Showing posts with label RCSS စစ်ဆင်ရေး. Show all posts
Showing posts with label RCSS စစ်ဆင်ရေး. Show all posts

January 5, 2013

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရ သုံ့ပန်းတွေကို ပြန်လည်လွှဲအပ်လို

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရတပ်က သုံ့ပန်းတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။
(Photo: RFA)
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ညက ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်က ပြောခဲ့တာဖြစ်တယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။
"မနေ့ကတွေ့တဲ့အခါ ဦးဂွမ်မော်နဲ့ ဦးလနန်တို့နဲ့ သုံ့ပန်းတွေ ဒီမှာထိမ်းရသိမ်းရခက်တဲ့အခါကျတော့ ရေရှည်မှာ ပြဿနာရှိတယ် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်မနက်ဖြန်ပြန်မယ် ဆိုတဲ့အခါကျတော့ ကျနော်ခေါ်သွားမယ်ဆို ခေါ်သွားလို့ရတယ်။ ကြယ်ဂေါင်အထိ ဒီဘက်က လိုက်ပို့ပေးမယ်။ မြန်မာပြည်ဘက်အခြမ်းကျရင် အစိုးရကို အပ်လိုက်ယုံပဲပေ့ါ။အဲဒီတော ဒီရဲဘော်တွေ ခေါ်သွားပြီးတော့ ကျနော်က အပ်ချင်တယ်ဗျ အစိုးရလက်ခံပေးဖို့တော့ လိုတယ်။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီတပ်မတော်သားတွေကိုလဲ အထိခိုက်မနစ်နာစေချင်ဘူး။"
၂၀၁၁ ခုနှစ် ဇွန်လမှာ နှစ်ဘက် တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းစခန်းတွေမှာ ဖမ်းမိထားတဲ့ သုံ့ပန်းအရေအတွက် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သူတို့ကို လိုင်ဇာကနေ တရုတ်ပြည်ကို ဖြတ်ပြီး မူဆယ်ကို ပြန်အပ်ချင်ပေမဲ့ အစိုးရဘက် ခုအချိန်အထိ ဘာမှ မတုံ့ပြန်သေးဘူးလို့ ကိုမြအေးက ဆက်ပြောပြပါတယ်။
ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုရေးစာမျက်နှာမှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကေအိုင်အို/ ကေအိုင်အေ အဖွဲ့အစည်းတွေက ထိန်းသိမ်း ထားတဲ့ တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တပ်ဖွဲ့ဝင် (၃၀) ဦးကို ၎င်းတို့ထံမှ တဆင့် လွှဲပြောင်း ပေးအပ်လိုပါကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျှက် ရှိတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သတင်းရရှိကြောင်း ဖော်ပြထားတာကို ဒီကနေ့ တွေ့ရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဟာ ကေအိုင်အို ဌာနချုပ်ကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/kio-government-88-01052013073558.html

November 24, 2012

သံလွင်အရှေ့ခြမ်း၌ တိုက်ပွဲထပ်ဖြစ် RCSS/SSA ဘက်မှတဦးကျ

သံလွင်အရှေ့ခြမ်း မိုင်းဆတ်ခရိုင်၌ သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် မြန်မာအစိုးရတပ် တို့ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွားရာ RCSS/SSA  ဘက်မှတဦးကျဆုံးကြောင်း ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးက ပြောပါသည်။

SSA-kengtung-front
ကျိုင်းတုံစစ်မျက်နှာမှ သျှမ်းပြည်တပ်မတော်RCSS/SSA စစ်ကြောင်း

“မိုင်းတူး(မ်း) ကျေးရွာအုပ်စု အရှေ့မြောက်ဘက် (တာချီလိတ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်) လွယ်ပန်မော့မှာဖြစ်တာ။ တိုက် ပွဲ က မွန်းတည့်လောက်ကနေ မွန်းလွဲ ၂ နာရီ ခွဲ လောက်အထိ  ။ အစိုးရဘက်တော့မသိဘူး။ ကျနော်တို့ ဘက်က တယောက်ကျတယ်။ တယောက်ဒဏ် ရာရ တယ်” - ကျိုင်းတုံစစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့် က ပြောပါသည်။

နိုဝင်ဘာ ၂၄ ရက် မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံ ခမရ ၅၅၃၊ ၅၅၄ မိုင်းတူး(မ်း) နှင့် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA  အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသတို့ တိုက်ပွဲသုံးနာရီခန့်
ဖြစ်ပွားကြောင်း၊ မိုင်းဆတ် - တာချီလိတ်လမ်းလည်း ယနေ့ သွားလာမှု ပိတ်ထားကြောင်း  တာချီလိတ်မှ မိုင်းတူး(မ်း) ကားဆရာတဦးကပြောပါသည်။

“ကျနော်တို့စစ်ကြောင်းကို ခမရ ၅၇၈ ၊ ၅၈၀ တို့က နောက်ယောင်ခံလိုက်နေတာ။ ကျနော်တို့က အပစ် ရပ်ထားတယ်ဆိုတော့ အပစ်အခတ်မဖြစ်ဖို့ အထူးရှောင်ရှားတဲ့ကြားထဲက ဗိုလ်မှူးကျော်ကျော်လင်း ဦးဆောင်တဲ့ ခမရ ၅၅၃၊ ဗိုလ်မှူး သန်းကျော်ဌေး ဦးဆောင်တဲ့ ခမရ ၅၅၄ ပူးပေါင်းတပ်ဖွဲ့နဲ့ ပက်ပင်း တိုး လို့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ရဲ့ လက်နက်ကြီး ၆၀ မမ က ကျနော်တို့ နောက်တန်းရုံးနားမှာ ကျကွဲလို့ပေါ့။ ရှေ့တန်းစစ်မျက်နှာက ဘာမှမဖြစ်ဘူး” - ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က ဆက်လက် ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA  ဘက်မှကျဆုံးသူမှာ ဒုဗိုလ်ကွန်ခမ်း၊ ဒဏ်ရာရှိသူမှာ ဗိုလ် စိုင်းစံ ဖြစ်ကြောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မည်သို့ တုန့်ပြန်မည်ကို ဌာနချုပ် (လွယ်တိုင်းလျဲန်း) နှင့် တိုင်ပင်နေကြောင်း ပြောပါသည်။

ဒီဇင်ဘာ ၂ ရက် ၂၀၁၁ ပဏာမ အဆင့် အပစ်ရပ်ရန် အစိုးရနှင့် သဘောတူညီမှုရပြီးနောက်ပိုင်း တိုက် ပွဲ ပေါင်း အကြိမ် ၃၀ ကျော်ဆက်လက်ဖြစ်ပွားနေရာ အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးနှင့် ရန်ရှာမှု ကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း RCSS/SSA  ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3678--rcssssa-.html

September 28, 2012

RCSS/SSA စစ်ကြောင်းနောက် အစိုးရတပ်နောက်ယောင်ခံလိုက်နေ

သျှမ်းပြည်တောင်ပိုင်းအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သွားလာလှုပ်ရှားရာလမ်း တလျှောက် အစိုးရတပ်က နောက်ယောက်ခံလိုက်နေကြောင်း ဒေသအတွင်းတပ်မှူးတဦးများက ပြောပါသည်။

RCSSSSA_soldiers
“စက်တင်္ဘာ ၇ ရက်နေ့ ဆားတောမှာ ဖြစ်တဲ့ တိုက်ပွဲက အစိုးရတပ် ၁၀ ယောက် လောက်ကျတယ်။ သေနတ်နှစ်လက်ရှုံးတယ်။ အဲဒါ ပြန် ၏ပေးလိုက်ပြီ။ ဒါပေမယ့် ကျနော်တို့နောက်ကို နောက်ယောင်ခံ လိုက်နေတုန်း၊ လူထုတွေကိုလဲပြောတယ်၊ သူပုန်တွေကို အထောက်အပံ့မပေးဖို့လဲ လူထုကိုတားမြစ်ထား တယ်။ ဘာသဘောလဲမသိဘူး” - ဒေသအတွင်းလှုပ်ရှားသည့် တပ်မှူးတဦးကပြောပါသည်။

ယခုလဆန်းပိုင်းမှစဉ် မိုင်းကိုင်၊ ရပ်စောက်၊ ကျေးသီး နှင့် သီပေါမြို့နယ်အကြား နယ်မြေအတွင်း လှုပ်ရှားနေ သော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နောက် အစိုးရတပ် ခလရ ၁၃၁ နှင့် ခလရ ၂၉၂ က နောက် ယောက်ခံ လိုက်နေကြောင်း၊ တိုက်ပွဲမဖြစ်စေရန် အထူးရှောင်ရှားမှုပြုနေရကြောင်း၊ အပစ်မရပ်စဉ်ကာလနှင့် အခြေအနေ ဘ၀ တူနေကြောင်း၊ ဒေသခံလူထုလည်း ထို့နည်းတူ စစ်ဘေးစစ်ဒဏ်ခံနေရဆဲဖြစ်ကြောင်း - ဆိုသည်။

“ကျနော်တို့နောက်ကို ဒီတိုင်းလိုက်နေရင်တော့ ကျနော်တို့ သည်းညီးခံတော့မှာမဟုတ်ဘူး၊ ၇ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကလည်း ကျနော်တို့ကို ဘာညာမပြောဘဲနဲ့ ဘလိုင်းကြီး လာတိုက်တာ” - ဟု တပ်မှူးနောက် တဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပစ်ရပ်  ငြိမ်းချမ်းရေးတည်ဆောက်ပြီးကြောင်း ကြားသိရစဉ် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်း၊ မိမိဝမ်းရေးအတွက် သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်ရေးလွယ်ကူ လိမ့်မည် ဟု မျှော်လင့်ထားကြောင်း၊ သို့သော် ယခု တစ်ပြည့်တော့မည်ဖြစ်သော်လည်း အဘက်ဘက်ကိုကြောက်ရွံ့နေရဆဲ ဖြစ်ကြောင်း ဒေသခံအကြီးအကဲ တဦးကလည်းပြောပြပါသည်။

သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့လုံးနှင့် မြန်မာအစိုးရတို့သည် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက် နေပြီ၊ ထာ၀ရ ငြိမ်းချမ်းရေးအတွက် ဦးတည်နေပြီ ဟုဆိုသော်ငြားလည်း မြန်မာအစိုးရတပ်က သဘောတူညီမှု ချိုး ဖေါက်၍ တောတောင်အတွင်းလှုပ်ရှားနေသောကြောင့် တိုက်ပွဲ ပေါင်း ၃၄ ထက်မနည်း ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်ခေါင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3535--rcssssa-.html

September 17, 2012

SSA နှင့် အစိုးရတပ် တပါတ်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့

စံခလပူရီ (မဇ္စျိမ) ။       ။ အပစ်အခတ် ရပ်စဲထားသည့် ၎င်းတို့၏ တပ်စခန်းကို အစိုးရတပ်များက တပတ်အတွင်း
လေးကြိမ် လာရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်အပေါ် အစိုးရ၏ သြဇာ သက်ရောက်မှု မရှိသည်မှာ ပိုမို ထင်ရှားသွားပြီ ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA-S က ပြောသည်။

“ကျနော်တို့ မြင်တာက တပ်နဲ့ အစိုးရ တခြားစီ ဖြစ်နေပါပြီ။ ဦးအောင်မင်းကလည်း သတင်းစဉ် အင်တာဗျူးတခုမှာ တပ်ကိစ္စကို သူပါဝင် စွက်ဖက်လို့ မရဘူး ဆိုတဲ့အကြောင်း ပြောတာ ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ် အစိုးရကလည်း တပ်ကို အမိန့်ပေးလို့ မရဘူးဆိုတာ ပိုပြီး ထင်ရှားနေပါပြီ” ဟု SSA ပြောခွင့်ရ စိုင်းလောင်းဆိုင် က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဆားတောကျေးရွာအနီး၊
မောက်မိုင်မြို့နယ် ဝမ့်မိုင်ညူကျေးရွာအနီး၊ မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ဒေသနှင့် မိုင်းတုံမြို့နယ်အတွင်းတွင် နှစ်ဖက် တိုက်ဖွဲ့ကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှ တပ်စခန်းများသည် အပစ်အခတ် မရပ်စဲမီကပင် မိမိတို့ အခြေချခဲ့သည့် တပ်စခန်းများ
ဖြစ်သည်ဟု SSA က ပြောသည်။

တိုက်ပွဲလေးခုအတွင်း အစိုးရတပ်မှ ၁ဝ ဦးထက်မနည်း ကျဆုံးပြီး၊ ၃ဝ ကျော် ဒဏ်ရာ ရရှိကြောင်း၊ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှု မရှိကြောင်း SSA ဘက်က ပြောသော်လည်း၊ ဒေသခံများကမူ တိုက်ပွဲကြောင့် နှစ်ဖက်လုံးမှ ထိခိုက် ကျဆုံးမှု ရှိကြောင်း ပြောသည်။

၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် RCSS/SSA သည် အပစ်အခတ် ရပ်စဲချိန်မှ စ၍ နှစ်ဘက်ကြား တိုက်ပွဲပေါင်း ၃၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အလားတူ အခြား အပစ်ရပ် ရှမ်းတပ် တခုဖြစ်သည့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA-N သည်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့ အပစ်အခတ် ရပ်စဲချိန်မှ စ၍ အစိုးရတပ်နှင့် အကြိမ် ၃ဝ ခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/10127-ssa-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India