မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ်တွေမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အီးယူဥရောပသမဂ္ဂနဲ့
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့
တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။မစ္စတာဘာရိုဆိုက မြန်မာနိုင်ငံရဲ့ အခုလိုအပြောင်းလဲကာလမှာ ရခိုင်ကိစ္စလို ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အဲဒီအခက်ခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။
အီးယူအနေနဲ့ ၂၀၁၃ ခုနစ်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်တွေအတွက် ယူရိုငွေ သန်း (၃၀) ထပ်မံ ကူညီပေးအပ်သွားမယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂ ဥက္ကဌဟာ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂဥက္ကဌနဲ့အတူ ရန်ကုန်အခြေစိုက် EU ရုံး တာဝန်ခံနဲ့အဖွဲ့တို့ပါ၀င်တယ်လို့ NLD ပြန်ကြားရေးဌာနက မိုးဇော်သိန်းက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး အသေးစိတ်ကြေညာခြင်းမရှိပါဘူး။
http://www.rfa.org/burmese/news/eu-fund-peacebuilding-11032012120151.html







Saturday, November 03, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: