March 10, 2013

KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့်

ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။  (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)


ကိုသားညွှန့်ဦးဒေါ်ခင်စိုးဝင်း
KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ ရွှေလီမှာပြုလုပ်မယ့် ဒီကနေ့ ဆွေးနွေးပွဲဟာ ဒေသငြိမ်းချမ်းရေးအတွက် ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအဆင့်အထိ ဖြစ်လာဖို့ မြန်မာအာဏာပို်င်တွေက မျှော်လင့်ထားပါတယ်။ မနေ့ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းသွားရောက်ယူနေတဲ့ ဗွီအိုအေက ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်းခင်ဗျ၊ KIO နဲ့ မြန်မာအာဏာပိုင်တွေ အခု ရွှေလီမြို့မှာ တွေ့ကြတယ်။ တွေ့ကြတဲ့ အခါမှာ မနေ့ကတော့ အလွတ်သဘော တွေ့ဆုံတယ်လို့သိရပါတယ်ခင်ဗျ။ ဘာတွေများ ထူးထူးခြားခြား တွေ့ရပါလဲခင်ဗျ၊ ဒီတွေ့ဆုံပွဲမှာ။

“သူတို့ ဒီလိုမျိုးတွေ့တဲ့အခါမှာ မြန်မာဘက်ကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုတော့ ၀န်ကြီး ဦးအောင်မင်းရယ်၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ပါတယ်။ အဲဒီအထဲမှာ ထူးခြားတဲ့အချက်ကတော့ လက်တွေ့နယ်ပယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်တိုင် တာဝန်ရှိတဲ့သူတွေ ပါလာတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါလာတာတွေ့ရပါတယ်။ အရှေ့မြောက်တိုင်းက တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်း စတဲ့ စစ်ဘက်အကြီးအကဲတွေ ပါလာတာ တွေ့ရပါတယ်။ အဲဒီလိုပဲ KIO ကိုယ်စားလှယ်ဘက်ကလည်း ဆရာကြီး ဦးစွန်လွတ်ဂံ က ဦးဆောင်တယ်လို့ဆိုပေမဲ့ အတူတွဲပြီးပါလာတဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လထိုင်န၊ ဗိုလ်မှူးကြီး ခွန်နောင် ပါလာတာတွေ့ရပါတယ်။ အဲဒီတော့ ဒီတခေါက်ကတော့ ထူးခြားတယ်လို့ ပြောလို့ရတာက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါ၀င်လာတာတွေ့ရပါတယ်။”

အခုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်တုန်းကလည်း တကြိမ် ရွှေလီမှာ တွေ့ခဲ့ကြပြီးတော့ အခု ထပ်တွေ့ကြတယ်ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်တုန်းက ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားတွေ ဖြစ်မလာတဲ့အပေါ်မှာ အားမလိုအားမရသံတွေလည်း ကျနော်တို့ ကြားရပါတယ်ခင်ဗျ။ အခုဆွေးနွေးပွဲ ရလဒ် အလားအလာနဲ့ပတ်သက်လို့ရော ဒေါ်ခင်စိုးဝင်း ဘယ်လိုများ သုံးသပ်မိပါလဲ။

“မနေ့ကတုန်းက ကျမ ၀န်ကြီး ဦးအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ကတော့ ဒီနေ့ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးလုံးဝရဖို့တော့ မပြောပေမဲ့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ သူ မျှော်လင့်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဘက်က ပြောတာကတော့ အမေးရှိပြီး အဖြေမရှိ ဖြစ်မှာစိုးတယ်လို့ စိုးရိမ်နေတာလည်း ရှိပါတယ်။ နောက် UNFC ကပြောတာက ကျတော့လည်း KNU လို အရင်တုန်းက အထီးကျန်လို ပစ်ထားခဲ့ပြီးတော့ အခု KIO အထီးကျန်ဖြစ်တာကို သူတို့မလိုလားဘူး။ အဲဒီတော့ မြန်မာအစိုးရဘက်ကနေပြီးတော့ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပါဆိုပြီး တိုက်တွန်းချင်တယ်လို့ မနေ့ကတော့ UNFC ကိုယ်စားလှယ်တွေက ပြောပါတယ်။”

UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတော့ UNFC က ဘယ် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ကြသလဲခင်ဗျ။


“အဲဒီ UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတဲ့အခြေအနေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက တွေ့ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာ ပါတဲ့ အချက်တချက်ပေါ့နော်။ အဲဒါကို အကောင်အထည်ဖော်တဲ့သဘောပါ။ ပြီးခဲ့တဲ့ကြေညာချက်ထဲမှာက နှစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင် ဖို့ရယ်၊ နောက်တကြိမ် အစည်းအဝေး ဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ်နဲ့ သက်သေအဖြစ် ပါ၀င်နိုင်မယ့်သူတွေကို အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ သူတို့ ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ ဒါကို သဘောတူခဲ့လို့မိုလို့ ဒီတခေါက်မှာ KIO ကနေပြီးတော့ UNFC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ဖိတ်တာပါ။ အဲဒီမှာ UWSA ပေါ့နော်၊ ၀အဖွဲ့ကို ဖိတ်ထားပေမဲ့ ၀အဖွဲ့ကလာတာ မနေ့က မတွေ့ရပါဘူး။”

အဲဒါက သူတို့ဘာကြောင့်မလာနိုင်လဲလို့ သိရပါလဲ။

“ဒီမှာကတော့ ကောလာဟလတွေလည်း တော်တော်လေး ပျံ့နေပါတယ်။ ၀အဖွဲ့မလာရတာက မြန်မာအစိုးရက လက်မခံလို့ တရုတ်အိမ်ရှင်ဘက်ကလည်း ၀ကို မလာနဲ့တော့ဆိုပြီး ပြောတယ်ဆိုတဲ့ ကောလာဟလတွေ ရှိပါတယ်။ ကျမလည်း သေချာအောင်ဆိုပြီးတော့ အတည်ပြုချက် ရယူချင်တာနဲ့ မနေ့က UWSA က ပြောရေးဆိုခွင့်ရှိတဲ့ ဦးအောင်မြင့်ကို ကျမ တယ်လီဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ ဦးအောင်မြင့်ကတော့ ငြင်းလည်းမငြင်းဘူး။ ဒါပေမဲ့ သူက အချက်နှစ်ချက်ကြောင့် မလာတာပါလို့ ကျမကို ရှင်းပြပါတယ်။ တချက်ကတော့ မပြေလည်မှုလေး တခု ရှိလို့ပါတဲ့။ နောက်တချက်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ကြံုသွားတဲ့အတွက်ကြောင့်မိုလို့ သူတို့ တရားဝင်လာခွင့် စာရွက်စာတမ်းတွေလုပ်ဖို့ အခက်အခဲရှိလို့ ဖြစ်တယ်လို့ ဦးအောင်မြင့်ကတော့ ကျမကို ရှင်းပြပါတယ်။”

အခု ဆွေးနွေးပွဲ နောက်ပိုင်း KIO နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးပွဲမှာ အဓိက တရုတ်နိုင်ငံဘက်က တရုတ်အာဏာပိုင်တွေက ကမကထလုပ်ပေးတယ်လို့ ကြားရပါတယ်။ အခု ဆွေးနွေးပွဲမှာရော တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါလဲ။

“တရုတ်ဘက်ကနေပြီးတော့ ဟိုတလောကပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆိုပြီးတော့ မစ္စတာ ဝေါင်း ဆိုတဲ့ ၀ါရင့်သံတမန်တယောက်ကို ခန့်လိုက်ပါတယ်။ အဲဒီ မစ္စတာ ဝေါင်း က ဒီနေ့ကျင်းပမယ့်ဆွေးနွေးပွဲကို သူကိုယ်တိုင်လာပြီးတော့ တက်မှာပါ။ မစ္စတာ ဝေါင်းက အရင်တုန်းက တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း လည်း ဖြစ်ပါ တယ်။ နောက်ပြီးတော့ အာဆီယံအရေးနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးကို အတွေ့အကြံုရင့်ကျက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူ့ကို ရွေးပြီးတော့ မြန်မာ့ရေးမှာ ကြားဝင် ဖြန်ဖြေပေးတဲ့သဘောလို့လည်း သိရပါတယ်။”

KIO နဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲပြုလုပ်တဲ ရွှေလီကို သတင်းသွားရောက် ယူနေတဲ့ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦး ဒီမနက်ပဲ ဆက်သွယ်မေးမြန်းထားတာပါ။ အခု ဒီကနေ့ မနက်ပိုင်းမှာတော့ KIO နဲ့ မြန်မာအစိုးရအကြား တရားဝင်ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။ 
 
http://burmese.voanews.com/content/kio-peace-talk-03-10-13/1619000.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India