Showing posts with label TNLA. Show all posts
Showing posts with label TNLA. Show all posts

December 30, 2012

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်


ပလောင် (တအာင်း) စစ်ကြောင်းအား မြင်ရစဉ်ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။
“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA  တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။
အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို  KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။

“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

ပလောင် (တအာင်း) ဒေသသို့ ဖြတ်သန်း သွားသည့် ဂက်စ်ပိုက်လိုင်းများ ပြမြေပုံ (ဓာတ်ပုံ - အင်တာနက်)ပလောင် (တအာင်း) ဒေသသို့ ဖြတ်သန်း သွားသည့် ဂက်စ်ပိုက်လိုင်းများ ပြမြေပုံ (ဓာတ်ပုံ - အင်တာနက်)
လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ စကခ ၁၆ သိန္နီ၊  ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊  နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀ ဝန်းကျင် ကြားခန့် ရှိ အင်အား များဖြင့် တပ်အင်အား တိုးချခဲ့ပါသည်။ မန်တံုံနှင့် နမ့်ခမ်း ၀န်းကျင် ည် အင်အား ၃၀၀ ၀န်းကျင်ခန့်ရှိ အစိုးရတပ်များ လှုပ်ရှား နေလျက် ရှိကာ၊ ကွတ်ခိုင် ဘက်၌လည်း တပ်အင်အား ၃၀၀ ၀န်းကျင်ခန့် လှုပ်ရှား နေသည်ဟု သိရှိ ရသည်။

ထိုသို့ အစိုးရတပ် များမှ တပ်အင်အား တိုးချဲ့ချလာပြီး တိုင်းရင်းသား ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ တပ်တို့အကြား ရင်ဆိုင် တိုက်ပွဲများ မကြာ ခဏ ဖြစ်လာ နေခြင်းကြောင့်  ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက်နေ့ မှ စတင်ကာ ကွတ်ခိုင် မြို့နယ်ရှိ ကျေးလက်နေ ပြည်သူများ (၁၀၀၀) ခန့်တို့က ကွတ်ခိုင်မြို့ တွင်းသို့ နေရပ်စွန့် ထွက်ပြေး၍ စစ်ဘေးရှောင် နေရဆဲ ဖြစ်သည်။
မန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထား နိုင်ပြီး ဖြစ်သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIA ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF လက်နက်ကိုင် အဖွဲ့ များနှင့် လက်ရှိ အထိပင် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင် သေးဘဲ ရှိနေ ပါသည်

ရှမ်းပြည် မြောက်ပိုင်း ဒေသ၌ အစိုးရ တပ်များနှင့် KIA, ပလောင် (တအာင်း) ပူးပေါင်း တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ခန့်မှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ ပါသည်

http://www.phophtaw.org/burmese/index.php/news/local-news/2570--kia-.html

December 14, 2012

တအာင်း (ပလောင်) ဒေသ၌ တိုက်ပွဲ ဆက်နေဆဲ

1-82e5ed7a3f2တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်ရင်း (၁၁၂) တပ်ဖွဲ့နှင့် နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃၊ ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ ပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဘိန်းစိုက်ခင်း တနေရာ အနီးတွင် ယမာန်နေ့ ညနေ (၅) နာရီအချိန်ခန့် တနာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူးတာဘုန်းကျော် ကပြောပါသည်။
“အစိုးရတပ်ဖွဲ့တွေက ကျနော်တို့ တပ်ဖွဲ့ကို လာတိုက်တော့မယ်ဆိုတဲ့ သတင်းရရှိတာနဲ့ သူတို့တက်လာနိုင်တဲ့ လမ်းတွေကို ကျနော်တို့က မိုင်းထောင်ထားလိုက်တယ်လေ။ ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ သူတို့တတ်လာတယ်။ ထောင်ထားတဲ့မိုင်းကို လည်း သူတို့နင်းမိတော့ ပေါက်ကွဲတယ်။ အဲဒီနေရာမှာဘဲ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့ဆုတ်ရ တယ်လေ။” ဟု ဆိုပါသည်။
တိုက်ပွဲ အစိုးရဖက်မှ (၂) ဦးကျဆုံးပြီး (၃) ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု မျက်မြင်များ ပြောပြချက်အရ သိရှိ ရသည်ဟု ဆိုပါသည်။
နမ့်ခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင်း ဆီပန်း တောတောင်တဝိုက်တွင် အစိုးရတပ် ဖွဲ့နှင့် ပြည်သူ့စစ်များ အားပေးသော ဘိန်းစိုက်ခင်းနေရာများ ဖြစ်ပါသည်။ ယင်းဘိန်းစိုက်ခင်းများသည် အစိုးရတပ်ဖွဲ့ထံ အခွန်ဆောင်ထားသည့် စိုက်ကွက်များဖြစ်သည်ဟု ပလောင်တို့က ဆိုပါသည်။ ယ္ခုနှစ် စိုက်ပျိုးမှုသည် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးထားသည်ဟု ဆိုပါသည်။
474501 387072181376303 1785005278 o
ဤဒေသKIA တပ်မဟာ (၄) မှ တပ်ရင်း (၈) တပ်ဖွဲ့နှင့် TNLA တပ်ရင်း (၁၁၂) တို့ ပူးပေါင်းစစ်ဆင်နေသော နေရာဖြစ်ပါ သည်။ အစိုးရဖက်မှ ခလရ ၁၃၀၊ ခမရ ၅၀၁ တပ်ဖွဲ့များ လှုပ်ရှားနေသည့်အတွက် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ရှမ်း မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖက်မှ ဆုတ်ပေးခဲ့ရပါသည်။ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် လည်း တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ အင်အားဖြည့်ရန် တက်လာသော အစိုးရတပ်ဖွဲ့များကို တအာင်းတပ်ဖွဲ့တို့က ဆီးကြို တိုက်ခိုက်ခဲ့ပါသည်။
ဤပလောင်ဒေသကို အစိုးရတပ်ရင်း (၁၆) ရင်းဖြင့် ပြီးခဲ့သည့် သြဂုတ်လအကုန်ပိုင်း စတင် စစ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို အချိန် တအာင်းနှင့် ကချင်တပ်ဖွဲ့တို့သည် မူးရစ်ဆေးဝါးနှိမ်နှင်းရေး အစီအစဉ်အရ လှုပ်ရှားခဲ့ပါသည်။ ဤဒေသသည် အစိုးရတပ်ဖွဲ့များ ထိန်းချုပ်သော ဘိန်းခင်းများရှိသလို တရုတ်ပြည်သို့ ခိုးထုတ်သော သစ်လုပ်ငန်းများရှိပါသည်။
အလားတူတရုတ်ပြည်သို့ တင်ပို့သော Gass ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းဖြစ်နေသဖြင့် လုံခြုံရေးယူရန် လှုပ်ရှား နေခြင်း ဖြစ်သည်ဟု ၀ါဒဖြန့်ထားပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2514-2012-12-14-09-59-41.html

December 11, 2012

ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ


Helicopeterကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်ဖွဲ့နှင့် ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုး ရတပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဒေသတွင် ယနေ့ နံနက် (၁၁) နာရီ အချိန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာဘုန်းကျော် ကပြောပါသည်။
“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲနေရာက သာပန်းကုန်း ရှောက်ပန်းကုန်း ဘိန်စိုက်ခင်းရဲ့ တောင်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ မနက် (၁၁) နာရီ လောက် စဖြစ်တာ (၁၂) နာရီ လောက်မှာ တိုက်ပွဲက ပိုပြင်းထန် လာပြီးတော့ ညနေ(၄)အထိက ကြိုကြား ပစ်ခတ် ခဲ့ကြပါတယ်။ နောက်တပွဲ ကတော့ ကွတ်ခိုင် မြို့နယ် ဖက်မှာပါ။ အစိုးရ တပ်ဖွဲ့က ကျနော်တို့ ပူးပေါင်းတပ် ရှိတဲ့ တပ်စ ခန်းနေရာကို လာရောက် တိုက်ခိုက် သွားတာ ဖြစ်တယ်။ ဒီတော့ ဒီနေ့မှာ နှစ်ပွဲ ဆက်တိုက် ဖြစ်တာပေါ့”  ဟု ဆိုပါသည်။

ဤတိုက်ပွဲများသည် နမ်းခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင့် ဆီပန်း တောင်တဝိုက်ရှိ သောသစ်များကို တရုတ်ပန်းဆေး ပြည်သူ့စစ်များ ခိုးထုတ် နေခြင်းကို သွားရောက် ဖမ်းဆီးရန် ကြိုးစား ရာက လုံခြုံရေးယူ ထားသော မြန်မာ အစိုးရ တပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။

ဤတိုက်ပွဲတွင် KIA တပ်မဟာ (၄) မှ တပ်ရင်း (၈) တပ်ဖွဲ့နှင့် TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆင်ခြင်း ဖြစ်ပြီး အစိုးရဖက်မှ ခမရ ၅၀၁၊ ခလရ ၁၃၀ တပ်ဖွဲ့နှင့် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

TNLA
တရုတ် ပန်းဆေး ပြည်သူ့ စစ်များ သစ်ခိုးထုတ်နေ (ဓါတ်ပုံ- TNLA)
ထို့ပြင် KIA တပ်ရင်း (၈)၊ တအာင်း TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့တို့ အခြေချသော ကွပ်ခိုင်မြို့နယ် လွယ်ဝန်ကျေးရွာစခန်း သို့  နမ္မတူမြို့အခြေစိုက် ခမရ (၃၂၄) တပ်ဖွဲ့တို့က ယနေ့ နေ့လည် (၁၂) နာရီ အချိန်မှ နေ့လည်တနာရီထိ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်သွား ခဲ့ပြီး ယင်းနေရာ၌ပင် တပ်စွဲ ထားလိုက် သည်ဟု ဗိုလ်မှူးတာဘုန်းကျော် က ပြောပါသည်။

ဤဒေသတွင် KIA ၊ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်များ လှုပ်ရှားနေပါသည်။ ဤအဖွဲ့များသည် ညီညွတ် သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ ဖြစ်ပါသည်။ UNFC တွင် အပစ်ရပ် ထားသော အဖွဲ့ များရှိသလို အပစ် မရပ်ရ သေးသော အဖွဲ့များလည်း ရှိပါသည်။ အစိုးရ ကမူ အပစ်ခတ် ရပ်စဲရေးသာ အဓိကထားပြီး တိုင်းရင်းသား အခွင့် အရေးကိုမူ လျစ်လျူ ရှုနေသည်ဟု အပစ် မရပ် ရသေးသော တိုင်းရင်းသား အဖွဲ့ များက ဆိုပါသည်။

အစိုးရသည် ငြိမ်းချမ်းရေး တည်ဆောက် နေပါသည်ဟု နိုင်ငံ တကာအား ပြစားရန်သာ  အသုံးချ လိုသဖြင့် ၄င်းတို့ အစီ အစဉ် အတိုင်း လက်ခံသော တိုင်းရင်းသား အဖွဲ့များ ကိုသာ ရွေးချယ်ပြီး လက်ခံ ဆွေးနွေး နေခဲ့ပါသည်။ သို့သော်လည်း တိုင်းရင်း သားများ လိုလား တောင့်တသော နိုင်ငံရေးပြသနာ ဖြေရှင်း ရေးကိုမူ အချိန်ဆွဲ ထားခဲ့ပါသည်။
ထို့အပြင် အစိုးရချေမှုန်းလိုသော တိုင်းရင်းသားအဖွဲ့ကိုမူ နည်းပရိယာယ်များကျင့်သုံးပြီး စစ်ရေးအရ ပြင်းထန်စွာအရေး ယူ သော သွေးခွဲရေးစနစ်ဖြင့် ချေမှုန်း နေသည်ဟု စစ်ရေး လေ့လာသူ များက သုံးသပ်ပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2501-2012-12-11-13-02-47.html

November 12, 2012

TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ အသတ်ခံရ

နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်မြောက်ပိုင်း၊ မန်းတုံမြို့နယ်ရှိ လှုပ်ရှားနေသည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် မတော်-TNLA မှ တပ်ကြပ်တစ်ဦးသည် မိသားစုဝင်တစ်ဦးနာမကျန်းသဖြင့် ခွင့်ယူအိမ်ပြန်ခဲ့ရာ ၎င်း၏ဇာတိ မန် မောက်တန်တေးရွာ မရောက်မီ ပန်ကူရွာ၌ အစိုးရတပ်၏ ဖမ်းဆီးခံရကာ အသတ်ခံခဲ့ရသည်။
TNLA တွင် တာဝန်ကြီးထမ်းဆောင်နေသည့် တပ်ကြပ်အဆင့်ရှိသူ အသက် ၂၅နှစ်အရွယ် အယိုင်အောင်သည် နိုဝင်ဘာလ ၁၀ရက်နေ့က မန်းတုံအခြေစိုက် မြန်မာအစိုးရစစ်တပ် ခြေလျင်တပ်ရင်း(ခလရ-၁၃၀)၏ ဖမ်းဆီးမှု ကို ခံရပြီးနောက် စစ်ကျောခံရကာ နိုဝင်ဘာလ ၁၁ရက်နေ့တွင် အသတ်ခံရခြင်းဖြစ်သည်။
တအာင်း(ပလောင်)ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးမိုင်းဘုန်းကျော်က “သူက မိသားစု အသည်းအသန်ဖြစ်တယ်ဆိုပြီး ပြန်ဖို့ခွင့်ပေးလိုက်တာ။ လမ်းမှာ အစိုးရစစ်တပ်က သူ့ကိုဖမ်း လိုက်တယ်။ နောက် စစ်ဆေးပြီး သူ့ကို တောမှာပဲ ပစ်သတ်လိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
PSLF သည် TNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်ပြီး အစိုးရတပ်အနေဖြင့် စစ်ဥပဒေအရ တဖက်မှ လက်နက် ကိုင်အဖွဲ့ကို ဖမ်းဆီးမိပါက စစ်သုံ့ပန်းသဘောသာဖြစ်ပြီး အသက်သေဆုံးသည်အထိ နှိပ်စက်မှု မပြုလုပ်သင့် ကြောင်း မိုင်းဘုန်းကျော်က ဆက်လက်ပြောဆိုသည်။
၎င်းတပ်ကြပ် အယိုင်အောင်၏ အလောင်းကို ခလရ(၁၃၀)မှ တောထဲတွင် ပစ်ထားခံခဲ့ပြီး ယမန်နေ့က ဆွေမျိုး အသိုင်းအဝိုင်းများက မြေမြှုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်နေ့၌လည်း သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် မိုင်းဝီးမြို့နယ်စပ်ရှိ TNLA တပ်စခန်းဖြစ်သည့် ထပ်ချပ်တောင်ကုန်းကို ၎င်းဒေသအတွင်း လှုပ်ရှားနေသည့် အစိုးရတပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်သိမ်းပိုက်ခဲ့သည်။

http://www.kicnews.org/?p=14087

November 11, 2012

ရှမ်းပြည်မြောက်ပိုင်း ပလောင်တပ်စခန်းကို အစိုးရတပ်များ ဝင်ရောက်တိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသရှိ ပလောင်တပ်ဖွဲ့စခန်းချထား တဲ့ တောင်ကုန်းကို အစိုရတပ်က တိုက်ခိုက်တာကြောင့် ဆုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို ပလောင်တပ်စခနး်ကို တိုက်ခိုက်သိမ်းပိုက်တာဟာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတာနဲ့ သက်ဆိုင်နေပါတယ်။
Photo: RFA/Moe Thu Aung
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ကရင်ပြည်နယ် မြဝတီခရိုင်တွင် ကင်းလှည့်နေသည့် မြန်မာစစ်သားများ
မနေ့က မနက် ၉နာရီလောက်မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ မိုင်းဝီးမြို့နယ်အစပ်ရှိ TNLA တပ်က စခန်းထိုင်ထားတဲ့ ထပ်ချပ် ဆိုတဲ့တောင်ကုန်းကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့အကြောင်း အဲဒီလမ်းမှာသွားလာနေတဲ့ ကုန်သည်တစ်ယောက်က ပြောပါတယ်။

"အဲဒီ ထပ်ချပ် မုံးဝါးတစ်လျှောက်မှာဖြစ်တာ ဗမာတပ်တွေက တအာင်းတပ်စခန်းချနေတဲ့နေရာကို ၀င်တိုက်တယ်။မနက် ၉ နာရီ ကနေစဖြစ်တယ် ဖြစ်လိုက်နားလိုက်နဲ့ ၂နာရီက အသံတိတ်သွားတယ်ဗျ။ ပလောင်တပ်က ဆုတ်သွားတယ်လို့ပြောတယ်။ အရင်တုံးက ပလောင်တွေ တပ်စွဲထားတဲ့နေရာမှာ လက်နက်ကြီးနဲ့တအားပစ်လို့ ပလောင်အဖွဲ့တွေက ဆုတ်ပေးထားတာ အခုအဲဒီနေရာမှာ အစိုးရတပ်က ပြန်ပြီးတော့ နေရာယူထားတယ်ဗျ။ အခု လောလောဆယ် အခြေအနေကတော့ သွားရေးလာရေးကတော့ တန့်တုံးပဲရှိသေးတယ်"

အစိုးရတပ်က ခလရ ၁၃၀၊ ၁၄၄ ၊ ခမရ ၅၀၁ စတဲ့တပ်တွေပူးပေါင်းပြီးတော့ အဲဒီတောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး အခု အဲဒီနေရာကို ခလရ ၁၃၀ တပ်က နေရာယူထားတယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာလ ၅ ရက်နေ့က အိုက်ယုံဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်နဲ့အတူ ရာမဆေးပြား အလုံး ၅သောင်း၊ ကာလတန်ဖို့ ကျပ်သိန်း ၅၀၀ ဖိုးလောက်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပလောင်တပ်က ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။  အဲဒါကြောင့် ပလောင်တပ်နေတဲ့ စခန်းကို ဝင်တိုက်တာဖြစ်တယ်လို့ TNLA တပ်ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ PSLF အထွေထွေအတွင်းရေးမှုး မိုင်အိုက်ဖုံးက ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ၅ရက်နေ့မှာဖမ်းတယ် ရရက်နေ့မှာ ၁၁၄ နဲ့ ၅၀၁ စစ်ကြောင်းကနေပြီးတော့ ကျနော်တို့ နဲ့ ၂မိုင်လောက် အကွာရှိတဲ့ နော်ရယောက် ဆိုတဲ့ ရွာကိုရောက်လာပါတယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ရဲ့တပ်ရင်းနဲ့ ဆက်သွယ်တယ်။ တက်လာချင်တယ် တွေ့ချင်တယ် စသဖြင့် သူတို့နဲ့အတူ တရုတ်တွေလဲ ပါတယ်လို့ ကျနော်တို့သိပါတယ်။ ကျနော်တို့တပ်ရင်းမှူးက မတွေ့နိုင်ဘူးလို့ပြောတော့ သူတို့က လက်နက်ကြီးနဲ့ပစ်တယ် ရ ရက်နေ့တခါပေါ့ မနေ့တုံးက ၉ ရက်နေ့ကျမှ ၁၃၀ တပ်ရင်းတွေလဲ ပါလာတော့ သူတို့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ရှိတဲ့ တောင်ကုုန်းကို တက်လာတယ်ဆိုတော့ တရုတ်ကလေးကို ဖမ်းထားလို့ ကျနော်တို့ကို တိုက်တယ်လို့ပဲ ယူဆပါတယ်။ ပန်ဆေးကျော်မြင့်ရဲ့ ဒေသကနေလာတဲ့ ရာမဆေးပြားတွေဖြစ်တယ်။ ကျနော်တို့ဖမ်းထားတဲ့ အိုက်ယုံဆိုတဲ့ ကောင်လေးကိုယ်တိုင်ကလဲ အဲလို ပဲထွက်ဆိုထားပါတယ်။"

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ မကြာခင်မှာ ရပ်မိရပ်ဖ တွေခေါ်ပြီးတော့ သူတို့ရှေ့မှာတင် မီးရှို့ဖျက်စီးဖို့ ပလောင်တပ်က စီစဉ်ထားတယ်လို့လဲ သိရပါတယ်။

http://www.rfa.org/burmese/news/govarmy-attack-palaung-11102012104301.html

November 7, 2012

တိုင်းရင်းသားတပ်ဖွဲ့များနှင့်အစိုးရ နိုင်ငံရေးဆွေးနွေးရန် တအာင်းလူငယ်များတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း၌ ရေနံ ဂက်စ်ပိုက်လိုင်းလုံခြုံရေးယူသည့် အစိုးရတပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများ၊ ဒေသခံများလူခွင့်အရေးအမျိုးမျိုးချိုးဖေါက်ခံနေရမှု များကြောင့်  တိုင်းရင်းသားဒေသအတွင်းအစိုးရတပ်ရုပ်သိမ်းပြီး နိုင်ငံရေးအမြန်ဆုံးဆွေးနွေးရန် ပလောင်လူငယ် များက တောင်းဆိုလိုက်ပါသည်။
TSYO_Map-1
“ကျနော်တို့သျှမ်းပြည်မြောက်ပိုင်းမှာ ရှိနေတဲ့ အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေကို ဆုတ်ခွာပြီးတော့ စစ်မှန် တဲ့နိုင်ငံရေးစကားဝိုင်းလုပ်ဖို့ ဆွေးနွေးဖို့ ကျနော်တို့တောင်းဆိုတယ်” - ဟု တအာင်းကျောင်းသား နှင့် လူငယ် အစည်းအရုံး အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို က ပြောပါသည်။

၂၀၁၂ နိုဝင်ဘာ ၇ ရက် တအာင်းကျောင်းသား နှင့် လူငယ် အစည်းအရုံး မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် နယ်စပ် မဲဆောက်မြို့၌ ‘ပိုက်လိုင်း၏အိပ်မက်ဆိုး’ ဆိုသည့် အစီရင်ခံစာတစောင်အား ယနေ့ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုန်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းသွားရာမှာ ကျေးရွာ ၅၁ ရွာမှ လယ်၊ ယာ၊ ဥယျာဉ်ခြံ ဧက ၂၀၀၀၀ ကျော်သိမ်းဆည်းခံရသည့် အပြင် လမ်းများ၊ တံတားများ၊ လယ်ယာအတွင်းသွားလာလုပ်ကိုင်စားသောက်မှု၊ ခရီးသွားလာမှုများအားအခက်အခဲဖြစ်စေကြောင်း၊ ထို့အပြင်ပိုက်လိုင်းလုံခြုံရေးတပ်များကလည်း ဒေသခံ လူထုအားလူ့အခွင့်အရေးအမျိုးမျိုးချိုးဖေါက်နေကြောင်း ပြောပါသည်။

“ပိုက်လိုင်းကြောင့် ဒေသအတွင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရတပ်က ဖိအားပေးဖို့၊ ပိုက် လိုင်းလုံခြုံရေးအတွက် အစိုးရက စစ်အင်အားတွေ အရမ်းတိုးချတယ်။ ပိုက်လိုင်းလမ်းကြောင်း တလျှောက် မှာလဲ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား နေ့စဉ်တိုက်ပွဲတွေဖြစ်နေလို့ ကျနော်တို့ဒေသခံ တထောင်ကျော်က စစ်ဘေးခိုလှုံနေရတယ်” – ဟု မိုင်းအောင်ကိုက ဆက်ပြောပါသည်။

အလားတူ ပလောင်အမျိုးသမီး အစည်း အရုံး PWO ကလည်း သျှမ်းပြည်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခ သည် ဒေသခံပလောင်လူမျိုးများ ကျန်းမာရေး ဆိုးရွားလျက်ရှိကြောင်း အစီရင်ခံစာတစောင်ထုတ်ပြန်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

တအာင်းကျောင်းသား နှင့် လူငယ်များအစည်းအရုံး၏ အစီရင်ခံစာတွင် စာမျက်နှာ ၅၅ မျက်နှာပါရှိပြီး၊ တအာင်းခေါ်  ပလောင်လူမျိုးတို့၏ သမိုင်းအကြောင်း၊ ပိုက်လိုင်းအကြောင်း၊ လူထုခံစားချက်တွေအပြင် အခြားဒေသန္တရဆိုင်ရာအကြောင်းအရာများလည်းထည့်တွင်းထားပါသည်။

နိုဝင်ဘာ ၇ ရက်နေ့ထုတ် တအာင်းကျောင်းသား နှင့် လူငယ်များအစည်းအရုံး၏ အစီရင်ခံစာအားအသေးစိတ် ကြည့်ရှုလိုပါက -

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3630-2012-11-07-10-59-06.html

November 2, 2012

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်၌ မီးလောင်မှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နမ့်ဆန်မြို့တွင် ယနေ့ မနက်ပိုင်း က မီးလောင်ရာ နေအိမ် ၅၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောပါသည်။

“နေ့ခင်းပိုင်းမှာ မီးညွန့်ကျိုးသွားပါပြီ။ ဘယ်ကစလောင်သလဲဆိုတာတော့ စုံစမ်းနေဆဲပါ။ မြို့လယ် ရပ်ကွက်နဲ့ နမ့်မွန်းရပ်ကွက်မှာ လောင်တာ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်” ဟု နမ့်ဆန်မြို့ဒေသခံ ဆရာဦးအောင်ထွန်းက သျှမ်းသံတော်ဆင့်အားပြောပါသည်။

alt
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နမ့်ဆန်မြို့

နိုဝင်ဘာ ၂ ရက် ယနေ့မနက် ၁၀ နာရီကျော်အချိန် မြို့လယ်ရပ်ကွက်မှ မီးစလောင်သည်ဟု သာ သိရ၏။ မီးလောင်ခြင်းအကြောင်းရင်းကိုမူ မသိရသေးပါ။ မီးလောင်မှုအား နမ့်ဆန်မြို့ မီးသတ်ကား ၂ စီး၊ ရေသယ်ကားတစီး နှင့် ပုဂ္ဂလိကကုမ္မဏီမှ မီးသတ်ကားတစီး စုစုပေါင်း ၄ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရကြောင်း မီးငြိမ်းသတ်ရေး၌ ပါဝင်သူလူငယ်တဦးက ပြောပါသည်။

“အခုလောလောဆယ် ဒုက္ခသည်က ၃၀၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရ တယ်။ ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၂ သောင်းလောက်ရှိမယ်” ဟု ကူညီရေးလုပ်ငန်း လှုပ် ရှားဆောင်ရွက်နေသည့်  ဆရာအောင်ထွန်းကပြောပါသည်။

တဖက်ကလည်း အောက်တိုဘာလဆန်းကစ၍ ယနေ့အထိလည်း နမ့်ဆန်မြို့တဝိုက်တအာင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် TNLA အား မြန်မာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသ ဖြင့် ကျေးလက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများလည်းမြန်မာစစ်တပ်၏ဖမ်းဆီး စစ်ဆေးမှုခံနေကြ ရကြောင်း ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံး၏ သတင်းစာမျက်နှာ တွင်ဖော်ပြထားပါသည်။

http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3615-2012-11-02-08-56-32.html

October 30, 2012

မြန်မာအစိုးရတပ် နှင့် တိုင်းရင်းသားပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့်နမ့်ခမ်းမြို့နယ် အကြား စယ်နေကျေးရွာအနီးတွင် အစိုးရတပ် နှင့် တိုင်းရင်းသား ပူးပေါင်းတပ်တို့အောက်တိုဘာလ ၂၇ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရသည်။
TNLA
TNLA တပ်မတော်သားများ

ပလောင်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပလောင် လွတ်မြောက် ရေးတပ်မတော် TNLA စသောပူးပေါင်းတပ်များကမူးယစ်တိုက်ဖျက်ရေးနှင့် နိုင်ငံရေးစည်းရုံးရေးဆင်း နေချိန် အစိုးရစစ်တပ်က လိုက်လံနှောင့်ယှက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA အတွင်းရေးမှူးမိုင်းဘုန်းကျော်ကပြောပါသည်။

“ကျနော်တို့ ပူပေါင်းတပ်တွေက တရွာဝင်တရွာထွက် နယ်လှည့် ဆွေးနွေးရေးဆင်းနေတုန်း မှာ အစိုးရတပ်ကနောက် ကနေလိုက်လာတော့ တိုက်ပွဲဖြစ်တော့တာဘဲ။ မနက် ၉ နာရီ ကနေ နေ့ လည် ၁း၃၀ နာရီအထိ တိုက်ပွဲဖြစ်ကြတယ် ၊ ဒီနေ့အထိတော့အစိုးရတပ် ဘက်ကကျနော်တို့ ရှိနေတဲ့ နေရာ မှန်း ပြီးလက်နက်ကြီး နဲ့ ပစ်နေသေးတယ် ၊ ကျနော် တို့ တပ်ကိုတော့မထိ ဘူး”ဟု မိုင်းဘုန်းကျော်က ပြောပြသည်။

ဤတိုက်ပွဲသည် အစိုးရတပ် ခမရ(၅၀၁)နှင့်ခလရ(၁၄၄)ပူးပေါင်းစစ်ကြောင်း ဖြစ်ပြီး ၊အစိုးရ ဘက် က (၈) ယောက် သေ (၁၀)ယောက်ကျော်ဒဏ်ရာရရှိနေကြောင်း၊ ဒဏ်ရာရ သူများအား ယမန်နေ့က မိုင်းဝီးဆေးရုံ မှသယ်ထုတ် သွားကြပြီဖြစ်ကြောင်း မည်သည့်နေရာသို့ ပို့ဆောင်မည်ကိုမူ မသိရသေးကြောင်း၄င်းကဆက်လက်ပြောပြသည်။

အစိုးရ တပ်ဖွဲ့များသည်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ဒေသဖြစ်သည့်နမ့်ဆန်နှင့်မန်တုံမြို့နယ် ထဲတွင်တပ်ရင်း (၁၀) ရင်း ထက်မနည်း လှုပ်ရှားနေကြောင်း ၊နမ့်ခမ်းမြို့ နှင့် မန်တုံမြို့နယ်ရှိ ပိုက်လိုင်းလုံခြုံရေးအကြောင်းပြကာ အစိုးရကတပ် အင်အားပိုမိုတိုးချထားကြောင်း သူကဆက်ပြီးပြောပြသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တဖွဲ့ပြီးတဖွဲ့ အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည် ဆောက် နေသော်လည်း တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA ကိုမူ ငြိမ်းချမ်းရေး ကမ်းလှမ်းထားခြင်း မရှိသေးဘူး ဟု အတွင်းရေးမှူး မိုင်းဘုန်းကျော် က ဆိုသည်။

ထို့အတူ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သည့် ကေအိုင်အိုနှင့် အစိုးရတို့ ယနေ့ အောက်တို ဘာလ ၃၀ ရက် ရွှေ လီမြို့့၌ တွေ့ဆုံသော်လည်း စစ်ပွဲရပ်တန့်ရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရဆက် လက်ဆွေးနွေး သွားမည်ဆိုသည့် သဘောတူညီမှုဖြင့်သာ ဆွေးနွေးပွဲပြီးဆုံးသွားခဲ့သည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3605-2012-10-30-14-22-07.html

October 28, 2012

တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ

PL223erweကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (TSLA)နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် (SSA) တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက် ခဲ့ကြောင်း တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။
 “ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ ဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာ ရတယ်လို့ မိုင်းဝီးဆေးရုံမှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသား တွေက ကျေနော်တို့ကို ပြောပါတယ်” ဟု ဆိုပါသည်။
တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်း တို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် မန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နဲ့ နမ်းခမ်းမြို့နယ်ထဲ ဒေသ ထဲတွင် တပ်ရင်း (၁၀) ရင်း ထက်မနဲ လှုပ်ရှား နေပါသည်။ ဗျူဟာမှူးများမှာ မန်ဆန်း၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေစိုက် ကြပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသည် ပြီးခဲ့သည် အောက်တိုဘာ (၂၃) ရက်နေ့တွင် မန်တုံမြို့၌ လာရောက် ညွှန်ကြား ခဲ့ကြပါသည်။
ဤသို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်း ထားသည့် အစိုးရ တပ်ဖွဲ့တို့နှင့် သာပန်းကုန်း- ရှောက်ပန်းကုန်း ကျေးရွာ အနီးတွင် တပ်ပေါင်းစု တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ဤအချိန်မှ စပြီး အစိုးရ၏ စစ်ဆင်ရေးသည် ပိုမို တိုးမြှင့် လှုပ်ရှား လာခဲ့ပါသည်။
ပန်ဆေး ဒေသ တည်နေရာသည် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသည့် ဒေသဖြစ်ပြီး၊ မြောက်ဖက်ခြမ်းတွင် အစိုးရ အားပေး ထားသော ဘိန်းခြံ စိုက်ပျိုးရေးများ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် နေသော ဒေသဖြစ်သည်ဟု ဆိုပါသည်။
ယမာန်နေ့ တိုက်ပွဲကြောင့် ထိုနေ့ ညနေပိုင်း၌ ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လှိုင်း လမ်းမကြီး တလျှောက်တွင် အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ နေရာ ယူထားကြောင်းနှင့် တိုင်းရင်းသား တပ်ပေါင်းစု ဘက်မှလည်း အင်အားများ ဆက်လက် ဖြည့်တင်း ထားကြောင်း ဆိုပါသည်။
KIA1_rrt_ggကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ရှေတန်း တပ်ဖွဲ့ *အင်တာနက်*
ကွတ်ခိုင်နှင့် နမ့်ခမ်း နယ်ထဲ၌ ကေအိုင်အေ တပ်မဟာ (၄) တပ်ဖွဲ့များ ရှိပြီး တအာင် (ပလောင်) ပြည် လွတ်မြောက် ရေး တပ်မတော်မှ တပ်ရင်း (၄) ရင်း ရှိပါသည်။ ၄င်းတို့သည် (၁၁၂)  ကွတ်ခိုင်ဒေသ၊ (၂၅၆) က နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသ၊ (၄၇၈) နမ့်ခမ်း နယ်ထဲ၌ လှုပ်ရှားနေပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ၏ နမ့်မဂွင် တပ်ဖွဲ့များနှင့် ပူးပေါင်း လှုပ်ရှား ကြပါသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIO)၊ တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ရှမ်းပြည်တိုး တက်ရေး တပ်မတော် တို့သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ရှမ်းပြည် တိုးတက်ရေး တပ်မတော်သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ရာဇသံ အကြိမ်ကြိမ် အပေးခံရသော အဖွဲ့ဖြစ်ပါသည်။
အစိုးရ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည် စက်တင်ဘာ (၆) ရက်နေ့တွင် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံတိုင်းသို့ ရောက်ရှိပြီး၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ဒုဥက္ကဌနှင့် တွေ့ဆုံ ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ တပ်ချုပ်သည် ၀တပ်ဖွဲ့ အနေဖြင့် ကချင်နဲ့ ပလောင် တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု မပြုရန် တိုက်တွန်း သွားခဲ့သည်ဟု နီးစပ်သူ တဦးက ဆိုပါသည်။ http://www.mwdmedia.net/2012/10/uwsa-ndaa.html
အစိုးရမှ မည်သို့ပင် တိုက်တွန်း နေစေကာမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မကြေညာရဲသဖြင့် တိုင်းရင်းသား အဖွဲ့များ သည် အပစ်ပင် ရပ်စဲထား သော်လည်း အစိုးရအား သံသယဖြစ်နေခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရ တိုက်တွန်း နေမှုသည် အချည်းနှီးသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။
အလားတူစွာပင် UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်သော အဖွဲ့ (၆)ဖွဲ့နှင့် အပစ် မရပ်ရသေးသော အဖွဲ့ (၅) ဖွဲ့ ဟူ၍ ရှိပါသည်။ အထက်ပါ သံသယကြောင့် အပစ်မရပ်ရသေးသော အဖွဲ့များသည် နယ်မြေ အနေအထား အရ ဆက်စပ်မှု ရှိသော ဒေသ၌ တပ်ပေါင်းစုအသွင် ပူးပေါင်း စစ်ဆင်ရေးများ လှုပ်ရှားနေသလို အပစ်ရပ် ထားသော အဖွဲ့များနှင့်လည်း နိုင်ငံရေး အရ ဆက် လက်လက် တွဲနေကြခြင်း ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2287-2012-10-28-10-02-17.html

October 19, 2012

စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်

ပလောင် ဒေသရှိ အစိုးရ စစ်တပ် စခန်းများ တည်ရှိရာပြ မြေပုံ (ဓာတ်ပုံ – Palaung Land)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ပလောင် တိုင်းရင်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နမ့်ဆန်မြို့နယ် ပလောင်ကျေးရွာများ၌ ဒေသတွင်းလှုပ်ရှားနေသော ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ဝင်ထွက်ခြင်းကို အစိုးရတပ်ထံ အကြောင်းမကြားသဖြင့်ဟုဆိုကာ ယခုလ ၁၆-၁၇ ရက်နေ့ များက ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နမ့်ဆန်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရ တပ်ရင်းများက ဖမ်းဆီးခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ ရာမှ လွတ်မြောက်လာကြခြင်း ဖြစ်သည်။
ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF) ၏ လက်အောက် ခံ တပ်မတော်ဖြစ်သည်။
“အခုတော့ တော်တော်များများ လွတ်လာကြပြီ၊ အဓိကကတော့ တိုင်းရင်းသားတပ်တွေ ရွာထဲဝင်တာကို သူတို့ကို သတင်းမပို့လို့ ဆိုပြီး ဘယ်လိုဆက်နွယ်နေလဲ၊ ဘာကြောင့်လဲဆိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်တာပေါ့၊ နောက်ဆိုသူတို့ကို သတင်းပေးဖို့ပေါ့” ဟု ဖမ်းဆီးခံရသည့် ကျေးရွာများတွင် ပါဝင်သော ကျေးရွာ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသူများမှာ နမ့်ဆန်မြို့နယ်တွင်းမှ နမ့်လင်း၊ အထက်ပန်းတောင်း၊ အောက်ပန်းတောင်း၊ အထက်မန်ဝယ်၊ အောက်မန်ဝယ်၊ အထက်မန်ငိုင်၊ အောက်မန်ငိုင်၊ မန်းလန်းရွာမန်ပိန်း၊ ခေးခင်နှင့် အုမ်လောတ် စသည့်ကျေးရွာများမှ ပလောင်လူမျိုး ကျေးရွာအုပ်ချုပ် ရေးမှူးများ ဖြစ်ကြသည်။
၎င်းတို့မှာ ယခုလ ၁၇ ရက်နေ့က အောက်မန်ငိုင်ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများကို အစည်းအဝေး ဆင့်ခေါ်ခဲ့ပြီးနောက် အဆိုပါရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား TNLA တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်ခြင်းကို အစိုးရတပ် ကို အကြောင်းမကြားသည့်အတွက် ဖမ်းဆီးခေါ်ယူစစ်ဆေးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နမ့်ဆန်မြို့နယ်တွင် လာရောက်လှုပ်ရှားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီး စစ်ဆေးခဲ့သည့် နမ္မတူ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၃၂၄ တပ်ရင်းနှင့် ကျောက်မဲ အခြေစိုက် ခမရ ၅၀၁ တို့သည် ဗိုလ်မှူးကြီး အောင်ဇော်ဦး ကိုင်တွယ်လျက် ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ် ကြောင်း သိရသည်။
ထိုတပ်ရင်းများသည် ၁၆ ရက်နေ့ကလည်း အထက်မန်ငိုင်၊ အောက်မန်ငိုင်နှင့် မန်လန်းကျေးရွာက အုပ်ချုပ်ရေးမှူး ၃ ဦးကိုလည်း PSLF နှင့် ဆက်နွယ်မှုရှိနေသည်ဟုဆိုသည့် သံသယဖြင့် ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။
“ဖမ်းသွားကတည်းက ပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်တယ်ဗျာ၊ လက်သီးနဲ့လည်း ထိုးတယ်၊ နားရင်းလည်း အုပ်တယ်၊ တုတ်နဲ့လည်းရိုက် တယ်၊ အမျိုးမျိုးဆဲဆိုတယ်၊ နောက် ရွာထဲကို အခြားတပ်တွေဝင်လာလို့ ချက်ချင်းအကြောင်းမကြားရင် ဒိထက်ဆိုးမယ်တဲ့”ဟု ကျေးရွာ ဒေသခံ တဦးက ပြောသည်။
အဆိုပါဒေသတွင် TNLA အပါအဝင် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) တပ် ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး အစိုးရ စစ်တပ်နှင့်လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားကြောင်း PSLF ၏ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ဧရာဝတီသို့ ပြောသည်။
အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံခဲ့ရသည့် ပလောင်ကျေးရွာများတွင် ဘိန်းဖြူနှင့် အခြားစိတ်ကြွ ဆေးပြားများကို လူငယ် ၅၀ ရာခိုင်နှုန်း ခန့် သုံးစွဲနေကြကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး မသုံးစွဲရေးအတွက် TNLA က ဝင်ရောက်ဟောပြောရင်း ပလောင် လူမျိုးများ၏ အခွင့် အရေးနှင့် နိုင်ငံရေးစည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အခုတော့ အားလုံးလွတ်လာကုန်ပြီလို့ ကျနော်တို့ သတင်းရပါတယ်၊ ကျနော်တို့ ဒီရွာတွေဝင်တဲ့ အကြောင်းအရင်းက ကျနော်တို့ ပလောင် လူငယ်တွေ ထက်ဝက်နှုန်းက မူးယစ်ဆေးသုံးစွဲနေကြတယ်၊ ရောင်းတဲ့လူတွေက ရဲနဲ့ အစိုးရ အာဏာပိုင်တွေနဲ့ ဆက်စပ် နေတယ်၊ ဒီကိစ္စတွေ ပညာပေးရင်းနဲ့ နိုင်ငံရေးအရ စည်းရုံးရေးဆင်းတာ”ဟု မိုင်းဘုန်းကျော် က ပြောသည်။
၎င်းတို့ဒေသအတွင်း ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို PSLF အနေဖြင့် မှတ်တမ်းပြုစုကာ သက်ဆိုင်ရာ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့သွားရန် ရှိကြောင်း သိရ သည်။
“ဒါက ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မချေမှုန်းနိုင်တဲ့ အချိန်မှာ အပစ်မဲ့တဲ့ ပြည်သူလူထုကို ဒီလိုလုပ်တဲ့ အတွက် ဒါက အစိုးရရဲ့ တပ်မတော် အဆင့်အတန်းက တော်တော်လေး နိမ့်ကျတယ်လို့ ပြောလို့ရတာပေါ့၊ ဒါမျိုးတွေ မဖြစ်သင့်ဘူး၊ ဒီလိုသာ ဆက် လုပ်နေဦးမယ်ဆိုရင်တော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့ အကြားမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်၊ လူမျိုးရေး အရ စိတ်နာကြည်းမှုတွေ ဖြစ်လာနိုင်တာပေါ့”ဟု မိုင်းဘုန်းကျော် က ပြောသည်။
အဆိုပါဒေသတွင် အစိုးရတပ်နှင့် TNLA ၊ KIA ၊ SSA-N တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ စကခ (၁) မှ ဗိုလ်မှူးကြီး အောင်ဇော်ဦး သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ကာလတွင် နမ့်ဆန်မြို့သို့လာရောက်၍ တိုက်ပွဲများကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်ကြောင်းလည်း မိုင်းဘုန်းကျော် က ပြောဆိုသည်။

http://burma.irrawaddy.org/archives/23189

October 3, 2012

အစိုးရစစ်ဆင်ရေးကို တိုင်းရင်းသားပူးပေါင်းတပ်များ စုပေါင်းတိုက်ခိုက်


သျှမ်းပြည်မြောက်ပိုင်းမန်တုံမြို့နယ်အနီးတွင်ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်အတူ ပူးပေါင်းလက် နက်ကိုင်တိုင်းရင်း သား တပ်အချို့ကအစိုးရ၏စစ်ဆင်ရေး ကိုခုခံတိုက်ခိုက်နေကြကြောင်း တအာင်းလွတ်မြောက်ရေး တပ် နှင့် (KIA) တပ်ဖွဲ့မှတာဝန်ရှိသူများကပြောကြားသည်။

ယခုပူးပေါင်းလက်နက်ကိုင်တိုင်းရင်းသားများ အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသောနေရာမှာလာရှိုး - မန္တလေး ကားလမ်း အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့အနီး နမ္မတူ နှင့်မန်တုံမြို့နယ်အကြားတွင်ဖြစ်ပြီး KIA တပ်မဟာ ၄ နယ် မြေနှင့် တအာင်းလွတ် မြောက်ရေးတပ်မတော် TNLA ၏တပ်ရင်း(၁၁၂)အခြေပြုရာဒေသလည်းဖြစ်သည်ဟု တအာင်း လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမူး မိုင်ဘုန်းကျော် က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။

“အမိန့်ပေး ထောက်ပံ့ပေးတဲ့ အပိုင်းက တော့ KIA ဘက်ကလုပ်ပေးပါတယ် ဒီနယ်မှာပူပေါင်းပြီးလုပ်ရှားတဲ့ အင်အား က ထောင်ကျော်လောက်ရှိနေပြီးကျနော်တို့ဘက်က ရာဂဏန်းကျော်ပူးပေါင်းထားတယ်”ဟု ၄င်းက ဆက်ပြီးပြောပြ ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်သည့် မန်တုံမြို့နယ်၌ တရုတ်သို့သွယ်တန်းမည့် GAS ပိုက်လိုင်း ဖြတ်သန်းသွားသကဲ့သို့သျှမ်းတပ် SSPP/SSA တပ်မဟာ (၁) လှုပ်ရှားသည်ဟု ဒေသခံများက ပြောပါ သည်။

“မန်တုံမြို့နယ်ဟာKIA  တပ်မဟာ(၄) တပ်ရင်း (၈)ထိန်းချုပ်နယ်မြေလေ။ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်အပြင် ကချင်ပြည်သူ့စစ်အရပ်သား တပ်ဖွဲ့၀င်တွေလဲ ပါဝင်တယ်။ ပြောက်ကျားဗျူဟာကို အဓိကအသုံး ပြုတယ် ဆိုပေမယ့် တချို့တိုက်ပွဲတွေမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ တခါတရံဆို မိနစ် ၃၀ မှ ၆၀ အထိရှိနေတတ်တယ်” ဟု KIA ပြောခွင့်ရပုဂ္ဂိုလ်ဦးလနန်က ပြောပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း၌ လှုပ်ရှားနေသော KIA ၊ SSPP/SSA နှင့်TNLA (PSLF)တပ်ဖွဲ့တို့သည် ၂၀၁၁ ကဖွဲ့ စည်းထား သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ၏အဖွဲ့ဝင်များဖြစ်ကြသည်။UNFC အဖွဲ့၏ ချမှတ်ထားသော မူဝါဒတစ်ခုမှာ တပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဖွဲ့ကိုတခြားတပ်ဖွဲ့ကတိုက်ခိုက်လာလျင် စစ်ရေးဖြင့် တန်ပြန်တိုက်ခိုက်သွား မည်ဖြစ်သည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3544-2012-10-03-11-19-58.html

September 4, 2012

ပလောင်ဒေသအအတွင်း ကေအိုင်အေ နှင့် တိုက်ပွဲ အစိုးရတပ် ၄ ဦးသေ

03 September 2012 18:29 သျှမ်းသံတော်ဆင့်
E-mail Print
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကေအိုင်အေ နှင့် အစိုးရတပ်တိုက်ပွဲ သောကြာနေ့ က ဖြစ်ပွားရာ မှာ အစိုးရတပ် စစ်ဗိုလ်တဦးအပါအဝင် ၄ ဦး သေဆုံးကြောင်း ဒေသခံ သတင်းရပ်က  ပြောပါသည်။
KIA_soldiers_in_the_forest
ကေအိုင်အေတပ်မတော်သားများ

“လွယ်မောက် မှာ တခါ ဖြစ်တယ်။ မန့်ထတ်စက် မှာ တခါဖြစ်တယ်။ တရက်ထဲဘဲ။ သေကြေဒဏ်ရာရတာများတယ်။ အစိုးရတပ်က နှစ်ပွင့် ဗိုလ်တောင်ပါတယ်။ သေတဲ့စာရင်းထဲမှာ” - ဟု မန်တုံဒေသခံ သျှမ်းအမျိုးသား စိုင်းညီ ကပြောပါသည်။

ဩဂတ်စ် ၃၁ ရက် ၌ မြန်မာအစိုးရတပ် ခမရ ၅၀၂ နှင့် ကေအိုင်အို ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့  သျှမ်းပြည်မြောက် ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် လွယ်မောက်ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားရာမှာ အစိုးရ တပ်ဘက် ၄ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများအနက် လားရှိုး စစ်ဆေးရုံတို့ ပို့ဆောင်ကုသရာမှာ ယမန်နေ့က တဦးထပ်မံသေဆုံးကြောင်း၊ အဆိုပါသေဆုံးသူများအနက် အစိုးရ၏ ဗိုလ် တယောက်ပါဝင်ဝင်ကြောင်း လားရှိုးမြို့ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ပြောပါသည်။

“ကချင် တို့ ပူးပေါင်းတပ်က မိုးမိတ်ဘက်ကနေ တက်လာပြီး ဒီဘက်မှာ လာလှုပ်ရှားတာ။ မန့်ထတ်စက်အနားမှာ ဖြစ်တဲ့ တိုက်ပွဲက နှစ်ဘက်စလုံးဒဏ်ရာရတာများတယ်။ သေတဲ့ စာရင်းတော့မသိဘူး” - ဟု နမ္မတူရောက် မန်တုံဒေသခံ တဦး ပြောပါသည်။

အဆိုပါဒေသအတွင်း သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းလှုပ်ရှားနေသည်ဟု ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ဖူးသော်လည်း ဆိုင်ရာအဖွဲ့အစည်းများကမူ အတည်ပြုချက်မပေးပေ။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သိန္နီ၊ ကွတ်ခိုင်၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်းမြိုနယ်များအား အစိုးရတပ်က စစ်တလင်းဒေသ အဖြစ် လျှို့ဝှက်သတင်းထုတ်ပြန် ထားသည်ဆိုသည့်သတင်းထွက်ရှိနေသကဲ့သို့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ များ နှင့်လည်း မကြာခဏတိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံစားရသည်ဟု ဒေသ အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်များကပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3451-2012-09-03-11-32-19.html

ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

PNLO_war_009အစိုးရ တပ်ဖွဲ့များသည် ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ လှုပ်ရှားနေသော ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့ နယ်နှင့် ကွက်ခိုင်မြို့နယ်တို့တွင် အင်အား တထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါသည်။
 “အဓိကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ကျနော်တို့နဲ့ ကချင်တပ်တွေ ရှမ်းတပ်ဖွဲ့တွေကို ရှင်းပစ်ဖို့ ထိုးစစ်ဆင်နေတာပါ။ ပြည်သာယာ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံက တဆင့် ဒီနာမည်နဲ့ ထိုးစစ် ဆင်နေတာဖြစ်တယ်။ ဒီလို စစ်ဆင်ရေးမျိုးက ကျနော်တို့အတွက် မဆန်းပါဘူး” ဟု ဆိုပါသည်။
၄င်းဒေသတွင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်ဦး လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ တပ်ရင်း (၂၅၆) တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA မှ လှုပ်ရှားတပ်များ တည်ရှိသည့်နေရာဖြစ်ပါသည်။
ဤစစ်ဆင်ရေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပြည်သာယာ စစ်ဆင်ရေးဖြင့် ဗျူဟာ (၄) ခုတိုးချဲ့ကာ တပ်ရင်းပေါင်း (၁၆) ရင်း၊ (လူအင်အား ၁၅၀၀) ခန့်ဖြင့် နမ့်ဆန်မြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်သို့ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ကပင် ထိုးစစ်ဆင်ခဲ့သည်။
 သြဂုတ်လ ၂၈ ရက်နေ့တွင် ပလောင် တီအန်အယ်အေ တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် ကချင် ကေအိုင်အေ တပ်ရင်း (၃၄) တပ်ဖွဲတို့က ပူးတွဲပြီး ကျောက်မည်မြို့ အခြေစိုက် ခမရ (၅၀၁) တို့နှင့် နမ့်ဆန်ခရိုင် မန်တုံမြို့နယ်တွင် စတင်တိုက်ပွဲ ဖြစ် ပွားခဲ့ပါသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် နမ့်ဆန်မြို့နယ်တွင် နောင်ချိုအခြေစိုက် တပ်ရင်း (၁၁၄) နှင့် ပလောင် တီအန်အယ်အေတပ် ရင်း (၂၅၆) တပ်ခွဲတို့က မိနစ် (၂၀) ခန့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခု ဖြစ်ပွားခဲ့သည်။
PNLO_02_war_00912သြဂုတ်လ ၃၁ ရက်နေ့တွင် မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက်ရွာကြား၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တို့ ပူးတွဲကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၁) အင်အား (၁၀၀) ကျော်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
 “ဒီလိုမျိုး စစ်ရေးနဲ့ ဖိအားပေးပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နည်းဟာ စစ်မှန်သော ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ မဟုတ်ကြောင်း” ပလောင် တပ်မှူး တစ်ဦးက ဆိုပါသည်။
 နမ်းဆန်မြို့နယ် မန်တုံမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်များ၌နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ ထိုဒေသသည် ယခင် ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA)၏ ဌာနချုပ် နေရာ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့စဉ် အစိုးရမှ တပ်ဖွဲ့ တခုလုံး အငိုက်ဖမ်းပြီး လက်နက် သိမ်းခဲ့ပါသည်။ ဤအခြေအနေကို မကြေနပ်သော ပလောင်များသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦးကို ပြန်လည်ဖွဲ့စည်းကာ ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။
အစိုးရသည်၊ တခြားသော သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကို အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ကမ်းလှမ်းခဲ့သော်လည်း  ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦးနှင့် ကယန်းပြည်သစ်ပါတီ ကိုမူ ယနေ့အထိ ကမ်းလှမ်းမှု မရှိခဲ့ပေ။
အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု DVB မြန်မာဘာသာ စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

03 September 2012
အသေးစိတ်ကို http://burmese.dvb.no/archives/30219 ဖတ်ရှူ့နိုင်ပါသည်။

September 3, 2012

ကေအိုင်အို-ပလောင် လွတ်မြောက်ရေးပူးပေါင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဆက်

2012-09-02
ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
Photo courtesy of Kachin Media
ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အို-ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရတပ် အကြား ၂၀၁၂ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းက ပုံ ဖြစ်ပါသည်။
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ် အတွင်းမှာ မြန်မာအစိုးရတပ်တွေ အင်အားတိုးချဲ့လာပြီး လှုပ်ရှားနေတာကြောင့်  ကေအိုင်အေ တပ်တွေနဲ့ ပူးပေါင်းထားတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အဖွဲ့ရဲ့ လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တွေနဲ့ အခုတလော မကြာခဏ တိုက်ပွဲဖြစ်ပွါးနေတဲ့ အကြောင်း TNLA အဖွဲ့ရဲ့ တပ်မှူးတစ်ယောက်က ပြောပြပါတယ်။
"ပြီးခဲ့တဲ့ ၃၀၊ ၃၁ ရက်နေ့ကတော့ တိုက်ပွဲအငယ်လေးတွေ ဖြစ်တယ်ခင်ဗျ။ နမ့်ဆန်မြို့နယ်မှာ တနေရာ မန်တုံဘက်မှာလည်း ဖြစ်တယ်။ မန်တုံဘက်မှာ ဖြစ်တာတော့ ကေအိုင်အို တပ်ရင်း ၃၄ အဓိက ဦးဆောင်ပြီး နေရာချထားတဲ့ နေရာပေါ့။ နမ့်ဆန်၊ မန်တုံနောက်ကြောဘက်မှာ အဓိက လှုပ်ရှားတာကတော့ ကျောက်မဲ အခြေစိုက် ၅၀၁ နဲ့ ၅၀၂ ပြီးတော့ မန်တုံတပ် ခလရ ၁၃၀၊ ကျွန်တော်တို့ ပလောင်တပ်ဖွဲ့နဲ့ ကေအိုင်အေ အခြေချနေတဲ့ ဒေသတွေကို သူတို့က ၀င်လာတာ နမ့်ဆန်၊ မန်တုံ ကွတ်ခိုင်ဒေသက။ ကျွန်တော်တို့ တအာင်းဒေသက သြဂုတ်လ ဒုတိယ အပတ်ကနေ စပြီးတော့ ထိုးစစ်တွေက အများကြီး ၀င်လာတယ်။ ကျွန်တော်တို့ တွက်ကြည့်တာ တပ်ရင်းပေါင်း ၁၆ ရင်းထက်တော့ မနည်းတော့ဘူး။ စုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။"
သြဂုတ်လ ၂၈ ရက်နေ့ကလည်း မန်တုံမြို့နယ် အတွင်းမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ SSA ရှမ်းပြည်မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်၊ အခု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးတွဲ လှုပ်ရှားနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။
အခုတလော မြန်မာအစိုးရတပ်က ဒေသခံ ပလောင်လူမျိုးတွေကို လမ်းပြခေါ်ခိုင်းတာ၊ ပေါ်တာ ထမ်းခိုင်းတာတွေလည်း လုပ်နေတယ်လို့ သူကပြောပါတယ်။ အခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ အများစု စစ်ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် ထောင်ဂဏန်းလောက်ရှိပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေတဲ့ အကြောင်း အဲဒီ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။
"နမ့်ဆန်နဲ့ မန်တုံအောက်ပိုင်းကတော့ ကိုယ့်ရွာမှာပဲ ကိုယ်နေရတယ်။ ဒါပေမဲ့ ရွှေလီမြစ်နဲ့ နဲနဲနီးတဲ့ မန်တုံ အထက်ပိုင်းတွေမှာတော့ တုံဟုန်းတို့ ကုန်းဘောင်တို့ အဲဒီဘက်မှာတော့ ဒုက္ခသည်ကတော့ ၁၀၀၀ ၀န်းကျင်လောက်တော့ ရှိတယ်ခင်ဗျ။ ပလောင်ရွာတွေ ကချင်ရွာတွေမှာ ရှိတဲ့ ပြည်သူတွေက စစ်ဘေး ရှောင်နေရတယ်။ ကေအိုင်အေ တိုက်ပွဲ ဖြစ်ကတည်းက သုံးလေး ငါးလလောက် ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ ထပ်တိုးလာတာပေါ့။ အကူအညီတွေကတော့ ပလောင် အမျိုးသမီးအဖွဲ့တို့ လူငယ်အဖွဲ့တို့ မန်တုံမှာရှိတဲ့ ဒေသခံအချို့၊ သူတို့ဝိုင်းကူကြတယ်။ ပြီးတော့ ကချင်ခရစ်ယာန် အဖွဲ့တွေပေါ့။ အဝတ်အစားတွေ ဆေးတွေ နည်းနည်းဝင်ကူတာ ရှိတယ်။ ဒုက္ခသည်တွေက ဖြစ်သလိုပဲ တောထဲမှာ ရွာပုံး ရွာရှောင်တွေ ပြေးနေရတယ် ဆိုတော့ ငှက်ဖျားတွေ ဖြစ်တာတို့၊ ၀မ်းလျှောတာတို့ အများကြီးတော့ ဒုက္ခတွေ ရောက်နေတာပေါ့ "
ဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ ဒေသဟာ နယ်စပ်နဲ့ ဝေးတဲ့အပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအစိုးရဟာ အခုလို   စစ်အင်အား တိုးချဲ့ပြီး ထိုးစစ်ဆင်နေတာဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း မရှိရေး ရည်မှန်းချက်နဲ့ ပြည်သာယာ စစ်ဆင်ရေး စီမံချက်အတိုင်း လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဒီလိုစစ်ရေးနဲ့ ဖိအားပေးပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တာဟာ ဘယ်တော့မှ ပြေလည်သွားနိုင်မှာ မဟုတ်ကြောင်း အဆိုပါ ပလောင်တပ်မှူးက ပြောပါတယ်။

http://www.rfa.org/burmese/news/kio-palaung-joint-troop-battle-with-government-troop-09022012111320.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India