November 3, 2012

ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်ချက်တွေရှိဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ မှတ်ချက်ပြု


ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (José Manuel Barroso) က မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး တော်တော်များများ လုပ်ဆောင်လာတာ တွေ့ရပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရသေးတာလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခမျိုးတွေကို ဖြေရှင်းရမယ့် စိန်ခေါ်ချက်တွေဟာ ရှိနေတုန်းပဲလို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး  ၀န်ကြီး ဦးအောင်မင်းနဲ့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာ မှာ ဒီကနေ့ တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့တာပါ။ အပြည့်စုံကိုတော့ ဒီပွဲကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့  သတင်းထောက် ကိုသူရစိုးကို မနန္ဒာချမ်းက မေးမြန်းထားပါတယ်။

မနန္ဒာချမ်း။ ။ ဒီကနေ့ ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် နဲ့ ၀န်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံခဲ့တယ်ဆိုတော့ သူတို့ အဓိက မြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေး ပြောဆိုခဲ့ကြလဲရှင့်။

ကိုသူရစိုး။ ။ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးအောင်မင်း ပြောသွားတာကို ငြိမ်းချမ်းရေး စင်တာကို သမ္မတကြီးက ဖွင့်ခွင့်ပေးလိုက်ပြီ။ ဒီအထဲမှာ တိုင်းရင်းသားတွေ ပါ၀င်လာမှာဖြစ်သလို နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် တနေရာတည်းမှာ လုပ်လို့ရဖို့အတွက် ဒီ ငြိမ်းချမ်းရေး စင်တာကို ဖွင့်လိုက်တာလို့ ဦးအောင်မင်းက ပြောသွားပါတယ်။

ဦးအောင်မင်း။ ။ “ငြိမ်းချမ်းရေးစင်တာ (Peace Center) ကို သမ္မတကြီးရဲ့ အမိန့်နဲ့ (presidential order) နဲ့ ဖွဲ့ခွင့် ပေးလိုက်တယ်။ အဲဒီထဲမှာ ဘယ်သူတွေပါလဲ ဆိုတော့ အစိုးရပါမယ်။ နောက်ပြီးတော့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါမယ်။ နောက်ပြီးတဲ့အခါ ကျတော့ ငွေကြေးအလှူရှင်တွေ ပါမှာပေါ့။ အဲဒီ အလှူရှင် supporting group မှာလည်း ကျနော်တို့ အခု ကျနော်တို့ ကတိပေးထားတာပေါ့။ နိုင်ငံ ၆ နိုင်ငံ ရှိတာပေါ့။ နော်ဝေ၊ သြစတြေးလျ၊ ယူကေ၊ World Bank ၊ UN အဲဒီအဖွဲ့တွေပေါ့။ ဒါကတော့ ပြောရရင်ဗျာ ငြိမ်းချမ်းရေး ရသွားပြီးရင် ဒီနယ်မြေဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ရမယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာပါတဲ့ demining, demobilization, rehabilitation၊ နောက်ပြီးတော့ security sector reform ဒါတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အစီအစဉ်တွေပေါ့။ ဒါတွေ အားလုံးကို ကျနော်တို့ လုပ်သွားမှာ။ သို့သော် ဒီလို ဖွဲ့လိုက်ခြင်းအားဖြင့် ကျောင်းဆောက်ချင်တဲ့သူက ပညာရေးဝန်ကြီး သွားပြောစရာ မလိုတော့ဘူး။ ဆေးရုံးဆောက်ချင်တဲ့သူက ကျန်းမာရေးဝန်ကြီးဌာန သွားပြောစရာ မလိုဘူး။ ဒီမှာပဲ workshop service တခါတည်း လုပ်သွားမယ်။”

မနန္ဒာချမ်း။  ။ ဒါဆိုရင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ကရော မြန်မာနိုင်ငံ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ဘက်က တခုခု ပြောတာမျိုးရော ရှိလားရှင့်။

ကိုသူရစိုး။  ။ ဟုတ်ကဲ့။ သူက မြန်မာနိုင်ငံဟာ အခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်နေ ပြီ။ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား လုပ်ဆောင်နေတယ် ဆိုပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတုန်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရဘဲ ဒီမိုကရေစီ မဖော်ဆောင်နိုင်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်၊ လွှတ်ပေးဖို့လိုတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယို ပဋိပက္ခတွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တယ်။” လို့ ပြောပါတယ်။

နောက်တခုက သူ့အနေနဲ့ ဒါတွေကို အာဏာပိုင်တွေအနေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ကိုလည်း သူ တိုက်တွန်းခဲ့တယ်လို့ ပြောသွားပါတယ်။ ဒါနဲ့တဆက်တည်းပဲ ဒီ ငြိမ်းချမ်းရေး စင်တာရဲ့ အကြံပေးတဦးဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးကလည်း ဒီ ငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီး ဦးအောင်မင်းနဲ့ အီးယူကော်မရှင် ဥက္ကဋ္ဌနဲ့ လက်မှတ်ထိုးတယ် ဆိုတာဟာ အီးယူအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံတာရယ်၊ ငြိမ်းချမ်းရေးစင်တာ ကို ထောက်ခံတဲ့ အကြောင်းနဲ့ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေးစင်တာရဲ့ နောက်ဆက်တွဲ လုပ်သွားမယ့် လုပ်ဆောင်ချက်တွေကို ရှင်းပြပါတယ်။

ရန်ကုန်မှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုသူရစိုုးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ မြန်မာအစိုးရဝန်ကြီး ဦးအောင်းမင်းနဲ့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ်တို့ တွေ့ဆုံချိန်မှာ အဓိက ကတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဖြစ်မြောက်အောင်လို့ ဥရောပ ကော်မရှင် အနေနဲ့ အကူအညီတွေ ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မစ္စတာ ဟိုဆေးဟာ ရန်ကုန်ကို မလာခင် ဒီကနေ့ မနက်ပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၂၀၀ ကို ရှေ့လာမယ့်နှစ်ကစလို့ ထောက်ပံ့ ကူညီဖို့ကိုလည်း ကတိပြုခဲ့တာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/burma-eu-11-03-12/1538875.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India