“နေ့ခင်းပိုင်းမှာ မီးညွန့်ကျိုးသွားပါပြီ။ ဘယ်ကစလောင်သလဲဆိုတာတော့ စုံစမ်းနေဆဲပါ။ မြို့လယ် ရပ်ကွက်နဲ့ နမ့်မွန်းရပ်ကွက်မှာ လောင်တာ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်” ဟု နမ့်ဆန်မြို့ဒေသခံ ဆရာဦးအောင်ထွန်းက သျှမ်းသံတော်ဆင့်အားပြောပါသည်။

နိုဝင်ဘာ ၂ ရက် ယနေ့မနက် ၁၀ နာရီကျော်အချိန် မြို့လယ်ရပ်ကွက်မှ မီးစလောင်သည်ဟု သာ သိရ၏။ မီးလောင်ခြင်းအကြောင်းရင်းကိုမူ မသိရသေးပါ။ မီးလောင်မှုအား နမ့်ဆန်မြို့ မီးသတ်ကား ၂ စီး၊ ရေသယ်ကားတစီး နှင့် ပုဂ္ဂလိကကုမ္မဏီမှ မီးသတ်ကားတစီး စုစုပေါင်း ၄ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရကြောင်း မီးငြိမ်းသတ်ရေး၌ ပါဝင်သူလူငယ်တဦးက ပြောပါသည်။
“အခုလောလောဆယ် ဒုက္ခသည်က ၃၀၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရ တယ်။ ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၂ သောင်းလောက်ရှိမယ်” ဟု ကူညီရေးလုပ်ငန်း လှုပ် ရှားဆောင်ရွက်နေသည့် ဆရာအောင်ထွန်းကပြောပါသည်။
တဖက်ကလည်း အောက်တိုဘာလဆန်းကစ၍ ယနေ့အထိလည်း နမ့်ဆန်မြို့တဝိုက်တအာင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် TNLA အား မြန်မာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသ ဖြင့် ကျေးလက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများလည်းမြန်မာစစ်တပ်၏ဖမ်းဆီး စစ်ဆေးမှုခံနေကြ ရကြောင်း ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံး၏ သတင်းစာမျက်နှာ တွင်ဖော်ပြထားပါသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3615-2012-11-02-08-56-32.html