March 10, 2013

ငြိမ်းချမ်းရေးဆွေးနွေးပွဲ စေတနာမှန်ဖို့ တိုက်တွန်း

မြန်မာအစိုးရနဲ့ KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတခု။ (ဖေဖော်ဝါရီ၊ ၂၀၁၃)။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အနည်းဆုံး အပစ်ရပ်ရေး သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောဆို လိုက်ပါတယ်။ လေ့လာသူအဖြစ်တက်ရောက်မယ့် UNFC ကိုယ်စားလှယ်အဖွဲ့ ကတော့ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားအရေးမှာ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာရောက်ရှိနေတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ စစ်ရေးတာဝန်နဲ့ရော၊ အရပ်ဘက် အဆင့်မြင့်တာဝန်တွေကိုပါ အတွေ့အကြုံရှိတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ၀န်ကြီးဦးအုန်းမြင့်က ကချင်ပြည်နယ် လူထုရဲ့ဆန္ဒကို အလေးအနက်ထားပြီးတော့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံရာမှာ ခုလို ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့အပတ်မှာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒီမှာပဲ ဆွေးနွေးခဲ့လိုက်တဲ့အပိုင်းမှာ အခုတပတ် ပြန်ပြီးဖြစ်လာတဲ့အထိကို သူတို့ကလည်း ပြည်သူတွေဘက်က ဆန္ဒခံယူခဲ့တယ်။ နောက်ပြီးတော့ သူတို့ရဲ့ ကေအိုင်အို အဖွဲ့အစည်းထဲမှာ တကယ့်တိုက်ပွဲဝင်နေတဲ့ တပ်တွေနဲ့ရော၊ သူတို့ သဘောထားတွေ တယောက်နဲ့တယောက် ညှိနှိုင်းခဲ့တယ်လို့ ကျနော်တို့ အကြမ်းဖျင်းအားဖြင့် သတင်းရရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မနက်ဖြန်မှာ ဆွေးနွေးပွဲမတိုင်ခင်မှာ ကျနော်တို့ အခုလာတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးတာပေါ့လေ။ တချို့ဆွေးနွေးတာလေးတွေ လုပ်ပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ကျန်တဲ့ သတင်းအချက်အလက်တွေလည်း ကျနော်တို့ မေးမြန်းစုံစမ်းဖြစ်တဲ့အခါမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းတွေကရော၊ ကျနော်တို့ မြန်မာ့တပ်မတော်ဘက်က အဖွဲ့အစည်းတွေကရော ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကျနော်တို့အပါအဝင် အဖွဲ့အစည်းတွေကရော မျှော်လင့်ချက်ကတော့ အောင်မြင်မှုရရှိလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အနည်းဆုံးတော့ အပစ်အခတ်ရပ်စဲတဲ့အဆင့်ကို ရောက်သွားဖို့ အထိ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
"သို့သော်လည်းပဲ သူတို့ရဲ့ အခြေအနေ၊ သူတို့ရဲ့ခံစားချက်တွေရယ်၊ သူတို့ပြည်သူတွေရဲ့ ခံစားချက်တွေရယ်၊ ဒါတွေကိုတော့ ဆွေးနွေးပွဲကိုရောက်တဲ့အခါကျတော့ ကျနော်တို့ တရင်းတနှီးနဲ့ အားလုံးကျနော်တို့ monitoring လုပ်မယ့်အဖွဲ့အစည်းတွေကလည်း UNFC ကနေပြီးတော့ ကျနော်တို့ ဦးအောင်မင်းကနေပြီးတော့ အခွင့်အရေး ပေးလိုက်ပါတယ်။ ခင်ဗျားတို့ ကြိုက်တဲ့သူကို ဖိတ်ပါ။ နောက်ပြီးတော့မှ ကြားဝင်ပြီးတော့ သူတို့ ဒီ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေ  အနေနဲ့လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း special envoy နဲ့ သူတို့စီမံပြီးတော့ ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ သိရပါတယ်။”

PCG လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇာခေါင် ကတော့ အမေးရှိပြီး အဖြေမရှိတဲ့ ဆွေးနွေးပွဲ မဖြစ်စေချင်တဲ့အကြောင်း သူ့ရဲ့အမြင်ကို ခုလို ပြောပြပါတယ်။

“နှစ်ဦးနှစ်ဘက်ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တယောက်နဲ့တယောက် အဖြစ်မှန်ကို ဆွေးနွေးမှုအပေါ်မှာ အမှန်တရား ဆုံးဖြတ်ဖို့ပေါ့။ အမှန်တရား မဆုံးဖြတ်ရင်တော့ ဒါကတော့ အဖြေကောင်းမထွက်ဘူးပေါ့။ ဒါကြောင့်မို့ တခုက မေးခွန်းရှိပြီဆိုရင်တော့ အဖြေတော့ရှိတာပေါ့။ အခုက မေးခွန်းရှိပြီးတော့ အဖြေမရှိတဲ့ ဆွေးနွေးပွဲဆိုရင်တော့ ဘာလဲဆိုတော့ အဖြေမှန်ထွက်မလာပါဘူး။ ဒါကို စာမေးပွဲလိုပေါ့၊ မေးခွန်းမေးတာကတော့ အဖြေထွက်လာဖို့ဖြစ်တယ်။ အခု ကျနော်တို့သုံးသပ်တာ ကတော့ မေးခွန်းတော့ရှိတယ်။ အဖြေမရှိတာ။”

မနက်ဖြန် မတ်လ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ရှိတဲ့ ထိုင်းအခြေစိုက် UNFC ပြည်ထောင်စု တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင် စောဒေးဗစ်တာကပေါ ကတော့ ကေအန်ယူ အထီးကျန်ဖြစ်ခဲ့သလို KIO မဖြစ်ရအောင် ၀န်းရံကြဖို့ တာဝန်ရှိတယ်လို့ ခုလို သုံးသပ်ပါတယ်။

“၁၉ နှစ်ကာလတုန်းက ကျနော်တို့ အထီးကျန်ဖြစ်ပြီးတော့ စစ်ရေးအရ ချေမှုန်းဖို့ အဲဒီလိုဖြစ်ခဲ့တယ်။ အခုလည်း ကျနော်တို့တွက်တာက KIO က အထီးကျန်ဖြစ်ပြီးတော့ စစ်ရေးအရ ချေမှုန်းမယ် တဘက်ကလုပ်တယ်ပေါ့။ အဲဒါ မသင့်တော်ဘူး။ ကျနော်တို့အနေနဲ့ ဒါကြောင့် ဒီမှာရနေရင် ဟိုမှာတိုက်၊ ဟိုမှာရနေရင် ဒီမှာတိုက် မဖြစ်ဖို့ပေါ့။ အဲဒါ အားလုံး စေတနာသန့်သန့်နဲ့ သဘောထားကြီးကြီးနဲ့၊ အစကတည်းက ကျနော်တို့ သဘောထားကြီးကြီးလုပ်ပါ တိုင်းရင်းသားနဲ့ပတ်သက်လာရင်။ အဲဒါကို ပြန်ပြီးတော့ ကြိုးစားရမှာပေါ့လေ။”

ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ ဦး၊ ဦးစွန်လွတ်ဂံနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ ဦး၊ SSPP-SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ RCSS-SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်နဲ့ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ NDAA မိုင်းလားအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာလည်း မနက်ဖြန် ဆွေးနွေးပွဲကို တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒီကနေ့တော့ ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနေကြပြီးတော့ မနက်ဖြန် တရားဝင် ဆွေးနွေးတဲ့အခါမှာ အိမ်ရှင် တရုတ်နိုင်ငံ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဝေါင်း လည်း တက်ရောက်မယ်လို့ သိရပါတယ်။

http://burmese.voanews.com/content/kachin-peace-talk-03-10-13/1618823.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India