March 8, 2013

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်

ချင်းမိုင်(မဇ္ဈိမ)။   ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

၄င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း
ဖြစ်သည်။

“အစည်းအဝေးက သူတို့ ရောက်ခဲ့တယ်ဆိုရင် အဆင်သင့် လုပ်ထားတဲ့ သဘောပါ။ ကော်မတီ ဖွဲ့ထားတယ်။ သူတို့
ရောက်လာရင် ကြိုဆိုမယ်။ လက်ခံစကားပြောမယ်။ တည်းခိုမဲ့နေရာ ပြမယ်။ တခြားတော့ သူတို့ ဖြစ်ချင်တာတွေ ဆက်လုပ်သွားမယ်။ အလုပ်ခွဲဝေထားတာပါဘဲ”ဟု ဦးဒွဲပီဆားက ပြောသည်။

KIO အနေဖြင့် အိမ်ရှင်အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် တာဝန်ရှိသဖြင့် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

 “ကျနော်တို့ကတော့ လမ်းလျှောက်လာပြီဆိုတော့ ရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မြန်မာအစိုးရစစ်တပ်က လမ်းတွေ ပိတ်ထား၊ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ ့သူတို့ ရောက်ရင် လိုအပ်တဲ့ အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ထားတယ်”ဟု သူက မဇ္စျိမကို
ပြောသည်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ရောက်ရှိနေသော မန္တလေးနှင့် မြင်းခြံတို့မှ လမ်းလျှောက်လာသူ လူငယ်အဖွဲ့သည် မနက်ဖြန် ညနေပိုင်းတွင် လိုင်ဇာမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း လမ်းလျှောက်သူများမှ
ခေါင်းဆောင်ဖြစ်သူ ကိုသန့်ဇင်က ပြောသည်။

ယမန်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်အား ခေါ်ယူ၍ လိုင်ဇာလမ်းတလျှောက် လုံခြုံရေးအခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု ကိုသန့်ဇင်က
ပြောသည်။

“ဗျူဟာမှူးက လမ်းအခြေအနေ ရှင်းပြခိုင်းလို့ပါ ဆိုပြီးတော့ ကျနော်ကိုခေါ်တွေ့တယ်။ လမ်းမိုင်း အနေအထားတွေနဲ့ လုံခြံုမှု အားနည်းတယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ တားတာ မဟုတ်ပါဘူး။ လမ်းက နယ်မြေ အနေအထားအရ လုံခြံုမှု အားနည်းတယ်။ သူ့ဘက် ကိုယ့်ဘက် ထောင်ထားတဲ့ မိုင်းတွေ ရှိတယ်။ အဲဒါလေးတွေ ရှင်းပြတာပါ။ မသွားပါနဲ့လို့လည်း မတားဘူးလို့ ပြောတယ်”ဟု ကိုသန့်ဇင်က ပြောသည်။

ငြိမ်းချမ်းရေး ရလိုကြောင်း ပြသလိုခြင်း ဖြစ်၍  မိုင်းရှိသော်လည်း မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။ ထိုအဖွဲ့တွင် သံဃာ ၉ ပါးနှင့် လူ ပေါင်း ၄၅ ဦးရှိ လိုက်ပါလာသည်ဟု သိရသည်။

၄င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေးသဘောထားကို ရှင်းပြပြီး KIO ၏ သဘောထားများကို နားထောင်သွားမည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။

ယင်းအဖွဲ့သည် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ ကက်သလစ်ဘုရားကျောင်းတွင် တည်းခိုနေပြီး ယင်းဒေသရှိ ပြည်သူ များသည်လည်း စစ်ပြေးဒုက္ခစခန်းတွင် မနေရသော်လည်း စစ်ပြေးဒဏ်ကို ခံစားနေရသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

လတ်တလော ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ဆေးရုံတွင် တာဝန်ကျ ဆရာဝန် မရှိခြင်းကြောင့် လူနာများ မရှိသဖြင့်  အစိုးရ စစ်တပ်ဖွဲ့များက ဆေးရုံဝင်းအတွင်း အခြေချ နေထိုင်နေသည်ဟု ဒေသခံများထံမှ သိရသည်ဟု ဆိုသည်။

ထို့ပြင် ယမန်နှစ် အောင်တိုဘာလမှ စတင်၍ ဒေါ့ဖုန်းယန်မြို့ အထက်တန်းကျောင်းတွင် တောင်ကျချောင်းတခုမှ သွယ်တန်းယူထားသော ပိုက်လိုင်းတွင် ရေမလာတော့သဖြင့် သောက်သုံးရေ ပြတ်လတ်မှုများ ကြံုတွေ့နေရသည်
မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ပြန်လည် ပြင်ဆင်မည်ဟုဆိုသော်လည်း မိုင်းကွင်းများ ရှိသည်ဟုဆိုသဖြင့်
ရေပိုက်လိုင်း ပြင်ဆင်ရန် မဖြစ်နို်င်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူ လူ ၁၀၀ ကျော်ပါ အဖွဲ့က ယနေ့ သောကြာနေ့တွင် မရန်းကျေးရွာတွင် ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန် စနေနေ့တွင် ရှဒေါင်ကျေးရွာတွင် ရပ်နားမည် ဖြစ်သလို၊ တနင်္ဂနွေနေ့တွင် ပမ္မတီးကျေးရွာတွင် ရောက်ရှိကြမည် ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။

လာမည့် မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ လိုင်ဇာမြို့သို့ ဆက်လက် ဆက်သွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11083----kio--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India