December 22, 2012

၁၈နှစ်မြောက် DKBA တပ်မတော်နေ့ ကျင်းပပြီးစီး

ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ဒီဇင်ဘာလ ၂၁ရက်နေ့ ကျရောက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တည်ထောင်ခြင်း ၁၈နှစ်မြောက် နှစ်ပတ် လည်နေ ့အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကွင်း (ကော်သူးမွဲးခီး)တွင် ယမန် နေ့ မနက်ပိုင်းက ကျင်းပပြီးစီးခဲ့သည်။
အခမ်းအနားကို နံနက် ရနာရီအချိန်ခန့်တွင် DKBA ဂုဏ်ပြုစစ်ရေးပြတပ်ဖွဲ ့အပါအဝင် စစ်ကြောင်း ၁၀ ကြောင်းကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်မှ စစ်ဆေးခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် နာယက ဆရာတော်ဘုရားကြီး မြိုင်ကြီးငူ ဆရာတော် ဦးသုဇနမှ သြဝါဒကထာ မြွက်ကြားခြင်း၊ ဗိုလ်ချုပ်ကြီးစောလားပွယ်နှင့် Kaloo-htoo-baw Karen Organization (KKO) ဒုဥက္ကဌ ဗိုလ်မှူးချုပ်စောမိုရှေးတို့က မိန့်ခွန်းစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
“အခုလို DKBA နေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပတာဟာ အဖွဲ ့အစည်း မပျောက်ပျက်သွားအောင် နောင်လာမယ့် တပ်သား တွေကို ထိန်းသိမ်းစေချင်တယ်။ ကျနော်တို့အဖွဲ့တစ်ခုထဲ ကိုယ်စားပြုပြီး လုပ်တာမဟုတ်ဘူး။ ကရင်လူထုအတွက်ရော၊ အစိုးရ ကို တော်လှန်နေတဲ့ တိုင်းရင်သားအဖွဲ့တွေကိုပါ ကိုယ်စားပြုပြီးတော့ လုပ်တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အစဉ်အ လာကို ဆက်လက် ထိန်းသိမ်းသွားဘို့ လိုမယ်”ဟု ဗိုလ်ချုပ်ကြီး စောလားပွယ်က ပြောသည်။
စစ်အစိုးရက DKBA တပ်ဖွဲ့၏ အစိတ်အပိုင်းအချို့ကို နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် အသွင်ပြောင်း ဖွဲ့ စည်းစေခဲ့ရာ လက်မခံသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဗိုလ်ချုပ်ကြီးစောလားပွယ်က ဦးဆောင်ကာ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာ လတွင် အစိုးရအား ပြန်လည်တော်လှန်ခဲ့သည်။
“ဒီကေဘီအေကို ပပျောက်အောင် ကြိုးစားလုပ်ဆောင်နေတဲ့ အဖွဲ ့တွေထဲမှာ မြန်မာအစိုးရသာမက တခြားအဖွဲ့အစည်းတွေ လည်း ရှိကြပါတယ်။ ကျနော်တို့လည်းပဲ နိုင်ငံနှင့် လူမျိုးအတွက် ရပ်တည်တဲ့ အဖွဲ့အစည်းတခုပဲ။ ဒါကြောင့် ဘယ်သူတွေဘာပဲ လုပ်လုပ် ဒီကေဘီအေကို ဆက်လက်ရှင်သန်အောင် လုပ်ရမယ်။ ရှင်သန်ဘို့အတွက်လည်း ကျနော်တို့အနေနဲ့လည်း တာဝန်ရှိ တယ်”ဟု ကလို့ထူးဝါး စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ်စောကျော်သက်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ဒီကေဘီအေ၏ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒီကေဘီအေ ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က “နိုင်ငံရေးနဲ ့ ပတ်သက်ရင်တော့ ကျနော်တို့က မိခင် KNU အဖွဲ ့နဲ့ပဲ အတူလက်တွဲ ဆောင်ရွက်သွား မယ်။ ဒါပေမဲ့ အရပ်သားအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်မယ်ဆိုရင် ကျနော်တို့လည်း မထောက်ခံ စရာ အကြောင်းမရှိပါဘူး။ အခုဟာက ငြိမ်းချမ်းရေးကို လိုလားတယ်လို့ အော်ထားပြီးတော့ ကချင်ဘက်မှာ တိုက်ပွဲတွေ နေ့စဉ် လိုလို ဖြစ်နေကြတယ်။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စပါ”ဟု သူက ပြောသည်။
ဗိုလ်ချုပ်ကြီးစောလားပွယ်က “ကျနော်တို့ DKBA က ကရင်ခေါင်းဆောင်ကြီးများရဲ့ အဓိပ္ပာယ်ရှင်းလင်း ပြတ်သားပြီး တိကျခိုင် မာတဲ့၊ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ မိန့်မှာချက်များကို သေသေချာချာ နာယူမှတ်သားပြီးတော့ မိမိတို့အဖွဲ့အ စည်းနဲ့ မိမိတို့အမျိုးသားထုတရပ်လုံးရဲ့ ဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မမေ့မလျှော့ မလျှော့သောဇွဲနဲ့ မိမိတို့ရဲ့ ပန်းတိုင်ကို မရောက် မချင်း ဆက်လက်ချီတက်သွားကြမယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် (NLD)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။
၁၈နှစ်မြောက် ဒီကေဘီအေ တပ်မတော် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ ၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်တပ်မတော်၊ မြဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် အစိုးရ၏ ဒေသဆိုင်ရာ စစ်တပ်အရာရှိများအပြင် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပါအဝင် ဧည့်ပရိဿတ် လေးထောင်ကျော် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကိုသားထွေး ဦးဆောင်သော “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း”အဖွဲ့ကလည်း ငြိမ်းချမ်းရေး တေးဂီတ စင်တင်ပွဲ၊ ကရင်ဒုံးယိမ်းအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင် အကတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။

http://www.kicnews.org/?p=14858
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India