
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။
“ ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ ” ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။
SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။
ဗိုလ်မှူးကြီးစိုင်းထူးက - “ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင် စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်” ဟု ဖြေရှင်းပြောဆိုသွားပါသည်။
အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3644-2012-11-13-09-09-55.html