“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။
အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။
“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။
လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ ၊ စကခ ၁၆ သိန္နီ၊ ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊ နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀ ဝန်းကျင် ကြားခန့် ရှိ အင်အား များဖြင့် တပ်အင်အား တိုးချခဲ့ပါသည်။ မန်တံုံနှင့် နမ့်ခမ်း ၀န်းကျင် ၌လည် အင်အား ၃၀၀ ၀န်းကျင်ခန့်ရှိ အစိုးရတပ်များ လှုပ်ရှား နေလျက် ရှိကာ၊ ကွတ်ခိုင် ဘက်၌လည်း တပ်အင်အား ၃၀၀ ၀န်းကျင်ခန့် လှုပ်ရှား နေသည်ဟု သိရှိ ရသည်။
ထိုသို့ အစိုးရတပ် များမှ တပ်အင်အား တိုးချဲ့ချလာပြီး တိုင်းရင်းသား ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ တပ်တို့အကြား ရင်ဆိုင် တိုက်ပွဲများ မကြာ ခဏ ဖြစ်လာ နေခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက်နေ့ မှ စတင်ကာ ကွတ်ခိုင် မြို့နယ်ရှိ ကျေးလက်နေ ပြည်သူများ (၁၀၀၀) ခန့်တို့က ကွတ်ခိုင်မြို့ တွင်းသို့ နေရပ်စွန့် ထွက်ပြေး၍ စစ်ဘေးရှောင် နေရဆဲ ဖြစ်သည်။
ြမန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထား နိုင်ပြီး ဖြစ်သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIA ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF လက်နက်ကိုင် အဖွဲ့ များနှင့် လက်ရှိ အထိပင် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင် သေးဘဲ ရှိနေ ပါသည်။
ရှမ်းပြည် မြောက်ပိုင်း ဒေသ၌ အစိုးရ တပ်များနှင့် KIA, ပလောင် (တအာင်း) ပူးပေါင်း တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ခန့်မှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2570--kia-.html