December 22, 2012

KNU ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက် မကြာခင် ပြီးဆုံး


Karen flagကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကရင့်အမျိုးသား အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏လမ်းစဉ် () ရပ် အတိုင်း အပြောင်းအလဲမရှိ ဆက်လက်ကျင့်သုံးသွားမည်ဟု (၁၅) ကြိမ်မြောက် ကွန်ဂရက်မှ ဆုံးဖြတ်လိုက်ကြောင်း ကွန်ဂရက်ကိုတက် ရောက်နေသည့် ကိုယ်စားလှယ်တဦးက ဆိုပါသည်။
စောဘဦးကြီး လမ်းစဉ်နဲ့ဘဲသွားမယ်။ အပြောင်းအလဲမရှိပါဘူး။ အခုဖြစ်နေတာက စည်းလုံးညီညွတ်ရေး ပြသနာတွေ ပါ။ ဒါကိုပြန်လည်စုစည်းပြီး စည်းလုံးညီညွတ်မှု ခိုင်မာအောင် လုပ်တာဖြစ်ပါတယ်။ အခုတော့အဆင်ပြေသွားပါပြီး။ ဗိုလ်ချုပ်ကြီးမူးတူး ဆေးဖိုးကိုယ်တိုင်လည်း ပါတီဥက္ကဌ ဖြစ်နေပြီးဆိုတော့ အခြေအနေက ပုံမှန်ဖြစ်သွား ပါလိမ့်မယ်။ဆိုပါသည်။
KNU ကွန်ဂရက်သည် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လေးဝါးစခန်း ကျင်းပရာ ကိုယ်စားလှယ်ပေါင်း (၁၇၀) ကျော်ဖြင့် တလနီးပါးကြာ ကျင်းပနေခဲ့ပါသည်။
KNU သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တချိန်ထဲ ၌နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုလည်း စည်းလုံးညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ၏မူအား အခြေပြု၍ တဖွဲ့ချင်းဆွေးနွေးသွားမည် ဖြစ်သလို စုပေါင်းလည်းဆွေး နွေးသွားမည်ဟု ကွန်ဂရက်က ဆုံးဖြတ် ထားကြောင်း ဆိုပါသည်။
ကရင့်ပြည်သူများအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာသည့် ခိုင်မာမှုကိုပြသရန် လိုလားလျက်ရှိပါသည်။ နို်င်ငံရေးအရ ဆွေးနွေးရာတွင်လည်း အချိန်ကါလအပိုင်းအခြားများ အတိအကျကိုသတ်မှတ် ပြီး ဆွေးနွေးသွားရန် လိုအပ်သည်ဟု အဆိုပြုနေကြပါသည်။
 
reuters burma thein sein karen 07Apr12-resized
KNU ခေါင်းဆောင်များနှင့် သမ္မတတွေ့ဆုံစဉ် 

ဤလမ်းစဉ် ဆုံးဖြတ်များဖြင့် ကွန်ဂရက်သည် အောက်ပါပုဂ္ဂိုလ်များဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ KNU ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူးသစ်အဖြစ် ပဒိုကွယ်ထူးဝင်း (တပ်မဟာ ၄ ဒေသထားဝယ်ခရိုင် ဥက္ကဋ္ဌ) တွဲဖက်အတွင်းရေးမှူး (၁) ပဒို သောသီဘွဲ နှင့် တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုမန်းမန်းတို့ကို ရွေးချယ်ခဲ့ကြပါသည်။
KNU အမြဲတမ်း ဗဟိုကော်မတီဝင် ၃၁ ဦးကိုမူ လောလောဆယ်မရွေးချယ်ရသေးဘဲ ရပ်ထားခဲ့သည်ဟု ညီလာခံကို တက်ရောက်နေသော ကိုယ်စားလှယ်ကဆိုပါသည်။ ကွန်ဂရက်ကိုလည်း ခရစ်စမတ်မတိုင်ခင် အဆုံးသတ်မည်ဟုဆိုပါ သည်။
KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်ပါသည်။ KNU သည် ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင် လမ်းစဉ်ကို စတင်ကျင့်သုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်နယ်အဆင့် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးအကြိမ် သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းသဘောတူညီချက်များအတိုင်း ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ မြဝတီမြို့နယ်နှင့် ဖါးအံမြို့တို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီး ဖြစ် ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2546-knu-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India