January 4, 2013

ကချင်ဒေသတွင်း ပြင်းထန်သောထိုးစစ်ကြောင့် တွေ့ဆုံဆွေးနွေးရေးနှောင့်နှေးနိုင်ဟု နိုင်ဟံသာပြော

မင်းသုတ – မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဦးအောင်မင်းအဖွဲ့နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေး နွေးပွဲကျင်းပ သွားရန် သဘောတူညီမှုရရှိထားသော်လည်း ယခုအခါအစိုးရတပ်ဖွဲ့က ကချင်ဒေသတွင်း ပြင်းထန်သောထိုးစစ်ဆင်နေခြင်းကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနှောင့်နှေးနိုင်သည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ(IMNA)
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ(IMNA)
နိုင်ဟံသာက “ကချင်တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်ဆိုတော့ ဆွေးနွေးရေးနှောင့်နှေးသွားနိုင်တယ်။ တွေ့ဆုံဆွေးနွေးဖို့ ပြည်တွင်းလား ပြည်ပလား ဆိုတာကိုလည်းအဖြေပေးဖို့ခက်နေတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ သဘောတူညီမှုရှိနေပါလျှက်နဲ့ စစ်ရေးအရ ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်လာတာဟာ အစိုးရအနေနဲ့ အပြောတမျိုး အလုပ်တမျိုး မရိုးသားတဲ့ သဘောထားရှိတယ်ဆို တာကိုပြသလိုက်တာဖြစ်တယ်” ဟု ပြောသည်။ ဦးအောင်မင်း ခေါင်းဆောင်သောမြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ဟံသာ ခေါင်းဆောင် သော UNFC ကိုယ်စားလှယ်တို့ လွန်ခဲ့သည့် နိုဝင်္ဘာလ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်း အရ တွေ့ဆုံဖြေရှင်းသွားရန်၊ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ရေးနှင့် ကချင်နှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်လျှက်ရှိသောအဖွဲ့အစည်းများအတွက် UNFC ပါဝင်ညှိနှိုင်းဖြေရှင်းသွားရန် သဘောတူညီမှုရခဲ့သည်ဟု သူက ပြောသည်။
ဒီဇင်ဘာလ နောက်ဆုံးပတ် ခရစ်စမတ်ကာလမှစတင်၍ မြန်မာအစိုးရ တပ်မတော်စစ်ရေး အရှိန်မြှင့်တင်ခဲ့ရာတွင် ဂျက်တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ်များဖြင့် ရော့ကက်လောင်ချာ၊ စစ်သေနတ်များပစ်ခတ်သည့်အပြင် ဗုံးကြဲခြင်း၊ ၁၀၅-၁၂၀ မီလီမီတာအမြှောက်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်နေသည့်လုပ်ရပ်အား UNFC မှပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ဇန်နဝါရီ(၁) ရက်နေ့စွဲဖြင့် ကျေညာချက်ထုတ်ပြန်ခဲ့သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ကို တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့(၁၁) ဖွဲ့ဖြင့်၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
၄င်းလေကြောင်းတိုက်ခိုက်မှုများကို အစပိုင်းတွင်အစိုးရတာဝန်ရှိသူများ ငြင်းဆိုခဲ့ကြသော်လည်း အမောင်းသင်ဂျက်လေယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယခုရက်ပိုင်းတွင် အစိုးရပြောရေး ဆိုခွင့်ရှိသူက ဝန်ခံပြောကြားခဲ့သည်ကို သတင်းဌာနများတွင် ဆက်လက်ဖော်ပြထားသည်။
မြန်မာအစိုးရ၏လေကြောင်းအင်အားအသုံးပြု ထိုးစစ်ဆင်မှုကိုဝန်ခံပြောကြားလာမှုအပြီး ၄င်းလေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ဖော်ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်များကို အစိုးရစစ်တပ်က လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှုများအပေါ်စိုးရိမ်မိကြောင်း၊ ၄င်းစစ်ပွဲအမြန်ဆုံးရပ်တန့်ရန်နှင့် အကောင်းဆုံး နည်းလမ်းရှာ၍ တွေ့ဆုံ ဆွေးနွေးမှုမှတဆင့် မတူညီမှုများကို ညှိနှိုင်း အဖြေရှာကြရန် ဇန်နဝါရီ ၂ ရက်နေ့တွင် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။
“ပြည်တွင်းစစ် အနှစ်(၆၀) ကျော်ကာလအတွင်းမှာ ငွေအားလူအားအများအပြားကိုသုံးပြီး ဖြတ်လေးဖြတ်၊ ဝိုင်းပတ်ပိတ်ဆို့ စတဲ့အစီအစဉ်ကြီးများနဲ့ တိုင်းရင်းသားတော်လှန် ရေး အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့ပေမဲ့ ပျက်ပြုန်းသွားရတဲ့အဖွဲ့တွေဆိုလို့ မရှိခဲ့ပါဘူး။ ဒီလုပ်ရပ်ရဲ့အကျိုးဆက်က ကျယ်ပြန့်တဲ့ပြည်သူတွေငတ်မွတ်ပြီး တိုင်းပြည်ခေတ်နောက် ကျနေရတာကို သင်္ခဏ်းစာမယူနိုင်သေးပဲ လက်နက်နဲ့ပဲဆက်ပြီးဖြေရှင်းနေချင်သေးတဲ့ အာဏာရခေါင်းဆောင်တွေဟာ တနေ့ပြည်သူ့တရားခံတွေဖြစ်လိမ့်မယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးစတင်ရရှိခဲ့ပြီး လပိုင်းတွင် မွန်၊ ကရင် စသည့်တိုင်းရင်းသားများ လက်နက်စွဲကိုင်တိုက်ခိုက်ရာမှ ပြည်တွင်းစစ် ယနေ့တိုင်ဆက်လက်ဖြစ်ရှိနေသည်ကို တွေ့ရှိနေရသည်။

http://burmese.monnews.org/?p=6089

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India