December 22, 2012

တိုင်းရင်းသား အခွင့်အရေး များနှင့် ပတ်သက်သော တိုက်ပွဲများ


Panwa 11ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့ တို့ သည် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ရှိ ပန်ကနိုင်ရွာ- မန်ပွန် ရွာကြားတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့တို့နှင့် ယမာန်နေ့ က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA ပြောခွင့်ရှိသူ ဗိုလ်မှုုးတာဘုန်းကျော်က ပြောပါသည်။
“ ဒီဘက်မှာတော့ တိုက်ပွဲကနေ့တိုင်းဖြစ်နေတာဘဲ။ တိုက်ပွဲကြီးတော့ မဟုတ်ပါဘူး။ မနေ့ကလဲ အရင်ကဖြစ်ခဲ့တဲ့ နေရာမှာ ဘဲ ပန်ကနိုင်ရွာ- မန်ပွန်ရွာကြားမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ပူးပေါင်းတပ်ကတော့ ကျနော်တို့ (၁၁၂) တပ်ရင်းနဲ့ KIA တပ် မဟာ(၄)တပ်ရင်း (၈) ပူးပေါင်းထားတဲ့တပ်ဖြစ်တယ်။ အစိုးရဘက်ကတော့ အရင်ကလိုဘက်တံ ဆိပ် တွေမှာ တပ်ရင်းနံပါတ်တွေ မတပ်တော့ဘူးဗျ။ ရတခကလား၊ တပ်မကလွှတ်လာတာလားဆိုတာ မသိရတော့ဘူး၊ ဒါကနည်း ပရိယာယ်အသစ်လဲ ဖြစ်နိုင်ပါတယ်။ စုံစမ်းနေဆဲပါ။” ဟု ဆိုပါသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုများ မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့သည် စစ်ကြောင်းဖြင့် လှုပ်ရှားလာသော အစိုးရစစ်ကြောင်း များကို ပျောက်ကြားစနစ်ဖြင့် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် အစိုးရဖက်က ချွေစစ်ခံနေရကြောင်း ဆိုပါသည်။
အလားတူ KIA တပ်မဟာ (၁) ဧရိယာရှိ ပန်ဝါစစ်ဒေသတွင် အခြေစိုက်ထားသော အူရားကောင် (U Ra Kawng) စခန်း နှင့် မဝေးလှသော အစိုးရစခန်းငယ်တခုကို KIA တပ်ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ (၂၀) ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ကဆိုပါသည်။ အဆိုပါစခန်းသည် နယ်ခြားမှတ်တိုင် (၅/၆) ကို ပိုင်းထားသဖြင့် အစိုးရတပ်ဖွဲ့များကို ခါးပြတ်စေပြီး အစိုးရစစ်ဆင်ရေးကိုပါ ထိရောက်သော အနှောက်အယှက်များ ပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် အရေးနိမ့်ခဲ့သည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးကိုယ် တိုင် ကြီးကြပ်ပါ၀င် စစ်ဆင်ရေးဖြစ်သည်။ မြောက်ပိုင်းတိုင်း တိုင်းမှူးသည် တပ်မ (၈၈) တပ်မှူးဘဝမှ တိုင်းမှူးဖြစ်လာခဲ့သူ ဖြစ်ပါသည်။ သူသည်တပ်မမှူးဘဝကတည်းကပင် (၂၀၁၁) ခုနှစ်မှစပြီးKIA အားစစ်ဆင်ခဲ့သူဖြစ်သည်။ သို့သော်တပ်မမှူး ဘဝတလျှောက်လုံး စစ်ရေးဦးကြိုးလာခဲ့သူဟု KIA ကဆိုပါသည်။
အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများသည် KIA တပ်မဟာများတွင် သိသိသာသာလျှော့ချလာပြီး လိုင်ဇာဌာနချုပ်ကို ပြင်းပြင်း ထန်ထန်စစ်ဆင်လာပါသည်။ ဤစစ်ဆင်ရေးသည် တဖြည်းဖြည်းပြင်းထန်လာနေပြီး KIA နှင့် အစိုးရတို့၏ နောက်ဆုံးအား စမ်းပွဲဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။
Panwa 13
ဓါတ်ပုံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
အစိုးရသည် ပြည်နယ်/ ပြည်မများနှင့် တပ်မများမှ တပ်ဖွဲ့များကို ထုတ်နှုတ်ပြီး KIA ဒေသသို့ စစ်ကူပို့ပေးနေပါသည်။ ဤ အချိန်သည် အခြားမည်သည့်တိုင်းရင်းသား တပ်ဖွဲ့များကိုမှ စစ်ဆင်ခြင်းမရှိပေ။ အစိုးရ၏တပ်ဖွဲ့လည်း တပ်ရင်းတရင်းတွင် တိုက်အား (၁၂၀)ခန့်သာ ရှိတော့သည်။ ဤသို့ကြောင့် KIA ကိုတပ်ရင်းပေါင်း (၁၄၀) ခန့် ပို့ထားသည် ဆိုသော်လည်း တပ်ဖွဲ့ နံပါတ်သာများနေခြင်းဖြစ်ပြီး တိုက်အားမှာ သိပ်မရှိလှပေ။
လက်ရှိ လိုင်ဇာစစ်ဆင်ရေး အထူးတပ်ကိုပင် သုံးနေရပါသည်။ ဤအထူးတပ်ကို KIA သည် အိန္ဒိယနယ်စပ် တိုက်ပွဲများ ရင်ဆိုင်ဖူးပြီးဖြစ်သည်။ အဝိုင်းခံနေရသော အစိုးရတပ်ကို အထူးတပ်ဖြင့် ၀င်ရောက်ကယ်ဆယ်သည့် တပ်ဖွဲ့မျိုးဖြစ်ကြောင်း
သိရပါသည်။

KIA ၏တိုက်ပွဲများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးအတွက် အဆုံးအဖြတ်ပေးသော တိုက်ပွဲများ ဖြစ်ပါသည်။ အခြားတိုင်းရင်းသားအဖွဲ့များသည် အစိုးရ၏ သွေးခွဲရေးစနစ်ကို နားလည်သည်ဆိုသော်လည်း လက်တွေ့မ ကျင့်သုံးနိုင်သည့် ဘဝ ရှိနေခဲ့ပါသည်။ ဤသို့ကြောင့် တိုင်းရင်းသားများ၏ တပ်ပေါင်းစုသည်လည်း တလျှောက်လုံးခိုင် မာမှုမရှိခဲ့ခြင်းဖြစ်ပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2548-2012-12-22-13-05-57.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India