December 21, 2012

အစိုးရ ဖြစ်ချင်သော ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ဦးအောင်မင်း ရှင်းလင်း


sd
အစိုးရငြိမ်းချမ်း ရေးကော်မီတီသည် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပုံစံကို (၂) ပိုင်း ခွဲထားလိုက်ပြီးဖြစ်ကြောင်း Myammar Peace Center ကျင်းပသော ချင်းအမျိုးသားတပ်ဦး CNF နှင့် ဆွေးနွေးစဉ် ပြည်ထောင်စု လုံခြုံရေးဝန်ကြီး ဦးအောင်မင်း က ပြောကြား သွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF တွဲဖက် အတွင်းရေးမှုုး ဒေါက်တာရွှေခါးက ပြောပါသည်။
“ကျနော်တို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ တို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှာ မူဘောင်မရှိကြပါဘူး။ မည်သည့် အချက်အပေါ် ဆွေးနွေးမှာလဲ ဒါလဲ ချမှတ်ထားတာ သဘောတူထားတာ မရှိပါဘူး။ ဘယ်အချက်အပေါ် ဆွေး နွေးကြမှာလဲ ဆိုတာကိုလဲ အစိုးရဘက်က တခါမှမပြောခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ ပြောလာနေ ပြီး။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပုံစံကို” ဟု ဆိုပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပသော ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်းပွဲတွင် ၀န်ကြီးဦးအောင်မင်းက ပြောကြားသွားခြင်း ဖြစ်ပါသည်။
ဦးအောင်မင်းသည် အပစ်အခတ်ရပ်စဲထားသော အဖွဲ့များနှင့် နိုင်ငံရေးအရ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဆွေးနွေး သည့်အခါ အဆင့်နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သွားရန်လိုကြောင်း၊ ပထမအဆင့်မှာ အစိုးရနှင့်ဆွေးနွေးရာ၌ အစိုးရဘက်မှ ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်း၌သာ ဆွေးနွေးသွားမည်ဖြစ်သဖြင့် ဤဘောင်အတွင်းသာ သဘောတူညီချက်ရယူ သွားရန်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ကို ကျော်လွန်သော ဆွေးနွေးမှုများကိုမူ ပင်လုံကဲ့သို့သော ပြည်ထောင်စုညီ လာခံတွင် တင်ပြဆွေးနွေးရန် ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းလင်းခဲ့ပါသည်။
ဦးအောင်မင်းတို့၏ ပြောင်းလဲလာသော သဘောထားအပေါ် CNF သည် “၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်ခံမယ် ဆိုရင် ယခုလို တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ရန် မလိုကြောင်း။ လက်နက်ကိုင် တိုက်ခိုက်နေရသည့် အကြောင်းရင်းသည် ယခုလက်ရှိ တည်ဆဲဥပဒေကို လက်မခံသည့် အတွက်ဖြစ်ကြောင်း၊ အစိုးရ၏ ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံ ဆိုတာဟာလည်း အချိန်ယူ စောင့်ကြည့်သွားရန် လိုအပ်တဲ့ကိစ္စဖြစ်ကြောင်း” ဒေါက်တာ ရွှေခါး ကပြောပါသည်။
UNFC 012
ဦးအောင်မင်းသည် အစိုးရ၏ ပေါ်လစီအတိုင်း ပြောနေခြင်းဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေးပေါ်လစီသည် ပြည်နယ်အ ဆင့်ဆွေးနွေးပွဲ အချက် ၅ ချက်သတ်မှတ်ထားပြီး ပြည်ထောင်စုအဆင့် အချက် ၈ ချက်သတ်မှတ်ထားပါသည်။ ဤအ ဆင့်များကို ကျော်ပြီး ဦးအောင်မင်း ပြောဆိုပိုင်ခွင့်မရှိနိုင်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အတွင်းရေးမှုုး ခွန်ဥက္ကာ ကဆိုပါသည်။
http://www.president-office.gov.mm/briefing-room/orders/2012/05/03/id-523
“ ဦးအောင်မင်းရဲ့ အနေအထားက အဲဒါဘဲ ပြောခွင့်ရှိတယ်လေ။ အဲဒီဘောင်ထဲမှာဘဲ ပြောနေတာ ၊ အလွတ်သဘောဆိုရင် တော့ ပြောချင်တာပြော ဒီသဘော ပြောနေတာနဲ့ တူတယ်။ CNF နဲ့ပြောနေတာက အကြိုညှိနှိုင်းပွဲဆိုတော့ ပြောချင်ရာ ပြောနေတာနဲ့ တူပါတယ်” ဟု ” ဟု ဆိုပါသည်။
ထို့ပြင် UNFC အနေဖြင့် အဖွဲ့၏ချမှတ်ထားသည့် မူ (၆) ချက် အပေါ်၌သာ ရပ်တည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆိုပါ သည်။ ဤသို့ကြောင့် စည်းကမ်းသတ်မှတ်ထားခြင်းမရှိသည့် ဆွေးနွေးပွဲဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုအဆင့် မဆွေးနွေးခင် နှစ်ဖက်ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်သွားရန် လိုအပ်သည်ဟု UNFC က ယူဆကြောင်း ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html
ဦးအောင်မင်းပြောနေသော ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံဆိုရာလည်း ၁၉၉၂/၉၃ ခုနှစ်တုန်းက အစိုးရဖက်က တဖက်သတ်ခေါ်ယူ ကျင်းပပေးခဲ့သည့် အမျိုးသားညီလာခံ ပွဲမျိုး ဖြစ်လာမည်ဟု ယူဆနိုင်ပါကြောင်း ခွန်ဥက္ကာက ပြော သွားပါသည်။
နိုင်ငံရေးအကဲခတ်များကမူ ပြည်ထောင်စု လုံခြုံရေးဝန်ကြီး ဦးအောင်မင်းမှ အလွတ်သဘောပြောနေသည်ဟု ဆိုသော် လည်း ဤသည်မူလရည်ရွယ်ထားသည့် ရည်မှန်းချက်ကို ပွင်းပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။ အပစ်ရပ်တိုင်း ရင်းသားအဖွဲ့များအနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ 2008 အခြေခံဥပဒေအတိုင်းသာ မပြောင်းမလဲ ဘဲ ဆက်လက်အကောင်အထည်ဖေါ်သွားမည်ကို အတိအလင်းဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြပါသည်။ 

http://phophtaw.org/burmese/index.php/news/local-news/2545-2012-12-21-12-47-21.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India