December 31, 2012

စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆို


စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆိုမွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ လျော့ရဲ နေသည့် တပ်ဘက် ဆိုင်ရာ များကို ပြန်လည် သုံးသပ် ထားပြီး အားနည်းချက် များကို ပြင်ဆင် သွားမည် ဖြစ်ကာ တပ်ဘက် ဆိုင်ရာ ပိုမို ခိုင်မာ အားကောင်း စေရန် ပြုလုပ် သွားမည်ဟု တပ်မှူးများ ညီလာခံ အပြီး၌ ဒု-စစ်ဦးစီးချုပ်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။
“လက်ရှိ တပ်တွင်းများ ကျင့်သုံးနေတဲ့ ထဲက လျော့ရဲ နေတဲ့ အချက်တွေ ပြန်သုံးသပ် ထားတယ်၊ ပြင်ဆင် နိုင်အောင် ဆောင်ရွက် သွားမယ်၊ နောက် အရွယ် ရောက်တဲ့ သူတွေ အားလုံးပေါ့ သူတို့ ဆန္ဒ ရှိရင် စစ်ပညာ သင်ပေးဖို့ အစီ အစဉ် ရှိပါတယ်။ ကျွှန်တော်တို့ တပ်ကို ပိုမို အားကောင်း ခိုင်မာ လာအောင် ပြုလုပ် သွားပါ့မယ်” ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းမှ ပြောသည်။
စစ်ပညာအား သင်ကြား ပေးခြင်းမှာ မိမိကိုယ်အား ကာကွယ် နိုင်ရန်နှင့် မွန်အမျိုးသား လွတ်မြောက် ရေး၌ ကျရာ အခန်း ကဏ္ဍ၌ ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဆန္ဒ ရှိသည့် အရွယ် ရောက်သူ များအား အခမဲ့ သင်ကြား ပေးနိုင်ရန် အတွက် ရည်ရွယ် ထားကြောင်းလည်း ၄င်းမှ ပြောသည်။
မွန်ပြည်သစ် ပါတီမှ ဖွင့်လှစ် သင်ကြား ပေးနေသည့် စစ်သင်တန်း များ၌ အမျိုးသား သင်တန်းသား များသာ လက်ခံ သင်ကြား ပေးနေသည့် အပေါ်လည်း မွန်ပြည်သူ လူထု အချို့မှ စောဒက တက်ခဲ့ ကြပြီး အမျိုးသမီး သင်တန်းသူ များအား လက်ခံ သင်ကြား ပေးနိုင်ရန် အတွက်လည်း တင်ပြ တောင်းဆို ထားမှုများ ရှိသည် ဟုလည်း ဆိုပါသည်။
“အဓိကက မော်လမြိုင် ခရိုင်ပေါ့ အဲဒီလို တောင်းဆို လာတာ၊ အမျိုးသမီးတွေ တက်လို့ မရ ဘူးလားလို့ ပြည်သူ လူထု တွေက မေးလာတယ်။ ကျွှန်တော် တို့မှာ ဗဟို ကော်မီတီတွေ ချမှတ် ထားတာက အမျိုးသား တွေကိုပဲ ရည်ရွယ် ထားတာ ရှိတယ်၊ ပြီးခဲ့တဲ့ MAU ကွန်ဖရင့် မှာလဲ အမျိုးသား တွေပဲ ချမှတ် ထားတယ်၊ ဒီအချက်ကို မှတ်တမ်း တင်ထားပြီးတော့ ဗဟို ကော်မီတီရဲ့ သဘောတူညီမှု ပြန်လည် ရယူ ရဦးမယ်” ဟု ညီလာခံ တက်ရောက် ခဲ့သည့် တပ်မှူး တစ်ဦးမှ ပြောသည်။
အပစ် အခတ် မရပ် စဲခင် အစောပိုင်း ကာလများနှင့် ၁၉၉၅ နောက်ပိုင်း အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိ အပြီး စစ်သင်တန်း များ၌ အမျိုးသမီး သင်တန်း သူများ တက်ရောက် သင်ကြား ခဲ့ဖူး ပါသည်။ နောက်ပိုင်းတွင် အမျိုးသမီး သင်တန်း သူများ ပါဝင် တက်ရောက် လာမှု နည်းပါး ခဲ့ပါသည်။
တပ်အား အားကောင်းအောင် ပြန်လည် တည်ဆောက် ရာတွင် မွန်ပြည်သစ် ပါတီမှ ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ Geneva Call နှင့် လက်မှတ် ရေးထိုး ထားသည့် အချက် များနှင့် လူ့အခွင့် အရေး ဆိုင်ရာ တပ်တွင်း လိုက်နာ ရမည့် အချက် များကိုလည်း စစ်တပ် ဖွဲ့စည်း ပုံ၌ ထည့်သွင်း ရေးဆွဲ သွားရန်လည်း ရှိကြောင်း သိရှိ ရသည်။
ညီလာခံ တက်ရောက် လာသည့် MNLA တပ်မှူးများ အမှတ်တရညီလာခံ တက်ရောက် လာသည့် MNLA တပ်မှူးများ အမှတ်တရ
ထို့ပြင် ၄င်းတပ်မှူးများ ညီလာခံ အတွင်းတွင် လက်ရှိ မွန်ပြည်သစ် ပါတီ၏ အပစ် အခတ် ရပ်စဲရေး နှင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အခြေ အနေများ၊ တိုင်းရင်းသား တပ်ပေါင်းစုများ အနေ အထားနှင့် UNFC အခန်း ကဏ္ဍ၊ Geneva Call နှင့် သဘော တူညီ ထားချက်များ၊ တပ်တွင်း လိုက်နာ ရမည့် လူ့အခွင့် အရေး ကိစ္စ ရပ်များ၊ မွန်ပြည်နယ် အတွင်း အဓိက ပြသနာ ဖြစ်လာ နေသည့် မူးယစ် ဆေးဝါး ကိစ္စ ရပ်များ၊ လက်နက်ကိုင် အဖွဲ့ အချို့၏ ကျေးလက်နေ မွန်ပြည်သူ များအား ဆက်ကြေးတောင်း နေမှုများ စသည် တို့ကိုလည်း အကျယ် တဝင့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်သစ် ပါတီ တပ်မှူးများ၏ ၂၀၁၂ ခုနှစ် အတွက် ပုံမှန် တပ်မှူးများ ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ များအတွင်း မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
၄င်း ညီလာခံသို့ တပ်ရင်း (၁) မှ တပ်ရင်း (၅) အထိ နှင့် ဗဟို လုံခြုံရေး တပ်ရင်း တို့နှင့် စစ်ရုံးချုပ် လက်အောက်ခံ ဦးစီးချုပ် ဌာန၊ စစ်ရေးချုပ် ဌာန၊ စစ်ထောက်ချုပ် ဌာန များတို့မှ ကိုယ်စား လှယ်ပေါင်း (၁၀၀) နီးပါး တက်ရောက် ခဲ့ကြ ပါသည်။
တပ်မှူးများ ညီလာ ခံကို အဆင့် နှစ်ဆင့် ခွဲထားပြီး တပ်မှူး ကြီးများ ညီလာခံနှင့် တပ်မှူးများ ညီလာခံ ဟူ၍ ဖြစ်ပြီး တပ်မှူးများ ညီလာ ခံကို ဒီဇင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့ များတွင် ကျင်းပ ခဲ့ပါသည်။ တပ်မှူး ကြီးများ ညီလာခံကို ဒီဇင်ဘာ (၂၇) နှင့် (၂၈) ရက်နေ့ များတွင် ကျင်းပ ခဲ့ပါသည်။
တပ်မှူးများ ကြီးများ ညီလာခံကို တစ်နှစ်လျှင် (၂) ကြိမ် ခေါ်ယူ ကျင်းပလေ့ ရှိပြီး တပ်မှူးများ ညီလာခံကိုမူ တစ်နှစ်လျှင် တစ်ကြိမ်သာ ခေါ်ယူ ကျင်းပ လျက်ရှိသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2576--mnla-.html

နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျ မှသာ ဖြစ်နိုင်မည်


နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျမှ ဖြစ်နိုင်မည်မြန်မာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတို့ လျာထားသည့် ယခု နှစ်ကုန်၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အချို့မှ အဆင်သင့် မဖြစ် သေး၍ လျာထားသည့် ကာလထက် နောက်ကျ မှသာ ဖြစ်နိုင်ဖွယ် ရှိကြောင်း မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု - စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
“ကျွှန်တော်တို့ မွန်ပြည်သစ် ပါတီ အနေနဲ့ က နိုင်ငံရေး ဆွေးနွေး ပွဲကို ကျွှန်တော်တို့ တပါ တီတည်း သွားရောက် ဆွေးနွေးဖို့ သဘောထား မရှိ ပါဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ကိုလည်း အခု အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အဆင့်သင့် မဖြစ် သေးတဲ့ အနေ အထားတွေ ရှိနေ ပါတယ်၊ ဒါကြောင့် အနည်း ငယ်တော့ အချိန်ယူ ရဦးမှာပါ” ဟု ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
မွန်ပြည်သစ် ပါတီ အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေး မူဘောင် ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ရှိသည် ဟုလည်း ဆိုပါသည်။
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ မော်လမြိုင် မြို့၌ ပြီးခဲ့သည့် ဖော်ဖော်ဝါရီ (၂၅) ရက်နေ့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး စဉ်က ဒီဇင်ဘာလ (၃၁) နောက်ဆုံး ထားကာ အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းကာ ယခု နှစ်ကုန် အမှီ အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် အချက် တစ်ချက်ကို နှစ်ဖက် ကိုယ်စား လှယ်များ လက်မှတ် ရေးထိုးကာ သဘောတူ ထားကြ ပါသည်။
နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျမှ ဖြစ်နိုင်မည်ကလေး စစ်သား အသုံးမပြုရေး အတွက် Geneva Call နှင့် လက်မှတ် ရေးထိုး နေသည့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီဂကောင်း
 
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒု - သမ္မတ (၂) ဦးဉာဏ်ထွန်း တို့၏ မော်လမြိုင် ခရီးစဉ် အတွင်း ၌လည်း ထာဝရ ငြိမ်းချမ်း ရေးနှင့် နိုင်ငံ ရေရှည် ဖွံ့ဖြိုး တိုးတက် နိုင်ရေး အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲကို အမြန် ဖော်ဆောင် ပေးရန် ကိုလည်း မွန်ပြည်သစ် ပါတီ ဥက္က္ကဋ္ဌ နိုင်ထောမွန်မှ တင်ပြ ထားပါသည်။
“သမ္မတ ကို တွေတုန်း ကတော့ ကျွှန်တော်တို့ ဝမ်းသာ ဝမ်းနည်း ဖြစ်ရတယ်၊ တစ်ဖက်က တွေ့ဆုံပြီး တင်ပြ ဆွေးနွေး ရတာတော့ ဝမ်းသာ ပါတယ်၊ တဖက်မှာ ကချင် စစ်ပွဲ မရပ်ဆိုင်း နိုင်သေးတဲ့ အတွက် ဝမ်းနည်း ရပါတယ်၊ ဒါတွေကို ဖြေရှင်း နိုင်ဖို့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဖော်ဆောင်ဖို့ လိုနေ ပါတယ်၊ ဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသား တွေရဲ့ ဘုံ သဘောတူညီချက် တစ်ခု ရလာ လိမ့်မယ်၊ ဒီအပေါ်မှာ ဆက်လက် အကောင် အထည် ဖော်သွားဖို့ ကျွှန်တော် တို့က သမ္မတ ကြီးကို တင်ပြ ထားပါတယ်” ဟု ယင်း ဆွေးနွေး ပွဲတွင် ကိုယ်တိုင် ပါဝင် တက်ရောက် ခဲ့သည့် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းမှ ပြောသည်။
ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ရရှိ ထားသည့် အပစ်အခတ် ရပ်စဲရေး အဆင့်ဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိ နိုင်ရန်မှာ အလှမ်းဝေး နေသေး သည်ဟု မွန်ပြည်သစ် ပါတီမှ သုံးသပ် ထားပါသည်။
ဤ အချက်ကို ပြီးခဲ့သည့် (၂၄) ရက်နေနှင့် (၂၈) ရက်နေ့ အထိ မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပ ခဲ့သည့် ၂၀၁၂ ခုနှစ် အတွက် တပ်မှူးများ ပုံမှန် ညီလာခံ ၌လည်း အကျယ် တဝင့် ဆွေးနွေး ခဲ့ကြသည် ဟုလည်း သိရှိ ရပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2574-2012-12-31-12-14-10.html

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများ

အခုတပတ် အစီအစဉ်မှာ ကုန်လွန်တော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေနဲ့ လာမည့် ၂ဝ၁၃ နှစ်မှာ မျှော်မှန်းစရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး ဧည့်သည်တော်တွေအဖြစ် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေ၊ ထိုင်းနိုင်ငံရှိ ဝါရင့်စာရေးဆရာ သတင်းစာဆရာဦးဇင်လင်းနဲ့ ဘားမားတူဒေး အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ပါဝင်ထားကြပါ။

http://www.rfa.org/burmese/commentaries/2012-milestone-12312012050106.html

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

December 30, 2012

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်


ပလောင် (တအာင်း) စစ်ကြောင်းအား မြင်ရစဉ်ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။
“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA  တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။
အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို  KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။

“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

ပလောင် (တအာင်း) ဒေသသို့ ဖြတ်သန်း သွားသည့် ဂက်စ်ပိုက်လိုင်းများ ပြမြေပုံ (ဓာတ်ပုံ - အင်တာနက်)ပလောင် (တအာင်း) ဒေသသို့ ဖြတ်သန်း သွားသည့် ဂက်စ်ပိုက်လိုင်းများ ပြမြေပုံ (ဓာတ်ပုံ - အင်တာနက်)
လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ စကခ ၁၆ သိန္နီ၊  ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊  နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀ ဝန်းကျင် ကြားခန့် ရှိ အင်အား များဖြင့် တပ်အင်အား တိုးချခဲ့ပါသည်။ မန်တံုံနှင့် နမ့်ခမ်း ၀န်းကျင် ည် အင်အား ၃၀၀ ၀န်းကျင်ခန့်ရှိ အစိုးရတပ်များ လှုပ်ရှား နေလျက် ရှိကာ၊ ကွတ်ခိုင် ဘက်၌လည်း တပ်အင်အား ၃၀၀ ၀န်းကျင်ခန့် လှုပ်ရှား နေသည်ဟု သိရှိ ရသည်။

ထိုသို့ အစိုးရတပ် များမှ တပ်အင်အား တိုးချဲ့ချလာပြီး တိုင်းရင်းသား ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ တပ်တို့အကြား ရင်ဆိုင် တိုက်ပွဲများ မကြာ ခဏ ဖြစ်လာ နေခြင်းကြောင့်  ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက်နေ့ မှ စတင်ကာ ကွတ်ခိုင် မြို့နယ်ရှိ ကျေးလက်နေ ပြည်သူများ (၁၀၀၀) ခန့်တို့က ကွတ်ခိုင်မြို့ တွင်းသို့ နေရပ်စွန့် ထွက်ပြေး၍ စစ်ဘေးရှောင် နေရဆဲ ဖြစ်သည်။
မန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထား နိုင်ပြီး ဖြစ်သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIA ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF လက်နက်ကိုင် အဖွဲ့ များနှင့် လက်ရှိ အထိပင် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင် သေးဘဲ ရှိနေ ပါသည်

ရှမ်းပြည် မြောက်ပိုင်း ဒေသ၌ အစိုးရ တပ်များနှင့် KIA, ပလောင် (တအာင်း) ပူးပေါင်း တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ခန့်မှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ ပါသည်

http://www.phophtaw.org/burmese/index.php/news/local-news/2570--kia-.html

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့


အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂ း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါ၀င် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။

ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)ရှေ့တန်း တစ်နေရာမှ တိုက်ပွဲဝင် ကချင် စစ်သည် တဦးအား မြင်ရစဉ် (ဓါတ်ပုံ - Jadeland)
ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန် KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးတပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြံုရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2569--kia-.html

December 29, 2012

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ


Napaw campကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလာနန်း က ဆိုပါသည်။
“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေ့ါဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။ဟု ဆိုပါသည်။
အစိုးရတပ်များသည် ယမန်နေ့ နေ့လည်တွင် လေတပ်မှ ဗုံးကျဲ ချထားသော နေရာများကို အမြောက်တပ်၏ အကာအကွယ်ဖြင့် ကြည်းတပ်များက နေရာဝင်ယူ ထားပါသည်။ ဤသို့ကြောင့် အမြောက်တပ်မှ ယနေ့အထိ တနေ့လုံး ပစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။
KIA သည် ဗန်းမော်- လိုင်ဇာ လမ်းကြောင်းမှ လဂျားယန် နေရာကို ဗုံးကျဲပြီး နေရာဝင်ယူထားသော တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆပါသည်။
route
သို့သော် ယနေ့ ဗုံးကျဲလိုက်သော တိုက်ခိုက်မှုများသည် ယမန်နေ့ကလို ရမ်းရမ်းတန်းတန်း ဗုံးကျဲမှုမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနှင့် ဗုံးကျဲခဲ့ရခြင်း ဖြစ်ဟန်တူ ပါသည်။ အကြောင်းမှာ နှစ်ဖက်တပ်များ နီးကပ်နေသဖြင့် ဗုံးကျဲမှုများ ထိန်းသိမ်းရာမှ ထိရောက်မှု မရှိခဲ့ခြင်း ဖြစ်ဖွယ် ရှိပါသည်။
ဤကဲ့သို့ ထိရောက်မှုမရှိသော အခြေအနေကြောင့် ယမာန်နေ့ကမှ မြစ်ကြီးနားကို ရထားလုံးစင်းဖြင့် ရောက်လာသော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုပါသည်။
မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်ပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။ဟု ဆိုပါသည်။
အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များသည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေရသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိပါသည်။
ဤသို့ကြောင့် လိုင်ဇာစစ်ဆင်ရေး တခုထဲမှာတင် စစ်အင်အား (၄၀၀၀) နီးပါး အသုံးပြု နေရသည့်အပြင် တိုက် လေ ယာဉ် (၄) စင်းအပါ၀င် စစ်ရဟတ်ယာဉ်များနှင့် လက်နက်ကြီးများ အဆမတန် အသုံးပြုနေရခြင်း ဖြစ်ပါသည်။
ထို့အပြင် စိတ်ဓါတ်စစ်ဆင်ရေးအတွက် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်ထားခဲ့ပါသည်။ ဖြတ်သန်းသွားလာသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု ဆိုပါသည်။
လိုင်ဇာ စစ်ဆင်ရေး၏ အဆုံးအဖြတ်တိုက်ပွဲ စတင်သည့် ဒုတိယမြောက်နေ့သို့ ရောက်ရှိလာပြီး ဖြစ်သော်လည်း အစိုးရ တပ်ဖွဲ့များသည် ရှေ့မတိုးနိုင်သေးဘဲရှိ နေပါသည်။ ဤသို့ကြောင့် အစိုးရသည် လေကြောင်းတိုက်ပွဲကို ပိုမိုတိုးမြှင့် လာ ဖွယ်ရှိသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2565-2012-12-29-13-01-34.html

ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေး ဘယ်မှာ ခိုနားရပါ့

lachid kachin
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးရဟာ တဖက်က ငြိမ်းချမ်းရေးစကားပြောရင်း တဖက်က ကေအိုင်အေ စစ်မျက်နှာမှာ ထိုးစစ် အကြီးအကျယ် ပြင်ဆင်လုပ်ကိုင်လာပါတယ်၊ ကေအိုင်အေ ဗဟိုဌာနချုပ် ဘက် လဂျားယန်ဒေသမှာ မနေ့ကနဲ့ မနေ့ညက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့အတွက် တောင်ယာစိုက်ခင်း ထဲက အရပ်သားတဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်၊ ဦးသိန်းစိန်အစိုးရ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တဲ့ ပြည်တွင်းစစ်ထဲမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဆက်လက်သေကြေ ဒုက္ခရောက်နေကြရဆဲပါပဲ၊
ဒီနေ့ (၂၈-၁၂-၂၀၁၂) မနက် (၉) နာရီအချိန်က စပြီး ဦးသိန်းစိန်စစ်အစိုးရက ရဟတ်ယဉ် (၃) စီး၊ ဗုံးကြဲတိုက်လေယာဉ် ၃ စီးအပါ လေယာဉ် (၇) စီးနဲ့ လကျားယန်စစ်မျက်နှာမှာ ဗုံးတွေကြဲ စက်သေနတ်တွေပစ်နဲ့ ထိုးစစ် စတင်လာပြန်ပါ တယ်၊ တရုတ်ပြည်ဘက်သို့ လေယာဉ် ၂ ကြိမ် ကျူးကျော်ဝင်ရောက်ပြီးမှ လကျားယန် စစ်မျက်နှာပေါ် ဗုံးကြဲတိုက်ခိုက် တာ လုပ်ပါတယ်၊ ပြည်တွင်းစစ်အတွေ့အကြုံရှိသူတဦးက လေယာဉ် ဒီလောက် အရေအတွက်နဲ့ တိုက်ခိုက်တာမျိုး အရင်စစ်မျက်နှာတွေမှာတောင် သိပ်မတွေ့ရဘူးလို့ သုံးသပ်ပါတယ်၊ ကေအိုင်အေတပ်မတော်နဲ့ မာကျားယန်စစ်မျက်နှာ ရှိ ကျောင်းသားတပ်မတော်တို့ကတော့ ဒီထိုးစစ်ကို မဆုတ်မနစ်ဇွဲနဲ့ ခုခံရင်ဆိုင်သွားမယ်လို့ ပြောကြားကြပါတယ်။ ပြည် တွင်းစစ်မီးကြီး ဆက်လက်တောက်လောင်နေဆဲပါ၊ ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေး ဘယ်မှာ ခိုနားရပါ့၊

မောင်လှဝင်း (မြင်းခြံ)

December 28, 2012

လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ် နဲ့ ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်တဲ့ အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ ဒီဇင်ဘာလ ၂၆ ရက်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဒီနေ့မှာပါ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
Photo: Democratic Party for a New Society
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် လူ့ဘောင်သစ်ပါတီ ပြည်တွင်းမှာ တရားဝင် ပြည်လည်ထူထောင်ရေးကိစ္စ ဆွေးနွေခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့နဲ့တော့ အစိုးရနဲ့ပါတီနှစ်ဘက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးငွေလင်းက RFA ကိုပြောပါ တယ်။
ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ဝန်ကြီး ဦးအောင်မင်းနဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး၊ မနေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့တွေ့ဆုံတဲ့အခါမှာတော့ ပါတီဝင်တွေ နေထိုင်သွားလာရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကိစ္စဆွေးနွေးတဲ့အခါမှာ လူ့ဘောင်သစ်ပါတီဝင်တွေကို မဆလခေတ်က နိုင်ငံသားတွေကိုထုတ်ပေးခဲ့တဲ့ ၃ ခေါက်ချိုး မှတ်ပုံတင်ထုတ်ပေးမယ်လို့ ပြောဆိုတဲ့အကြောင်းသိရပါတယ်။
အစိုးရနဲ့နှစ်ဘက်သဘောတူညီချက်တွေ လက်မှတ်ထိုးပြီးရင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်တွင်းမှာ ဆက်ဆံရေးရုံးဖွင့်မယ်လို့သိရပါတယ်။
ပြည်တွင်းကို ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးငွေလင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

http://www.rfa.org/burmese/news/dpns-meet-election-commission-12282012022412.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

December 27, 2012

KNU က ကြေညာချက်ထုတ်ပြန်

KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်
Photo:Karen Information Centre
ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပနေစဉ်
တစ်လကြာကျင်းပခဲ့တဲ့ ညီလာခံကဟာ KNU တပ်မဟာရ နယ်မြေမှာကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၁၇၁ဦးတက်ရောက်ခဲ့ပါတယ်။
ညီလာခံမှာဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီအသစ်ကို လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဌ အဖြစ်ပါ၀င်တဲ့ ၁၁ဦးပါ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သလို KNLA ကရင် အမျိုးသားတပ်မတော် ရဲ့စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂျော်နီကိုခန့်အပ်လိုက်ပါတယ်။
KNUရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးဘို့ လိုတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမဲ့ အာဏာပိုင်တွေက လူထုလှုပ်ရှားမူတွေကို အကြမ်းဘက်နိမ်နင်းတာတွေရှိနေတဲ့ အပေါ်စိုးရိမ်မိတယ် လို့လည်း ဖေါ်ပြထားပါတယ်။ ကေအင်ယူ ဗဟိုကော်မီတီရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ဖဒိုမန်းမန်းကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/knu-assembly-12272012103930.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

KNPP ကုမ္ပဏီ ထူထောင်ရခြင်းမှာ တပ်ဖွဲ့ဝင် မိသားစုနှင့် လူထုလုပ်ငန်းအတွက်ဟုဆို

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးသည့် ကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် ကုမ္ပဏီထူထောင်ရခြင်းမှာ အဖွဲ့အစည်းဝင်မိသားစုများနှင့် တဖက်တလမ်းလူထုအတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင် ဖို့သာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က ပြောပါတယ်။
“အဖွဲ့အစည်းနဲ့နေတာ အဖွဲ့အစည်းဝင်တွေရှိတယ် သူတို့သက်ဆိုင်ရာမိသားစုဝင်တွေရှိတယ် သူတို့စားဝတ်နေရေးရှိတယ် တခြားနည်းလမ်းနဲ့ ဝင်ငွေရဖို့မှနည်းလမ်းမရှိတာ အဖွဲ့အစည်းနဲ့နေတော့ အဖွဲ့မှာ တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲစီးပွားရှာရမှာ အားလုံးစီးပွားရေးရှာလည်း ဥပဒေနဲ့အညီပဲ ရှာရမယ်။” လို့ ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးမှု မပြီးပြတ်သေးသည့်ကာလအတွင်း တပြိုင်နက် စီးပွားရေးလုပ်ငန်းတွေကိုလည်း မနောက်ကျစေရန်အတွက် ပူးတွဲလုပ်သွားရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ကုမ္ပဏီနှစ်ခု ထူထောင်ထားခြင်းအပေါ် လူထုတွေ အကြား အထင်အမြင်လွှဲမှားမှုတွေကို မဖြစ်စေလိုကြောင်း ပြောပါတယ်။
ဆရာခူဦးရယ် “ရှာလို့ရတဲ့အထဲကပဲ ရာခိုင်နှုန်းဘယ်လောက်လဲ ဖဲ့ပြီးတော့ချန်ရမှာပဲ ကျနော်တို့က ပူးတွဲအကျိုးစီးပွားရေးပဲ လူတိုင်းကတော့ ချမ်းသာချင်ကြတာပဲ ကျနော်တို့ကတော့ အဲလိုတဖက်သတ် လုပ်မှာမဟုတ်ဘူး ကျနော်တို့ကလည်း လူထုအတွက် လုပ်တယ်လို့ တချက်တည်းနဲ့ မကြွေးကြော်လိုက်ပါဘူး ဒါပေမဲ့ လူထုအကျိုးပြုလုပ်ငန်းတော့ တတ်နိုင်သလောက်လုပ်ရမယ် ဆိုတာကတော့ ပေါ်လစီရှိတယ်” လို့ ပြောပါတယ်။
KNPP ကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် သြဂုတ်လအတွင်း တရားဝင်မှတ်ပုံတင်ထား ရှိပြီးဖြစ်ပါတယ်။ ၎င်းတို့က ကယားဌာနေကုမ္ပဏီဖြင့် ထုတ်လုပ်ရေးလုပ်ငန်းနှင့် ထုတ်လုပ်မှုအတွက်လုပ်ငန်းအနေဖြင့် လုပ်ငန်း လုပ်ဆောင်ရန်ဖြစ်ပြီး တမောထျာကုမ္ပဏီကိုတော့ ထုတ်ကုန်သွင်းပြုလုပ်ရန်အတွက်ဆိုပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်တယ်လို့သိရပါတယ်။
စီးပွားရေးလုပ်ငန်းအနေနဲ့ မော်ချီးသတ္တုနှင့် သံလွင်မြစ်အရှေ့ဘက်မှ သစ်ဟောင်းတွေကို ပြုလုပ်ဖို့ လက်ရှိမှာ လုပ်ငန်းလိုင်စင် အတွက်အစိုးရထံလျှောက်ထားဆဲ ဖြစ်ကြောင်းသိရပါတယ်။

http://www.ktimes.org/index.php/news/407-knpp-----

လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် KNU သဘောထားချမှတ်

ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
စီပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုင်ရေးအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ၎င်းတို့၏ (၁၅)ကြိမ်မြောက် ညီလာခံအပြီး လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် သဘောထားချမှတ်ခဲ့သည်။
ယခုနှစ်၊ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကေအဲန်ယူနယ်မြေ၊ ဘားအံခရိုင်၊ တပ်မဟာ(၇)ဒေသ၌ ပြုလုပ်ကျင်းပသည့် (၁၅)ကြိမ်မြောက် ကေအဲန်ယူ ညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ဦး၊ လေ့လာသူ ရ၄ဦး စုစုပေါင်း ၂၄၅ဦး တက်ရောက်ကာ ညီလာခံအပြီးတွင် ယင်းအဖွဲ့ကို ဖွဲ့ရန် ထိုသို့ သဘောတူခဲ့ခြင်းဖြစ်သည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၂)အသစ်ဖြစ်လာသူ ပဒိုမန်းမန်းက “သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေ တင်ပြလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ကေအဲန်ယူမှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းတာပါ။ မကြာခင်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရရဲ့ အကြမ်းဖက်မှုကို ကြည့်ရင် ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာပဲ”ဟု ပြောသည်။
ဆက်လက်၍ ယင်းလူ့အခွင့်အရေးကော်မတီတစ်ရပ်ကို မကြာမီ ပြုလုပ်မည့် ဗဟိုကော်မတီ အစည်းအဝေးတွင် လိုအပ်သည့်အကြောင်းအရာများ အသေးစိတ် ညှိနှိုင်းကာ ဖွဲ့စည်းသွားမည်ဖြစ်သကဲ့သို့ ဖွဲ့စည်းပြီးသွားပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကေအဲန်ယူ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပြန်လည်ချပြမည်ဟု ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၌ အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နေချိန်တွင် လူထုလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းပြီး ဖြစ်ရပ်မှန်ပေါ် ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်မှာ ကြိုဆိုသော်လည်း စိုးရိမ်မှုများရှိနေ သေးကြောင်း ယနေ့ထုတ်ပြန်သည့် ကေအဲန်ယူ ကြေညာချက်၌ ပါရှိသည်။
ထို့အပြင် ကေအဲန်ယူနှင့် အစိုးရတို့အကြား လက်ရှိအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း စဉ်များကို ပြန်လည်သုံးသပ်၍ နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ရောက်စေရန် အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ နိုင်ငံရေးဆွေးနွေးမှုများကို စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာ အပစ်အ ခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ကေအဲန်ယူက ထောက်ပြထားသည်။
“ငြိမ်းချမ်းရေးကိစ္စမှာ ကေအဲန်ယူနဲ့ မြန်မာအစိုးရအကြား ပစ်ခတ်ရပ်စဲရေးကိစ္စ မပြီးပြတ်သေးဘူး။ ပိုပြီးခိုင်မာဖို့ ဆွေးနွေးညှိနှိုင်းဖို့ ကျန်ပါသေးတယ်။ အဲဒါပြီးရင်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားတပ်ပေါင်းစု တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အားလုံးပါ၀င်နိုင်ဖို့ လုပ်သွားမယ်”ဟု ပဒိုမန်းမန်းက ပြောသည်။
၎င်းအပြင် နိုင်ငံရေးနှင့်အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုပိုမိုအားကောင်းလာရေး ကို ပံ့ပိုးဆောင်ရွက်သွားရန် အမျိုးသားစည်းလုံးညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေးစသည့် ရှေ့ လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထားသည်။
တဆက်တည်းမှာပင် ညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ် ၁၁ဦး ရွေးချယ်ခဲ့ရာတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး (ဥက္ကဌ)၊ ပဒိုနော်စီဖိုးရာစိန် (ဒု-ဥက္ကဌ)၊ ပဒိုစောကွယ်ထူးဝင်း(အတွင်းရေးမှူးချုပ်)၊ ပဒို စောသောသီဘွဲ(တွဲဖက်အတွင်း ရေးမှူး-၁)၊ ပဒိုမန်းမန်း (တွဲဖက်အတွင်းရေးမှူး-၂)အပါအဝင် ကော်မတီအဖွဲ့ဝင် များအဖြစ် ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမူး၊ ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဗိုလ်မှူးချုပ် စောဘောကျော်ဟဲတို့ ပါရှိသည်။
ညီလာခံတွင် ကေအဲန်ယူ၏ (၄)နှစ်တာ ကာလလုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံရေးအစီရင်ခံစာများကို တင်သွင်းခြင်း၊ သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံလုပ်ငန်းစဉ်၊ နိုင်ငံရေးလမ်းစဉ် များ ပြန်လည်စီစစ်သုံးသပ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ကေအဲန်ယူ ကြေညာချက်က ဆိုသည်။
ကေအဲန်ယူသည် ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်း ခွင့်ရရှိရေးကို လက်ရှိကြိုးပမ်း ဆောင်ရွက်လျှက်ရှိနေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အတူ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်၏ နိဂုံး၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊ အောက်တိုဘာလက ကေအဲန်ယူ (၁၄)မြောက် ညီလာခံကို ကရင်ပြည်နယ်၊ ဖာပွန်မြို့ နယ်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၅)တွင် ကျင်းပခဲ့သည်။

http://www.kicnews.org/?p=14917

KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး
ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင်ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု ပဒိုမန်းမန်း က မဇ္စျိမကို ပြောသည်။

ယခင် ကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာနမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ကို တို့ ဦးဆောင်ပါဝင်ခဲ့သည်။

နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဘားအံခရိုင် တပ်မဟာ ရ နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌသစ်အဖြစ် (ယခင် စစ်ဦးစီးချုပ်) ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တင်မြှောက်လိုက်ပြီး စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်မှူးချုပ် စောဂျော်နီအား ပေးအပ်ခဲ့ပြီး ဒု-စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ အား တာဝန်ပေးအပ်လိုက်သည်။

ဒု- ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုမန်းမန်း၊ တွဲဘက် အတွင်းရေးမှူး(၂) ပဒိုစောရောဂျာခင်၊ အဖွဲ့ဝင်များအဖြစ် ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမှူး၊ ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ တို့ ၁၁ ဦးအား တာဝန်ပေးအပ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုသို့ ခေါင်းဆောင်မှု အပြောင်းအလဲများ လုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ မူလအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့အပြင် အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု ပိုမို အားကောင်းလာရေးကို ပံ့ပိုးဆောင်ရွက်သွားရန် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ရန် သဘောတူခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။

“အမျိုးသမီးတွေ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်နိုင်တဲ့နေရာမှာ မူဝါဒပိုင်းဆိုင်ရာ ပတ်သက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အားကောင်းလာဖို့၊ ဗဟိုကော်မတီအဆင့်မှာ အနည်းဆုံး အမျိုးသမီးတွေ ပါဝင်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချမှတ်
နိုင်ခဲ့တယ်။ အကောင်အထည်ဖော်တာက အချိန်အများကြီး လိုပါသေးတယ်” ဟု မဇ္စျိမကို ပြောသည်။ လက်ရှိတွင်မူ ဗဟိုကော်မတီ ၄၅ ဦးတွင် အမျိုးသမီး လေးဦးသာ ထားရှိနိုင်သေးသည်။

ဇန်နဝါရီလအတွင်းက နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်ဆုံး စက်တင်ဘာလ ၄ ရက်နေ့က နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် သဘောတူ လက်မှတ် ရေးထိုးလိုက်နိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် KNU ၏ တပ်မဟာ ၁ မှ ရ ထိ တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ညီလာခံတွင် လူ့အခွင့်အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး တို့နှင့် စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများ ကိုလည်း ချမှတ်သွားရန် သဘောတူခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။

KNU ၏ ဌာန ၁၄ ခုမှ တာဝန်ခံများကိုလည်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ရာ ပဒိုမန်းဘထွန်း (သစ်တောဌာန)၊ ပဒိုစောနေစိုး (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန)၊ စောအယ်လိုဆွေဦး (ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန)၊ စောလှထွန်း (စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန)၊ စောလေမူး (လယ်ယာနှင့် စိုက်ပျိုးရေး ဌာန)၊ စောလှစေး (ပညာရေးနှင့် ယဉ်ကျေးမှုဌာန)၊ စောမြမောင် (မွေးမြူရေးနှင့် ငါးဖမ်းဌာန)၊ စောရောဂျော်ခင် (ကာကွယ်ရေးဌာန)၊ စောကဲလဲ (သတ္တုတွင်းဌာန)၊ စောကလိုစေး (တရားရေးဌာန)တို့ ဖြစ်သည်။

ယခင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော စောဒေးဗစ်သာကဘောမှာ (မဟာမိတ်ရေးရာဌာန)၊ စောအောင်ဝင်းရွှေ (နိုင်ငံခြားရေးဌာန)၊ စောအာတိုး (တရားရေးနှင့် သာသနာရေးဌာန)၊ စောခေးဆယ် (အကောက်ခွန်နှင့် ဘဏ္ဍာရေး ဌာန)တို့ တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

ကွယ်လွန်သူ ပဒိုဒေးဗစ်ထော၏ တရားရေးဌာန တာဝန်ခံ နေရာတွင် ပဒိုအယ်ကလိုစေးအား တာဝန်ပေးလိုက်ပြီး ပဒိုစောလှငွေအား အရေးကြီးသည့် တပ်ပိုင်းဆိုင်ရာ တနေရာတွင် တာဝန်ပေးအပ်မည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10659-knu----.html

December 26, 2012

ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့  ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါ၀င်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို  မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါ၀င်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။

မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”

ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါေ့လ။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိ်မ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”

ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”

ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။ ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပို်က်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”

ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”

ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”

ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”

ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”

http://burmese.voanews.com/content/react-on-president-speech/1572854.html

သျှမ်းပြည်စစ်ဘေးရှောင်များ အုပ်စုလိုက်ပြည်တော်ပြန်လျှင်နှစ်သက်ရာ ခရိုင်၌နေခွင့်ပြုမည်

အိမ်နီးချင်းနိုင်ငံသို့ရွှေ့ပြောင်းအလုပ်သမားဘ၀ဖြင့်ရော က်ရှိနေသော သျှမ်းပြည်သားစစ်ဘေးရှောင်များ မိမိနှစ်သက်သည့် ခရိုင်၌ ပြန်လည်နေရာချပေးမည်ဟု သျှမ်းပြည်ဝန်ကြီးချုပ်က ကျားဖြူပါတီလွှတ်တော်အမတ်အား ပြောကြားလိုက်ကြောင်း ကြားသိရသည်။
n-kham-aye
နန်းခမ်းအေး

“ သျှမ်းပြည်ဝန်ကြီးချုပ် က  -  ဒီလူတွေ ပြန်လာမယ်ဆိုရင် သက်ဆိုင် ရာ သံရုံးမှာ စာရင်းသွားပို့ပေးထားရမယ် လို့ပြော တယ်။ တယောက်စ နှစ်ယောက်စ ပြန်လာမယ်ဆိုရင် သူတို့အမျိုးရှိတဲ့ရွာမှာ ကြိုက်သလိုပြန်နေလို့ရတယ်။ အုပ်စုလိုက် လာမယ်ဆိုရင်တော့ သူတို့နေလိုတဲ့ခရိုင်မှာ နေရာချပေးမယ်။ အရေးယူတာ ပြစ်ဒဏ်ပေးတာတွေ ဘာမှမလုပ်ဘူးလို့ပြော တယ်။” ဟု လွှတ်တော်ချိန်ပြင်ပ သီးသန့်သွားတွေ့ဆုံစဉ်က သျှမ်းပြည်ဝန်ကြီးချုပ်မှ ပြောကြောင်း ကျားဖြူပါတီ ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောပါသည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့က ပြီးဆုံးသော ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအတွင်း ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေးက ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများကိစ္စ တင်ပြဆွေးနွေးခြင်း ဖြစ်သည်။

sao-aung-myat
သျှမ်းပြည်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်


“ကျမ ဒီကိစ္စ လွှတ်တော်ထဲမှာတင်ပြတုန်းကတော့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူကပြန်ဖြေပေး တယ်။ သူပြောတာက - သူတို့နေခဲ့ဖူးတဲ့ရွာတွေမှာ ပြန်လာနေလို့ရတယ်။ သူတို့အတွက်နေရာချပေးစရာမလိုဘူး - လို့ပြော တယ်။ ဒီလူတွေမှာ တချို့ဆို တရွာလုံးပြောင်းရတယ်လေ။ ရွာပျောက်တယ်လေ။ ကျမက အားမရသေးတော့ လွှတ်တော် ချိန်ပြင်ပမှာ ဝန်ကြီးချုပ်နဲ့ထပ်သွားတွေ့ပြီး မေးတယ်။ နေရပ်ပြန်လိုတဲ့ သျှမ်းပြည်သားတွေရဲ့စာရင်းကိုပါ ကောက်ထား ပေးဖို့ ဝန်ကြီး ချုပ်က ကျမကိုမှာလိုက်သေးတယ်” ဟု နန်းခမ်းအေးကပြောပါသည်။

လွှတ်တော်အတွင်း ၎င်းတင်ပြသော မေးခွန်းမှာ- ရွှေ့ပြောင်းအလုပ်သမားအဖြစ် အိမ်နီးချင်းနိုင်ငံသို့ အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ရောက်နေရပြီး သျှမ်းပြည်သို့ပြန်လည်ဝင်ရောက်နေထိုင်မည်ဆိုပါက သျှမ်းပြည်အစိုးရအနေဖြင့် ခွင့်ပြုရန်ရှိမရှိ၊ ရှိမည် ဆိုပါက နေရာပြန်လည်ချ ထားပေးဖို့ရှိမရှိ၊ ရှိမည်ဆိုပါကမည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် လုပ်ပေးမည်ဆိုတာကို သိချင်ပါသည်-  ဟု ဆိုပါသည်။

“၁၉၉၆-၉၇ ခုနှစ်တွေတုန်း သျှမ်းပြည်အလယ်ပိုင်း တောင်ပိုင်းတွေမှာ ကူညီထောက်ပံ့မှု၊ လျော်ကြေးတွေမရှိဘဲနဲ့ အဓမ္မ နေရာပြောင်းရွှေ့ခိုင်းခြင်းခံရတဲ့သူတွေကို ကျမက ရည်ညွှန်းတယ်။ သူတို့တွေဟာ နေစရာ စားစရာ အားကိုးစရာမရှိတော့ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားဘ၀နဲ့ရောက်နေတာ ၁၆ နှစ်ရှိပြီ။ သူတို့တွေကိုအခု ပြန်ခေါ်ဖို့၊ သူတို့တွေကိုနေရာ ပြန်ချပေးဖို့ အချိန်တန်ပြီဖြစ်တဲ့အတွက် အစိုးရကနေ ပွင့်ပွင့်လင်းလင်းကြေငြာပေးမှသာ သူတို့တွေပြန်လာရဲမှာဖြစ်တယ် လို့ ကျမ လွှတ်တော်ထဲမှာပြောခဲ့ပါသေးတယ်” - ဟု နန်းခမ်းအေးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

သို့သော် လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့၏အဖြေမှာ  အလုပ်သမားကိုယ်စားလှယ်မှ နေရပ်ပြန်လိုသည့်အလုပ်သမားများ၏ အမည်နေရပ်လိပ်စာတို့ကို သံရုံး၌သွားရောက်ပေးသွင်းရန်၊ သံရုံးမှစီစစ်၍ မှန်ကန် ခဲ့ပါက မိမိပြန်လိုသောနေရပ်သို့ ပြန်နေခွင့်ရအောင်စီမံပေးမည်ဖြစ်ကြောင်း ဖြေဆိုပါသည်။

၁၉၉၆ မှ ၁၉၉၈ ဧပြီလ အထိ မြန်မာစစ်တပ်သည် သျှမ်းပြည်တောင်ပိုင်း လွယ်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၁၄၇၈ ရွာ လူဦးရေသုံးသိန်း ကျော်အား နေရပ်မှ အဓမ္မ ပြောင်းရွေ့ခိုင်းခဲ့ကြောင်း၊ ဘုန်းတော်ကြီးကျောင်း အချို့အပါအဝင် ကျေးရွာအများအပြားလည်း မြန်မာစစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ဘေးရှောင်သျှမ်းပြည်သားများသည် ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်တွင် မယ်ဆိုင်၊ မယ်ဖလုံ၊ ချင်းရိုင်း ၊ ချင်းမိုင်ခရိုင်တွင် ချင်းမိုင်၊ ချိုင်းဒေါဝ်၊ ဖှန်၊ မယ်အိုင်း၊ ချိုင်းပရကန်း၊  မယ်ဟောင်ဆောင်ခရိုင်တွင်မူ မယ်ဟောင်ဆောင် နှင့် မုံးပိုင်းမြို့နယ်တို့၌ ပြောင်းရွှေ့ကာ ဘ၀အမျိုးမျိုးဖြင့်နေထိုင်ရသည်ဟု ၁၉၉၈ ဧပြီလထုတ် သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်၏ အစီရင်ခံစာတွင်ဖေါ်ပြထားပါသည်။

ထို့အပြင် နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက်ယူမှုအရ စစ်ဘေးစစ်ဒဏ်အပြင် စီးပွားရေးအခက်အခဲကြောင့် နှစ်စဉ်နှစ်တိုင်းလည်း သျှမ်းပြည်သားများ နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း၊ ယခုနှစ်ဆန်းပိုင်း တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စဉ်မှစ၍ ယနေ့အထိ နေရပ်စွန့်ခွါမှု ရှိနေသေး ကြောင်း၊ ဖှန်၊ ချိုင်းပရကန်း၊ မယ်အိုင်း သုံးမြို့နယ်အတွင်း သျှမ်းပြည်မှဝင်ရောက်လာသည့် လူဦးရေ လစဉ် ပျှမ်းမျှ ၂၅၀ ထက်မနည်း ရှိနေဆဲဖြစ်ကြောင်း၊ မယ်ဟောင် ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း ခရိုင်နယ်စပ်တလျှောက် တလလျှင် ၁၀၀၀ ထက်မနည်း ရှိကြောင်း နယ်စပ်ကူညီရေးအသင်း ဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3759-2012-12-26-10-30-08.html

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရစစ်တပ်တွေကို တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။
Photo:RFA/Moe Thu Ang
၂၀၁၂ ခုနှစ်၊နှစ်ဆန်းပိုင်းက ကရင်ပြည်နယ်၊မြဝတီခရိုင်တွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများ။
လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။
"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်"
နှစ်ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတယ်လို့လဲ သူက ဆက်လက်ပြောပြပါတယ်။
"ကျနော်တို့သိရသလောက်ကတော့ သူတို့နယ်မြေစိုးမိုးရေး အကုန်လုံးလုပ်မယ်လို့ပြောတယ်၊ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံးရှင်းမယ် အဲလိုကြားရတာပေါ့၊ ကချင်ဘက်မှာဆိုရင် အခု လိုင်ဇာဘက်ပေါ့ ကေအိုင်အို တပ်မဟာ ၄ ၊ အခုပလောင်ဘက်ထွက်နေတဲ့ဟာ ဒါတွေအကုန်လုံး ရှင်းမယ် ဒါတွေ အကုန်လုံးရှင်းပြီးပီဆိုရင်တော့ ရှမ်းဘက်က ၀မ့်ဟိုင်းဘက်ကိုရှင်းမယ် အဲလို ကျနော်တို့သတင်းရတယ်"
ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး ကေအိုင်အိုနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခုအချိန်အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။

http://www.rfa.org/burmese/news/shan-north-army-12262012064307.html

ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ


Bamawကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တဝိုက် တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။
ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန်တဝိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။
“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့လမ်းဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်းတပ်ထားမယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။
Bamaw 01
KIA စစ်ဆင်ရေးဆက်နွှဲနေပုံ(ဓါတ်ပုံ KIA)

အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆထားပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာဗဟိုဌာနချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။
လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော်လမ်းကြောင်းတလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။
အစိုးရသည် လမ်းကြောင်း (၃) ခု လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကိုယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2560--kia-.html 

- KIA လဂျာယန်ကို မြန်မာစစ်တပ် လေကြောင်းက တိုက် click
- ကေအိုင်အိုကို အစိုးရက ဂျက်လေယာဉ်နဲ့ တိုက် click
- အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင် click
- အစိုးရက KIA စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ click
- မြန်မာအစိုးရက ကေအိုင်အိုအား လေကြောင်းမှ အပြင်းအထန် တိုက်ခိုက် click
- အစိုုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟု ဆို click
- အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ click
- ကချင်အပေါ် ထိုးစစ် ဒီအေဘီ ကန့်ကွက်ရှုတ်ချ click
- ကချင်ဒေသကို အစိုးရတပ် ထိုးစစ်ဆင်မှုအပေါ် DAB ရှုတ်ချ click
- ကချင်စစ်ပြေးဒုက္ခသည် ၄ ထောင်ခန့် အစာရေစာ ငတ်မွတ်မှုကြုံ click
- မိုးညှင်းဘူတာနားမှာ ဗုံးပေါက်ကွဲ click
- ကေအိုင်အိုဌာနချုပ်အနီး လက်နက်ကြီးကျသဖြင့် အရပ်သား သေဆုံး click
- အစိုးရတပ် အမြောက်ဆံ ကျ၍ ကချင်အရပ်သား ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ click
- အစိုးရ လက်နက်ကြီးဒဏ်ကြောင့် ရွာသားတဦး ပွဲချင်းပြီး သေဆုံး၊ သုံးဦး ဒဏ်ရာရ click
- ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား click
- သိန္နီ သစ်တောရုံး ဗုံးကွဲ၊ ဦးစီးမှူး ဒဏ်ရာရ click
- အစိုးရဘက်မှ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေဟု ABSDF ပြော click
- ဦးသိန်းစိန် ပြောတဲ့ ပြုပြင်ရေး ထင်သလောက် မလွယ်ကူ click
- အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု ပြင်းထန်လာ၊ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဟု KIO ဆို click
- ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ click
- KIO ၏ ကန့်ကွက်အကြောင်းကြား စာကို အစိုးရဘက်မှ အကြောင်းမပြန်သေး click
- ကချင်ဒုက္ခသည်များအတွက် လုံခြံုရေး ပြင်ဆင် click
- ကချင်ပြည်နယ်မှာ ခရစ်စမတ်စ်မှာလည်း တိုက်ပွဲတွေဖြစ်ဆဲ click
- အစိုးရတပ်က KIA ကို လမ်းကြောင်းရှင်းရန် သတိပေး click
- မပခ တိုင်းမှူး၏ ရာဇသံ KIO က လက်မခံ click
- KIA စစ်မြေပြင်တွင် ယနေ့ တိုက်ပွဲငြိမ်သက်နေ click
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရတပ်များ အလုံးအရင်းဖြင့် ချဉ်းကပ်ရောက်ရှိ click
- အစိုးရနှင့် ကေအိုင်အေ စစ်ရေးအခြေအနေ (မေးမြန်းချက်) click
- တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်များ ပန်ဝါမြို့ပေါ် ရွှေ့ပြောင်းရောက်ရှိ click
- ကချင်စစ်ဘေးဒုက္ခသည်အတွက် SNLD သိန်း ၁၅၀ ကျော် သွားရောက်လှူဒါန်း click
- ကချင်ဒုက္ခသည်တွေကို SNLD သိန်း ၁၇၀ လှူ click
- လိုင်ဇာအနီးသို့ အစိုးရတပ် လက်နက်ကြီးများ ပစ်ခတ်နေ click
- ကချင်တပ်ဖွဲ့ ဆုတ်ခွာဖို့ အစိုးရစစ်တပ် ရာဇသံပေး click
- ကေအိုင်အိုက ကန့်ကွက်စာ ပို့ click
- မြောက်ပိုင်းတိုင်းမှူး၏ ရာဇသံ KIA ကန့်ကွက် click
- ဆေးပညာနှင့် စွမ်းအင်အတွက် အဏုမြူနည်းပညာ လိုကြောင်း ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော click

 http://drlunswe.blogspot.com
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India