December 22, 2012

လိုင်ဇာကို စစ်ဆင်သော မြစ်ကြီးနား- လိုင်ဇာ လမ်းကြောင်း၌ တိုက်ပွဲ ပြင်းထန်


Myintkyina 01ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ဌာနချုပ်လိုင်ဇာကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် ကြိုးစားနေသာ အစိုးရ တပ်ဖွဲ့များသည် အဆိုပါလမ်းကြောင်း (၃)ခုထဲမှ မြစ်ကြီးနား- လိုင်ဇာလမ်းပိုင်းဖက်ရှိ ဂန်တောင်ယန်နှင့် မလိကန်လမ်းပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများ စတင်ဖြစ်ပွားနေသည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိတစ်ဦးက ပြောပါသည်။
“အဲဒီလမ်းကြောင်းမှာ အစိုးရတပ်ဖွဲ့ အင်အား (၄၀၀) ခန့် ရှိမယ်။ သူတို့က မြစ်ကြီးနားကနေ တက်လာတယ်။ ဒါကို ကျနော် တို့က သူတို့တက်လာတဲ့ လမ်းတလျှောက်မှာ ဖြတ်တိုက်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်သလို မနက်ကတည်းကနေ ညနေ (၅)နာရီအချိန်အထိ ဆက်ဖြစ်နေတဲ့အတွက် အစိုးရတပ်တွေ ရှေ့ကိုမတိုးနိုင်သေးဘူး။” ဟု ဆိုပါသည်။
ဤတိုက်ပွဲများ အစိုးရတပ်ဖွဲ့များသည် KIA ၏ မိုင်းကွင်းများနှင့် လက်နက်ကြီးစက်ကွင်းများကြောင့် ထိခိုက်မှုရှိနေပြီး ရှေ့မတိုးနိုင် ခြင်းဖြစ်သည်ဟု KIA ဖက်မှ တွက်ဆထားပါသည်။
ဤစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ စစ်ယာဉ်တန်း (၂၁) စီးနှင့် စစ်အင်အား (၂၅၀) ခန့် သည် ရွှေညောင်ပင် အခြေစိုက်ခမရ (၃၂၁) တပ်စခန်းသို့ ရောက်ရှိလာပါသည်။ ဤလမ်းကြောင်းမှ ဂန်တောင်ယန်သို့ ဆက်လက်ချီတက်ပြီး ကေအိုင်အေ လိုင်ဇာဌာနချုပ်ကို မြောက်ဖက်မှ ထိုးစစ်ဆင်ရန်ဖြစ်ပါသည်။
ဒုတိယလမ်းကြောင်းဖြစ်သည့် ဗန်မော်- လိုင်ဇာလမ်းကြောင်းမှလည်း အထူးတပ်များအပါ၀င် တခြားစစ်တိုင်းအသီးသီးမှ ထုတ်နှုတ်ထားသော တပ်ဖွဲ့များတင်ဆောင်ထားသော သဘောင်္ (၂) စီးသည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာပါသည်။
ဤတပ်များသည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဗန်းမော်- မိုးမောက်- မြို့သစ်လမ်းကြောင်းမှ ဒေါ့ဖုန်းယန်မြို့သို့ ၁၀၅ မမ (၂) လက်နှင့် သံချပ်ကာကား (၂) စီးပါသော စစ်ယာဉ်တန်း (၂၀) စီးဖြင့် ချီတက်လာခဲ့ပါသည်။ ဤစစ်ကြောင်းအား ဒေါ့ဖုန်းယန်မြို့ မရောက်မီ KIA က (၂) ကြိမ်တိုင် ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။
ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂၄၅ အချိန်တွင် KIO ဗဟိုဌာနချုပ်ဟောင်းအနီးရှိ အစိုးရ နာဖေါ့(Na Hpaw) စစ်စ ခန်းသို့ ရဟတ်ယာဉ်တစ်စီး ရောက်ရှိကာ အချိန်တိုအတွင်း မြစ်ကြီးနားသို့ ပြန်လှည့်သွားခဲ့ပါသည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၅) နာရီအချိန်တွင်လည်း လက်နက်ကြီးနှင့် အမြောက်ကျည်များ တင်ဆောင်ထားသော စစ်ယာဉ် (၇) စီးသည် ဒေါ့ဖုန်းယန်မြို့မှတဆင့် ခန်းကိုင်တောင်ပေါ်ရှိ အစိုးရအမြောက်တပ်ရင်း (၃၆၄) တပ်စခန်းသို့ ့ ဆက် လက်ချီတက် လာခဲ့ပါသည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၄) နာရီခွဲမှ (၅) နာရီအကြားတွင် ဒေါ့ဖုန်းယန်မြို့နယ်ရှိ ဘွမ်ဆောမ်စခန်းတွင် အခြေပြု ထားသော အစိုးရတပ်ဖွဲ့တို့သည် လဂျားယန်ရှိ ကေအိုင်အေ တပ်စခန်းသို့ လက်နက်ကြီးဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု KIA ဖက်ကဆိုပါသည်။

kiokia
တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော KIA တပ်ဖွဲ့များ(ဓါတ်ပုံ KIA)  

ဤသည် KIA လိုင်ဇာဗဟိုဌာနချုပ်သို့ စစ်ဆင်ရန် လမ်းကြောင်း (၃)ခုထဲမှ လမ်းကြောင်းနှစ်ခုတွင် အစိုးရတပ်ဖွဲ့က စတင် တိုက်ခိုက်လာနေပြီး ဖြစ်သည်။ ကျန်သည့်စတန်ပါ -လိုင်ဇာလမ်းကြောင်းသည် လိုင်ဇာစစ်ဆင်ရေး အချက်အခြာကျသော ပင်မစစ်ဗျူဟာ လမ်းကြောင်းဖြစ်ပါသည်။ ဤလမ်းကြောင်းသည် မြစ်ကြီးနား- လိုင်ဇာ နှင့် ဒေါ့ဖုန်ယန်း-လိုင်ဇာလမ်းကြောင်းမှ စစ်ရေး ပြင်ဆင်မှုအခြေအနေအပေါ် မူတည်ပြီး လှုပ်ရှားသွားမည်ဟု ခန့်မှန်းရပါသည်။
အစိုးရတပ်များသည် ဤစစ်ဆင်ရေးအတွက် ရိက္ခာနှင့် စစ်ပစ္စည်းများသယ်ဆောင်ရန် မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒေသ ခံအနေများသော ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ပေါ်တာများ လိုက်လံဖမ်းဆီးနေသည်ဟု ဆိုပါသည်
ဤသို့ကြောင့် အစိုးရ၏ လမ်းကြောင်းသုံးကြောင်းကို အခြေပြုသော လိုင်ဇာစစ်ဆင်ရေးသည် ပြင်းထန်လာဖွယ်ရာရှိနေပါ သည်။ ဤအထဲမှ KIA သည် မြစ်ကြီးနား- လိုင်ဇာလမ်းပိုင်းဖက်ရှိ ဂန်တောင်ယန်နှင့် မလိကန်လမ်းပိုင်းမှ တက်လာသော အစိုးရစစ်ကြောင်းများကို ချေမှုန်းနေပြီးဖြစ်ပါသည်။
အကယ်၍ဤလမ်းကြောင်းမှ အစိုးရစစ်ကြောင်းများ ချေမှုန်းခံရပြီး ဦးကြိုးသွားပါက ယခုဆင်ထားသော အစိုးရစစ်ဆင်ရေး သည်လည်း ယာယီရပ်တန့်သွားဖွယ်ရှိကြောင်း အကဲဖြတ်များက ယူဆနေပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2547-2012-12-22-12-02-27.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India