January 6, 2013

ကချင်အရေးကို ဘယ်သူမဆို ကြားဝင် ဆောင်ရွက်သင့်တယ်လို့ KIOပြော

 
ကချင်ဒေသမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ အစိုးရ စစ်တပ်အကြား မြေပြင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ချိန်မှာပဲ ကချင်ဒေသအရေးမှာ ကြားဝင် စေ့စပ်ပေးဖို့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာ ရပ်ခံသံတွေ ထွက်ပေါ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရထံက တရားဝင် ကမ်းလှမ်းလာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ကချင်ဒေသ အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ KIO ကို ဘီဘီစီက ဆက်သွယ် မေးခဲ့ရာမှာတော့ ကချင်အရေးဟာ တိုင်းရင်းသားအရေး၊ ပြည်တွင်းရေး ဖြစ်တာကြောင့် စိတ်ကောင်း စေတနာကောင်း ရှိသူ ဘယ်သူမဆို အားလုံး ပါဝင် ဆောင်ရွက်သင့်တယ်လို့ ယူဆကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်း က ဘီဘီစီကို ပြောပါတယ်။
ကချင်ဒေသအရေးကို ပြည်ပ နိုင်ငံတကာ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပြောဆိုတာတွေ ရှိနေချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးအနေနဲ့လည်း နိုင်ငံရေး ဆွေးနွေးမှုတွေ အကောင်အထည် ပေါ်လာရေးအတွက် အာရုံစူးစိုက်ပြီး တွန်းအားပေးသင့်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ရှိနေပေမယ့် စစ်အရှိန် လျော့သွားဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ အရင်လုပ်ဖို့ လိုတယ်လို့ ဦးလာနန်းက ပြောပါတယ်။
KIA တပ်ဖွဲ့တွေအနေနဲ့ ရထားလမ်းတွေ မိုင်းခွဲ၊ ဒေသခံ အမျိုးသမီးတွေကို ဖမ်းဆီး ခေါ်ဆောင်တာတွေ လုပ်နေတယ်လို့ တနင်္ဂနွေနေ့ထုတ် အစိုးရ သတင်းစာတွေ ထဲမှာ စွပ်စွဲ ဖေါ်ပြထားတာဟာ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေခြင်းအားဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ လက်လှမ်း မှီနိုင်မှာ မဟုတ်ကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130106_kia_assk_peace.shtml
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India