March 7, 2013

ငြိမ်းချမ်းရေးအတွက် အစိုးရက မဆုတ်မနစ် ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန် ဘရပ်ဆဲလ်တွင် ပြောကြား

“ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့် ကြာရှည်ခံသည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် မြန်မာနိုင်ငံအနေဖြင့် မဆုတ်မနစ် အလုပ်လုပ်နေသည်” ဟု မြန်မာ သမ္မတ ဦးသိန်းစိန်က ဥရောပ ပါလီမန် နိုင်ငံခြားရေးရာ ဥက္ကဌအား ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက
ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ ဒီလို ကြိုးပမ်း အားထုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးရေး၊ ဝင်ငွေများ မြင့်မားလာစေရေး စတာတွေနဲ့ ချိတ်ဆက်လုပ်ကိုင် ရပါမယ်။ EU (ဥရောပ သမ္မဂ္ဂ) ကိုလည်း မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုအားလုံးကို အပြီးတိုင် ရုပ်သိမ်းပေးဖို့ မေတ္တာရပ်ခံခဲ့သလို တခြားနိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှှုတွေကို ဖယ်ရှားနိုင်ရေး အတွက်လည်း တက်ကြွစွာ ပါဝင်ကူညီဖို့ တောင်းဆိုခဲ့ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဥရောပ ပါလီမန် အဖွဲ့ဝင်များကို ပြောခဲ့သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်က သူ၏ အစိုးရ အဖွဲ့သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်
နေသည်ဟု ချီးကျူးခဲ့ကာ၊ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်သမား သမ္မဂ္ဂများ လည်း ဖွဲ့စည်းခွင့်ရလာခဲ့ပြီး၊ အဓမ္မ လုပ်အားပေးခိုင်းစေမှှုကိုလည်း တိုက်ဖျက်နေသည်ဟု ဆိုခဲ့သည်။

“ကျနော့် အနေနဲ့ ဥရောပ သမ္မဂ္ဂ ခေါင်းဆောင်တွေကို လေးလေးနက်နက် တောင်းဆိုချင်တာကတော့
မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး ဦးစားပေးမှှုတွေကို ပြန်လည်အတည်ပြုပေးဖို့ ဥရောပ သမ္မဂ္ဂ ကော်မရှင်ရဲ့ အဆိုပြုချက်ကို ဥရောပ သမ္မဂ္ဂ ခေါင်းဆောင်တွေ သဘောတူ လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

“အကောက်ခွန်တွေနဲ့ အကန့်အသတ်တွေကို ဖယ်ရှားပေးခြင်းနဲ့ Generalized System of Preferences (GSP) ကို ပြန်လည် အတည်ပြုပေးခြင်းအားဖြင့် မြန်မာ့ပို့ကုန်တွေဟာ ဥရောပစျေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာမှာ ဖြစ်ကာ ပို့ကုန်အထူးပြု စီးပွါးရေးနဲ့ စက်မှုဖွံ့ဖြိုးရေး မဟာဗျူဟာတွေကို အထောက်အကူ
ဖြစ်စေမှာပါ။ ဥရောပသမ္မဂ္ဂ စျေးကွက်ထဲမှာ ကုန်သွယ်ရေး ဦးစားပေးခံရမှု ရရှိမယ််ဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ အလုပ်အကိုင်တွေ ပိုမို ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး၊ ထုတ်လုပ်မှှုတွေလည်း မြင့်တက်လာမှာ
ဖြစ်တဲ့အပြင် ပို့ကုန်ကနေ ရရှိမယ့် ဝင်ငွေလည်း တိုးတက်မြင့်မားလာဖွယ် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် ပတ်သတ်၍လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သမ္မတက ပြောကြားခဲ့ ကာ ထိုဥပဒေသစ်တွင် ပိုမို ပွင့်လင်းမြင်သာကာ တာဝန်ယူမှု ရှိသော၊ သဘာဝ ကျသော၊ ကြိုတင်၍ တွက်ဆနိုင်သော လုပ်ထုံးလုပ်နည်းများ ပါဝင်လိမ့်မည်ဟု ဆိုသည်။

 ထို့နောက်တွင် သမ္မတသည် မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သည့် စစ်ပွဲများအကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် တရားမျှတ၍ ကြာရှည်ခံသည့်ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေသည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံတွင် ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရရှိပြီးကတည်းက လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ဟု သမ္မတက ဆိုခဲ့ပြီး “ပဋိပက္ခတွေ အဆုံးသတ်ရပါမယ်။ ကျနော်တို့ အနေနဲ့ ညှိနှိုင်းပြီး နိုင်ငံရေးအဖြေ တခုကို ရှာဖွေရပါမယ်။ ကျနော့် အစိုးရဟာ အဲဒီ့ရည်မှန်းချက် ရရှိဖို့အတွက် အစွမ်းကုန် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့ ၁၈လ အတွင်းမှာ အစိုးရဟာ ၁၀ ဖွဲ့ထက် မနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အခုဆိုရင် နောက်ဆုံးကျန်နေပြီး အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ သဘောတူညီချက် တခု ရရှိဖို့ ကျနော်တို့ရဲ့ အားထုတ်မှှုတွေကို နှစ်ဆ မြှင့်တင်ပါတော့မယ်” ဟု သမ္မတက ပြောခဲ့သည်။

 ကာလရှည်ကြာစွာ ဖြစ်ပေါ်နေခဲ့သည့် မကျေနပ်ချက်များကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ အနေဖြင့် နည်းလမ်းများ ရှာဖွေရမည် ဖြစ်ကာ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်သည့်
မြန်မာ့ လူ့အဖွဲ့အစည်းသစ် တရပ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားရင် သမ္မတ ဦးသိန်းစိန်က သူ၏ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

http://www.mizzimaburmese.com/news/regional/11078-2013-03-07-12-40-33.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India