March 7, 2013

ပန်ဝါနှင့် ချီဖွေ-လောခေါင်ဒေသသို့ အစိုးရတပ်များ ရဟတ်ယာဉ်ဖြင့် စစ်ရေးလှုပ်ရှားလာ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ (၁) တပ်ရင်း (၁၀) နယ်မြေ ချီဖွေ-လောခေါင် နှင့် ပန်ဝါဒေသတွင် အစိုးရတပ်ဖွဲ့သည် ရဟတ်ယာဉ်များနေ့စဉ်အသုံးပြု၍ စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများမှသိရသည်။
အစိုးရတပ်သည် ပန်ဝါ (Pangwa)နှင့် လုပီ (Lupi) စခန်းသို့ ရဟတ်ယာဉ် များဖြင့် စစ်လက်နက်အင်အားများ တိုးချလာခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့မှစ၍  ရဟတ်ယာဉ်အသုံးပြုမှု ပိုစိပ်လာသည်ဟု မျက်မြင်ဒေသခံများပြောသည်။
ရဟတ်ယာဉ်များဖြင့် ဖျားနာသူများ နှင့် ရိက္ခာ၊ အင်အားများကို ပို့ဆောင်နေသည်ဟု ယူဆရပြီး ထိုသို့နေ့စဉ်အစိုးရတပ်များသည် KIA တပ်နှင့်အနီးဆုံးသို့ ချဉ်းကပ်လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ထိုနယ်မြေတွင်ရှိသော KIA တပ်ဖက်မှလည်း ပြောဆိုသည်။
“လေယာဉ် ၁ စင်းပဲဆိုရင်တော့ လူနာသယ်ယူတယ် လို့ထင်တယ်။ သူတို့ ပစ်မယ်ဆိုရင်တော့ လေယာဉ်အနည်းဆုံး ၂ စင်းနဲ့လာတာ အချင်းချင်း ကာကွယ်ပေးဖို့အတွက်ပေါ့။ ကျနော်တို့ကတော့ ကျနော်သို့ဘက်မလာရင်တော့မပစ်ဘူး။ ကျနော်တို့က ဗဟိုညွှန်ကြားချက်နဲ့ သူတို့ရှိတဲ့နေရာကို ရှာပြီးသွားမပစ်ဘူး။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ရှိတဲ့နေရာကို အနီးဆုံးတိုးချဲ့လာတယ်။ ဒါကြောင့်အချိန်မရွေး ပစ်ခတ်လာနိုင်တယ်။ ဆွေးနွေးတဲ့သူတွေ ဆွေးနွေးနေချိန် ပစ်ခတ်တဲ့သူတွေလည်း ပစ်နေမဲ့သဘော။” ဟုရှေ့တန်းမှအရာရှိပြောသည်။
ပန်ဝါအထက်မှတ်တိုင် (၆) အထက်တွင် ဇန်နဝါရီလကုန်ပိုင်းမှစ၍ ယခုချိန်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လောခေါင်၊ စုစည်း၊ မျှော်ဂျော်၊ ဒန်ညော်၊ ဆော့လော်၊ အင်မိုင်ခခူး နေရာများတွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်ထိ (ခလရ ၂၆၀၊ ၂၉ ၊ ၆၇) နယ်ခြား စောင့်တပ်များနှင့် ပြည်သူ့စစ်များ အင်အား ၃၀၀ ကျော် ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုချိန်နှစ်ဘက်မှ တင်းမာနေဆဲဖြစ်ကြောင်းသိရသည်။
“ဇန်နဝါရီလ ၁၈၊ ၁၉ ရွှေလီမြို့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ချိန် KIA တပ်မဟာ (၄) တပ်ရင်း ၈ နယ်မြေကို နောက်ဆုတ်လိုက်ရတယ်။ အခုလည်း ဟိုတလောက လေယာဉ်နဲ့ အပြင်းထန်ဆုံး တိုက်တဲ့နေရာ ကျနော်တို့ post တစ်ခုကို ယခုရက်ပိုင်း ဇန်နဝါရီ ၁၉ ရက်ကနေ မပစ်ခတ်ပဲနဲ့ တဖြည်းဖြည်း ညဘက် တိုးတိုးလာတယ်။ အခုပေ ၂၀ လောက်ပဲဝေးတော့တယ်။ အဲလိုတိုးတိုးလာတော့ နေ့ဘက် ညဘက် အချိန်မရွေး ပစ်လာနိုင်တယ်။” ဟု KIA အရာရှိပြောသည်။
အစိုးရနှင့် KIO နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ရွှေလီမြို့တွင် လာမည့် မတ်လ ၁၁ ရက်နေ့တွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သော်လည်း ကချင်ပြည်နယ်တွင်း ထိုးစစ်များနှင့် စစ်ရေးဆက်လက်တင်းမာနေခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1043-%E1%80%95%E1%80%94%E1%80%B9%E1%81%80%E1%80%AB%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%81%E1%80%BA%E1%80%AE%E1%80%B1%E1%80%96%E1%80%BC-%E1%80%B1%E1%80%9C%E1%80%AC%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9%E1%80%B1%E1%80%92%E1%80%9E%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9B%E1%80%9F%E1%80%90%E1%80%B9%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%82%88%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%9C%E1%80%AC.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India