April 11, 2013

ကချင်ဒုက္ခသည်များကို ကူညီရန်လာသော ကုလသမဂ္ဂ ယာဉ်တန်းကို အစိုးရ တားမြစ်

Pa-kahtawng-idp-dabang
Pa Kahtawng ဒုက္ခသည်စခန်း၊ မိုင်ဂျာယန်။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းသို့ ကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂအဖွဲ့များ၏ ပစ္စည်းများသယ်ဆောင်လာသော ယာဉ်တန်းများအား ဗန်းမော်အစိုးရမှ ဆိုင်းငံ့ထားကြောင်းသိရသည်။
ကူညီပေးရန်လာနေသော ကုလသမဂ္ဂအဖွဲ့(၄)ဖွဲ့၏ မော်တော်ယာဉ် (၇) စင်းတွင် နိုင်ငံခြားသားတစ်ဦးပါလာခြင်းကြောင့် မြန်မာစစ်တပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန် (Mai Ja Yang) သို့ဖြတ်သန်းသွားလာခွင့်အတွက် အထက်ကိုပြန်လည်တင်ပြရမည်ဖြစ်၍ တားမြစ်လိုက်ဖြစ်ကြောင်း ဒုက္ခသည်ကော်မတီမှပြောသည်။
ကုလသမဂ္ဂ ယာဉ်တန်းသည် ဗန်းမော်မှ မိုင်ဂျာယန် (Mai Ja Yang) သို့ မူကလ ဧပြီ ၉ ရက်နေ့ ရောက်လာရန်စီစဉ်ထားသော်လည်း တားမြစ်ခံရသောကြောင့် ယနေ့ထိ မရောက်နိုင်သေးကြောင်း သိရသည်။
ထိုသို့တားမြစ်ထားချိန် နှစ်ဖက်ညှိနှိုင်းမှုများ ကြံ့ကြာကောင်းကြံ့ကြာနိုင်သော်လည်း ၄င်းအဖွဲ့အား မျှော်လင့်နေမည်ဖြစ်ကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ  ဥက္ကဌ ဆလန်ကဘာဒွဲပီဆာပြောသည်။
"ဘယ်ချိန် ရောက်လာပြီး ကူညီနိုင်မလဲမသိဘူး။ သူတို့ကြိုးစားမယ်လို့တော့ပြောတယ်။ လနဲ့ကြာအောင် ကြိုးစားရမလား တော့မသိဘူး။ အစိုးရကခွင့်မပေးရင်တော့ မလာနိုင်ဘူးပေါ့။ ဒါမဟုတ် နိုင်ငံခြားသား မလိုက်ရင် ရမလား။ သူတို့ရောက်လာရင်တော့ ကြိုဆိုတယ်" ဟု ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်း ကုလသမဂ္ဂ UN အကူညီပေးရေး မော်တော်ယာဉ်တန်းသည် အစားအသောက်ခက်ခဲနေသော မိုင်ဂျာယန် ပါကထောင် (Pa Kahtawng) စစ်ပြေးဒုက္ခသည်စခန်းတစ်ခု အတွက်သာ ထောက်ပံ့ကူညီရန်ဖြစ်ကြောင်းသိရသည်။
ဒုက္ခသည်စခန်းသို့ လာရောက်သော ယာဉ်တန်းများသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန UNOCHA ဦးစီးပြီး ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WF တို့ပူးပေါင်းပြီး ကူညီပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
သို့သော် အကူညီများသည် မိုင်ဂျာယန် (Mai Ja Yang) ရှိ ဒုက္ခသည်စခန်းများအတွက်သာဖြစ်ပြီး ထိုစခန်းများတွင်လည်း အခက်ခဲများစွာရှိသောကြောင့် ထောက်ပ့ံပစ္စည်းများ မလုံလောက်မည်ကို သုံးသပ်နေကြသည်။
"UN တွေလာမယ်လို့တော့ပြောတယ်… သူတို့စာရင်းထဲမှာ ဆန်မပါဘူး။ အခြားပစ္စည်းတွေပဲပါတယ်။ ကျနော်တို့က အဓိကအစားအသောက် လိုအပ်နေတယ် အဲဒီမှာဒုက္ခသည် စခန်းအများကြီးရှိတယ်။ တခြားဒုက္ခသည် စခန်းလည်းမသွားဘူး။ အဲဒီစခန်း ၁ ခုမှာပဲသွားမှာဖြစ်တယ်။ UN တွေလာတယ်လို့ နာမည်ကထွက်ပြီး ကူညီမှုက ထိရောက်မှုမရှိတော့ အဲဒါကို စိုးရိမ်းတယ်" ဟု ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာပြောသည်။
ယခုတကြိမ်အကူညီပေးရာတွင် ဒုက္ခသည်စခန်းတွင် အဓိကလိုအပ်သော ဆန်မပါခြင်းသည် UN များ စိတ်ကြိုက်ကူညီဖို့ရန် အစိုးရအုပ်ချုပ်မှုအောက်တွင် အကန့်အသတ်နှင့် ခက်ခဲမှုများရှိနေခြင်းဖြစ်သည်ဟုလည်း ဒုက္ခသည်ကူညီရေးအဖွဲ့မှ သုံးသပ်သည်။
ထို့သို့ ကုလသမဂ္ဂမှ ကချင်စစ်ပြေးဒုက္ခသည်များကို အကူအညီပေးရန် အသင့်ဖြစ်နေသော်လည်း ထိုအကူအညီများကိုရရှိရန် ကြားနေအစိုးရပေါ်တွင် မူတည်နေသည်ဟု ပြောသည်။
"UN တွေကူညီဖို့ရန် တာဝန်ရှိတယ် ဘတ်ဂျက်ရှိတယ်။ အစိုးရက သူတို့စိတ်ကြိုက်လုပ်တယ်လို့ပဲ မြင်တယ်။ မနှစ်ကဇူလိုင် လကုန်ကနေ မလာတော့ဘူး။ သူတို့မလာချင်လို့ မလာတာမဟုတ်ဘူး။ အစိုးရပိတ်လို့ မလာတာ" ဟု  ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာသို့ ပြောသည်။
ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂအဖွဲ့များက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လက ပထမအကြိမ် ပစ္စည်းနှင့် ရိက္ခာများ တကြိမ်လာရောက်ကူညီပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သော်လည်း ဆိုင်းငံ့ခံနေရခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1080-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%9B%E1%80%94%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%AF%E1%80%9C%E1%80%9E%E1%80%99%E1%80%82%E1%81%A2-%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%90%E1%80%AC%E1%80%B8%E1%80%BB%E1%80%99%E1%80%85%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India