
Saturday, November 03, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ်တွေမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အီးယူဥရောပသမဂ္ဂနဲ့
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့
တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅
နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ
ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ နိုဝင်ဘာ ၃
ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ
အီးယူဥရောပသမဂ္ဂရဲ့ ဥက္ကဌ မစ္စတာ ဟိုဆေး-ဘာရိုဆိုနဲ့ မြန်မာအစိုးရရဲ့
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြပြီး
သဘောတူညီချက်အရ အီးယူ အနေနဲ့ မြန်မာနိုင်ငံရဲ့
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အထောက်ကူဖြစ်စေဖို့
ကနဦးကူညီငွေ ယူရို (၇) သိန်းကို ၂၀၁၂ ခုနှစ် မကုန်ခင်
ပေးအပ်ကူညီသွားမယ်လို့ သိရပါတယ်။
မစ္စတာဘာရိုဆိုက မြန်မာနိုင်ငံရဲ့ အခုလိုအပြောင်းလဲကာလမှာ
ရခိုင်ကိစ္စလို ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပေမဲ့ မြန်မာနိုင်ငံအနေနဲ့
အဲဒီအခက်ခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မိမိအနေနဲ့
ယုံကြည်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။
အီးယူအနေနဲ့ ၂၀၁၃ ခုနစ်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်မှုလုပ်ငန်းစဉ်တွေအတွက် ယူရိုငွေ သန်း (၃၀) ထပ်မံ
ကူညီပေးအပ်သွားမယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂ ဥက္ကဌဟာ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတယ်လို့ NLD ပါတီက
သတင်းထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂဥက္ကဌနဲ့အတူ ရန်ကုန်အခြေစိုက် EU ရုံး
တာဝန်ခံနဲ့အဖွဲ့တို့ပါ၀င်တယ်လို့ NLD ပြန်ကြားရေးဌာနက မိုးဇော်သိန်းက
ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး
အသေးစိတ်ကြေညာခြင်းမရှိပါဘူး။
http://www.rfa.org/burmese/news/eu-fund-peacebuilding-11032012120151.html
Posted in: နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook