်းကဏ္ဍကလည်း နှစ်ဖက်က ပုဂ္ဂိုလ်တွေက
စပြီးပြောလာတယ် အဲလိုပြောလာတာနဲ့ ကျမတို့အနေနဲ့ ငြိမ်းချမ်းရေး
စားပွဲမှာပါဝင်တဲ့ အမျိုးသမီးတွေ ဆွေးနွေးပွဲတွေမှာ ပါတဲ့အနေနဲ့သော်
လည်းကောင်း စောင့်ကြည့်တဲ့ အဖွဲ့အစည်းအနေနဲ့ ပါဝင်တဲ့သူတွေ လည်းကောင်း
ထောက်ပံ့ပေးနေ တဲ့သူတွေ သော်လည်းကောင်း အဓိကထားဆောင်ရွက်ပြီးတော့ သူတို့အတွက်လိုအပ်တဲ့ အရည် အချင်းတွေ အတွေ့အကြံုနဲ့ ထိတွေ့မှုတွေရှိဖို့ ဒီသင်တန်းကို လုပ်ရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။
WOMEN IN PEACE MAKING သင်တန်းကို
ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းမှ ကိုယ်စားလှယ်တွေ၊ Local
NGOs အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားဒေသတွေဘက်က ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ကြတဲ့သူတွေကနေပြီး စုစုပေါင်းလူဦးရေ ၂၀
ကျော်တက်ရောက်ကြပါတယ်။
Posted in: သတင်း
Email This
BlogThis!
Share to Facebook