ကျွန်တော်တို့သဘောထားက …
- ကိုယ့်အခြေခံအကျိုးစီးပွားကို မထိခိုက်ရင် ဘေးရှောင်နေရမယ်။ အခု လွတ်လပ်တဲ့ဗမာပြည် ဖြစ်နေပြီ၊ ရှောင်လို့ရ တယ်၊ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုပဲ ဦးထိပ်ထားရမယ်၊ ဘယ်သူကဆွယ်ဆွယ် မပါစတမ်း တင်းခံဖို့လိုတယ်၊
- နိုင်ငံကြီးတွေဆိုတာက ကိုယ်မပါရတဲ့ စစ်ပွဲမှာ ကြားကနေ အမြတ်ထုတ်ချင်ကြတာချည်းပဲ။ ဗမာစကားပုံက “ကြက် လည်းပမ်း ယာလည်းညက်” လုပ်ချင်ကြတယ်။ တရုတ်ကတော့ “ကျား (၂) ကောင်ကိုက်တာ တောင်ပေါ်က ထိုင်ကြည့်” ဆိုလား။ ထိုင်ကြည့်တာ သက်သက်ပဲ။ ဗမာစကားပုံကမှ ကြက် (၂) ကောင်လည်းရ။ ကိုယ့်ယာလည်းညက်တာမို့ ပိုဆီ လျော်တယ်ထင်တယ်။
ဒီစကားပြောရတာက ၂၀ ရာစုရဲ့ ‘၄၀’ စုနှစ်တွေက အတွေ့အကြုံအရ ပြောတာပဲ၊ ၁၉၃၁ ကတည်းက ဂျပန်နဲ့တရုတ် တိုက်နေကြတာပဲ။ အဲဒီတုန်းက အင်္ဂလိပ်၊ အမေရိကန်က ‘ခွစား’ နေတာပဲ။ ဂျပန်က တရုတ်တပြည်လုံး သိမ်းမယ်ဆိုမှ ရေနံကိုဖြတ်၊ စစ်အတွက်လိုအပ်တဲ့ သဘာဝသယံဇာတမှန်သမျှကို ဖြတ်တော့ ဂျပန်ရဲ့ အထိမခံနိုင်တဲ့ အခြေခံအကျိုး စီးပွားထိလာလို့ ဂျပန်က ပုလဲဆိပ်ကမ်း အလစ်အငိုက်တိုက်ပြီး ပစိဖိတ် သမုဒ္ဒရာတခြမ်းကို စိုးမိုးဖို့ လုပ်လာရတာပဲ။
ဂျာမဏီနာဇီကလည်း ဟော်လန်၊ ပြင်သစ်ကို နိုင်လိုက်တော့ အရှေ့တောင်အာရှက အထက်ပါ (၂) နိုင်ငံပိုင် ကိုလိုနီတွေ ကိုလည်း အလွယ်သိမ်းနိုင်မယ်ဆိုတာတွက်လို့ ရေနံ၊ သတ္တု၊ ကြက်ပေါင်စေး အရင်းအမြစ်တွေရှိတဲ့ဒေသကို သိမ်းချင် တာပဲ။ ဟစ်တလာအစိုးရက ဂျပန်ကို ဆိုဗီယက်ရဲ့ အရှေ့ဘက်ကနေ တိုက်စေချင်တယ်။ တိုက်ရင် ဆိုက်ဗေးရီးယား သစ်တောကြီးနဲ့ ရေခဲမြစ်ကြီးပဲ ရမှာပဲ၊ ဒါကြောင့် ရေနံတွေ ရနိုင်မယ့် သဘာဝအရင်း အမြစ်တွေရှိတဲ့ တောင်ပိုင်းကို ဂျပန်က ဦးလှည့်တာဖြစ်တယ်။
ကျွန်တော်တို့ သုံးသပ်ချက်က …
- အထိမခံနိုင်တဲ့ အခြေခံအမျိုးသားအကျိုးစီးပွားကို ထိလာရင် စစ်ဖြစ်မှာပဲ။
- ဂုဏ်သိကျှာအတွက်တော့ စစ်မဖြစ်ဘူး။
- တရုတ် ဂျပန် စစ်ဖြစ်ရင် အမေရိကန်က ဂျပန်ဘက်ပင်းတဲ့ “ကြားနေရေး” လုပ်မယ် ထင်တယ်၊ အမေရိကန်ရဲ့ အခြေခံ အမျိုးသားအကျိုးစီးပွားက တကယ်တော့ အာရှမှာမရှိဘူး၊ ဥရောပမှာတောင် မရှိဘူး။ သူ့ပတ်ဝန်းကျင်မှာပဲ ရှိတယ်။
အခုလို ဂြိုဟ်တုခေတ်၊ အနုမြူခေတ်၊ တိုက်ချင်းပစ်ဒုံးပျံခေတ်မှာ စစ်ထဲပါဖို့ အထပ်ထပ်စဉ်းစားလိမ့်မယ်။ “၂ ဘက်စလုံး” ကျေပြုန်းမယ်ဆိုတဲ့အယူအဆ (MAD) ကလည်း ရှိနေတယ်။ ဒါကြောင့် အမေရိကန်က ကြားနေဟန်ဆောင်ပြီး ဂျပန် ဘက် ပင်းလိမ့်မယ်။ အာရှ အထူးသဖြင့် ပစိဖိတ်ကမ်းခြေအနောက်ပိုင်းမှာပဲ
ကန့်သတ်စစ် ဖြစ်နိုင်တယ်။
ဒီကျွန်းကလေးကိစ္စမှာ တရုတ်ပြည်မကြီးနဲ့ထိုင်ဝမ် ပေါင်းစည်းမိသွားအောင် လုပ်ပေးသလိုဖြစ်မှာ စိုးမှာပဲ။ (အခုပြဿနာ ဖြစ်နေတဲ့ ကျွန်းကလေးတွေကိစ္စက (KMT) ချန်ကေရှိတ်အစိုးရက စခဲ့တဲ့ကိစ္စပါ၊) အခြေခံအမျိုးသားအကျိုးစီးပွားနဲ့ ပတ် သက်လာရင် တရုတ်တွေက ညီညွတ်လေ့ရှိတဲ့သမိုင်း ရှိပါတယ်။
(၂) ဉာဏ်တထွာတမိုက်နဲ့ ကိစ္စကြီးကိုင်တယ်လို့ ဆိုချင်ဆိုပါ။ ဗမာပြည်ရဲ့ “အခြေခံအမျိုးသားအကျိုးစီးပွား” ဘက်ကပဲ ကျွန်တော်တို့ ရပ်တည်နေကြောင်း အားလုံးသိစေဖို့ ရေးပါတယ်။
ဘဝင်း
(၁ – ၁၀ – ၂၀၁၂)
အရေးတော်ပုံဂျာနယ်
photo .. http://thediplomat.com/2011/07/18/why-china-wants-the-south-china-sea/
http://www.naytthit.net/?p=31063