March 6, 2013

ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် အစိုးရ လာမည့် တနင်္လာနေ့ တွေ့ဆုံမည်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ မတ်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း KIO ပြောသည်။
ယခု ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံမည့်ဆွေးနွေးပွဲတွင်  သတ်မှတ်ထားသည့် နှစ်ဖက် ကိုယ်စားလှယ်များမှ ဦးဆောင်သွားမည်ဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို ကြိုတင် တရားဝင် မပြောပြနိုင်သေးကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်ကပြောသည်။
ဒီတကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ဆွေးနွေးသဘောတူထားသည့် အချက်များကို ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ပြီး မည်သည့်အဆင့်ထိ အကောင်အထည်ဖော် ဆွေးနွေးသွားမည့်ကိစ္စသည် ပြန်လည်ဆွေးနွေးမှုရလဒ်ပေါ် မူတည်သွားမည်ဟု ဆိုသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတို့ကြား ဆွေးနွေးမှုတွင် တရားဝင်နှင့် အလွတ်သဘောတွေ့ဆုံမှုများသည် စုစုပေါင်း ၁၂ ကြိမ်ခန့်ရှိပြီဖြစ်ပြီး KIO အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုအဆင့် မရောက်မချင်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလာနန် KNG ကချင်သတင်းဌာနသို့ပြောသည်။
“ဒီဟာက ပြသနာကြီးဖြစ်တဲ့အတွက် ဒီဟာကို တစ်ခါလောက်နဲ့ ဆွေးနွေးပြီး အဖြေကောင်းထွက်လာပြီး ပြေလည်သွားမယ်ဆိုတာတော့ မျှော်လင့်လို့မရဘူး။ နိုင်ငံရေးဆွေးနွေးတာပဲ အဓိကဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့က နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ကိုရောက်အောင်ဆိုရင်တော့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေး သွားမှာပဲ။ အခုတွေ့ဆုံတိုင်းလည်း နိုင်ငံရေးဆွေးနွေးတဲ့ဘက်ကို ဦးတည်သွားဖို့ တွန်းအားပေးနေတယ်။ ဆွေးနွေးဖြစ်အောင်လည်း ကျနော်တို့ကြိုးစားနေတယ်။ ထိရောက်အောင်လည်း ကျနော်တို့လုပ်ယူရမယ့် အခြေအနေပဲ။ ဒီလိုမျိုးက KIO ပဲမဟုတ်ပဲနဲ့ နိုင်ငံတကာမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပါ၀င်ပြီး စုပေါင်း ကြိုးစားမှပဲ ကျနော်တို့တိုင်းရင်းသားတွေအားလုံး လိုလားတဲ့ မျှော်လင့်နေတဲ့ နိုင်ငံရေးပန်းတိုက်ကို သွားရမှာဖြစ်တယ်။” ဟု ဦးလာနန်က KNG ကချင်သတင်းဌာနသို့ပြောသည်။
KIO နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေး ခဲ့ပြီး ၄င်းဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်းထားရှိရေးနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေးကို သဘောတူညီမှုရရှိခဲ့ပြီး ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။
သို့သော် ကချင်ပြည်နယ်တွင်း အချို့နေရာများတွင် နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အစိုးရတပ်ဖွဲ့များမှ လူအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာများ တိုးချ ပို့ဆောင်နေဆဲဖြစ်ကြောင်း KIA အရာရှိများပြောသည်။
အစိုးတပ်များသည် ကချင်ပြည်နယ်တွင် အင်အားတိုးချဲ့ထိုးစစ်ဆင်မှုများ ဆက်ရှိနေသောကြောင့် တိုက်များပြင်းထန်လာနိုင်ကြောင်း ရှေ့တန်းမှအရာရှိများသုံးသပ်နေသော်လည်း ထိုသို့ လှုပ်ရှားနေခြင်းကို စိုးရိမ်ဖွယ်ရာမရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် ဆက်ပြောသည်။
“သူတို့ရောက်နိုင်တဲ့ နေရာတိုင်းမှာတော့ လူအင်အားလဲတာတို့ စစ်လက်နက်ဖြည့်တာတို့ လုပ်နေတယ်။ အဲဒါက သူတို့စစ်တပ်က လုပ်ရမယ့်အလုပ်ဖြစ်တယ်။ လုပ်ပါစေ ပြဿနာမရှိဘူး။ အဲဒါကို ကျနော်တို့ အပြစ်ရှာနေလို့လဲ မဖြစ်ဘူး။ သူတို့လည်း သူတို့လုပ်နိုင်သလောက်လုပ်မယ်။ သူတို့က စစ်ရေးဘက်မှာ စီစဉ်နေတဲ့အချိန် ကျနော်တို့ဘက်က နိုင်ငံရေးအရဆွေးနွေးဖို့ စီစဉ်နေတယ်။ အဲဒီအဆင့်ရောက်သွား အောင်လည်း ကျနော်တို့ ကြိုးစားသွားမယ်။ နိုင်ငံရေးဆွေးနွေးမဲ့ အဆင့်ကိုရောက်လာတဲ့အခါ နိုင်ငံရေးအရ ဖြေရှင်းသွားတဲ့အခါ စစ်ရေးအနေနဲ့ သူတို့ အခုစီစဉ်ထားတဲ့ လုပ်ငန်းတွေက အကျိုးမရှိတဲ့အလုပ် လုပ်တာပဲဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် စိုးရိမ်စရာမရှိဘူး။” ဟု ပြောသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် ပြီးခဲ့သည့် ဖေဖဝါရီလဆန်းက ဆွေးနွေးမှုအပြီး ဆက်လက်၍ ဖေဖေါ်ဝါရီလမကုန်မီ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းကို သဘောတူညီထားခဲ့သော်လည်း အစိုးရတပ်ဖက်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်များသို့ အင်အားတိုးချဲ့ ထိုးစစ်ဆင်လာသောကြောင့် တွေ့ဆုံမှုများနှောင့်နှေးသွားခဲ့ပြီး ယခုလမှ ပြန်လည်တွေ့ဆုံနိုင်ခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။
ယခုချိန် တရုတ်မြန်မာနယ်စပ် ပန်ဝါဒေသတွင် ဖေဖဝါရီလကုန်ပိုင်းက အစိုးရတပ်နှင့် KIA တပါတ်ခန့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရာ ဆက်လက်၍လည်း အစိုးရတပ်များ လေယာဉ်များဖြင့် စားနှပ်ရိက္ခာများ အင်အင်များတိုးချနေသောကြောင့် တိုက်ပွဲများထပ်မံပြင်းထန်လာ နိုင်ကြောင်း ဒေသခံများပြောသည်။

http://kachinnews.com/burmese/news/1041-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%80%90%E1%80%94%E1%80%9C%E1%81%A4%E1%80%AC%E1%80%B1%E1%80%94%E1%82%94-%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%86%E1%80%AF%E1%80%B6%E1%80%99%E1%80%8A%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India