October 5, 2012

KNU စစ်ဦးစီးချုပ် ထုတ်ပယ်ခံရမှု ရှင်းလင်းမှုမရှိသေး


ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLAရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်၂ဦးကို ရာထူးက ဖယ်ရှားလိုက် ကြောင်း ဒီရက်ပိုင်းအတွင်းသတင်းတွေ ထွက်ပေါ်နေပေမဲ့ တရားဝင်စာ သို့မဟုတ် ကြေးနန်းမရရှိသေးကြောင်း ဖားအံခရိုင် ဥကဌ ပဒိုစောအောင်မော်အေးက ပြောပါတယ်။ ဒီလို ထုတ်ပယ်တာ မှန်ကန်တယ်ဆိုရင်တော့ အဖွဲ့တွင်း အကွဲအပြဲမဖြစ်စေဖို့ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ကရင်ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို ရာထူးက ထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးခေါင်းဆောင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့လ ၂၉ရက်နေ့က ဘားအံမြို့ကို ဆက်ဆံရေးရုံးဖွင့်ဖို့ သွားရောက်ခဲ့တဲ့နောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီလိုထွက်ခွာသွားတာဟာ ဗဟိုဌာနချုပ်ရဲ့ အစီအစဉ်နဲ့သွားရောက်တာ မဟုတ်ကြောင်းကိုလည်း KNU က ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။  လောလောဆည် ထုတ်ပယ်လိုက်တယ်လို့ သတင်း ထွက်ပေါ်နေသူတွေကတော့ KNLAရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗဟိုတရားရေး ဌာနက ပဒိုဒေးဗစ်ထော၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင် တို့ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းဟာ KNUနဲ့ KNU နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကြား မှာ သေချာကြောင်း ပြောဆိုနေကြပေမဲ့ KNU ထိပ်ပိုင်း တာဝန်ရှိသူတွေဆီကတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

KNUရဲ့ ဘားအံခရိုင် ဥက္ကဌ နဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ပဒိုအောင်မော်အေးကတော့ KNLA စစ်ဦးစီးချုပ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်၂ဦး ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး သူကြားသိတာကို အခုလိုပြောပါတယ်။

“ကျနော်တို့လည်း အဲ့သလိုပဲကြားတယ်နော်။ ဗဟိုက အတွင်းရေးမှူးချုပ်နဲ့ အတွင်းရေးမှူးချုပ် ၁ကို ဘယ်သူက ဘယ်လိုဖြုတ်တယ်ဆိုတာ ကျနော်တို့ မသိလိုက်ရဘူးနော်။ တရားဝင်စာလည်း မတွေ့ရသေးဘူးနော်။ သူတို့က အာဏာရှင်ဆန်ဆန်နဲ့ တခါတည်း သူတို့ထင်တယ်။ သူတို့သာလျင်ပြတ်သားတယ်။ သူတို့သာလျင် မှန်ကန်တဲ့ပုံစံနဲ့ သူတို့ဖြုတ်လိုက်တာပေါ့နော်။ ဖြုတ်လိုက်တယ်ဆိုတော့ ကျနော်တို့ကြားတာတော့ EC ရဲ့ ဆုံးဖြတ်ချက်အရ ဖြုတ်တယ်ဆိုပြီး ကြားလိုက်တယ်။ ဒါပေမယ့် ဖြုတ်လိုက်ပြီဆိုတာတော့ တရားဝင် ညွန်ကြားစာတော့ ကျနော်တို့ဆီမှာ ဘာမှမတွေ့ရသေးဘူးနော်။”

လောလောဆယ်မှာတော့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး နဲ့ အဖွဲ့ဝင်တချို့ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေ တာဖြစ်ပါတယ်။ KNLAရဲ့စစ်ဦးစီးချုပ်ကို ထုတ်ပယ်လိုက်တာကြောင့် အဖွဲ့တွင်း အကွဲအပြဲတွေ မဖြစ်အောင် ပြန်လည်ညှိနှိုင်းဖို့ လိုအပ်မယ်လို့လည်း ပဒို အောင်မော်အေးက ပြောဆိုပါတယ်။

“ဘယ်လိုအခြေအနေနဲ့ ကရင်တွေရဲ့ ရှေ့ရေးဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့၊ ဒီလိုဖြစ်လာပြီဆိုရင်တော့ ပြန်ပြီးတော့ ညှိနှိုုင်းရမှာပေါ့နော်။ ညှိနှိုင်းတယ်ဆိုတာ ဘယ်အတိုင်းအတာအထိ ရမလဲဆိုတာတော့ မသိဘူးပေါ့နော်။ ကျနော်တို့ကတော့ အကွဲအပြဲကို မလိုချင်ဘူး။ စည်းလုံးညီညွတ်မှုကိုပဲ လိုချင်တယ်။ ဒါကြောင့် ကျနော်က စည်းလုံးညီညွတ်မှုကို ရည်ညွန်းပြီးတော့ မျှော်မှန်းပြီးတော့ ပြန်လည် စည်းလုံးညီညွတ်ဖို့အတွက် တွန်းအားပေးသွားမှာပဲပေါ့နော်။”

KNLA တပ်ဖွဲ့ရဲ့ ရှေ့တန်းရောက်တပ်မှုးတဦးကလည်း သူတို့ဆီကို စစ်ဦးစီးချုပ် ထုတ်ပယ်တာနဲ့ပတ်သက်ပြီး တရားဝင် စာ မရောက်လာသေးကြောင်း ပြောပါတယ်။

“ ကျနော်တို့ သေချာဘာမှ မကြားရသေးပါ။ စာတွေဘာတွေလည်း ဘာမှ မသိရသေးပါ။ အေး ကျနော်တို့လည်း ဇဝေဇဝါဖြစ်နေတယ်။ အချင်းချင်းလည်း ဒီမှာ ပြောကြတာပဲ။ ကျနော်တို့က အောက်ခြေမှာနေတော့ စာတွေဘာတွေလည်း ဘာမှ မသိရသေးဘူး။ အကုန်ညှိညှိနှိုင်းနှိုင်းနဲ့ပြန်လုပ်ရမှာပဲ ဒါပဲရှိတာပဲ။"

လက်ရှိထွက်ပေါ်နေတဲ့သတင်းအရဆိုရင် စစ်ဦးစီးချုပ်နေရာကို KNLA တပ်မဟာ ၅ရဲ့ တပ်မဟာမှုး စောဘောကျော်ဟဲကို အစားထိုးခန့်ထားလိုက်တယ်လို့လည်း သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

KNU နဲ့ မြန်မာအစိုးရဟာ  ဒီနှစ် ဇန်နဝါရီလအတွင်းက နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့အတွက် ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် KNU နဲ့ အစိုးအရ အကြားမှာ ၃ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စတင်လို့ ပဲခူးတိုင်း ကျောက်ကြီး၊ တနင်္သာရီတိုင်း ထားဝယ်နဲ့ ကရင်ပြည်နယ်မှာ ဘုရားသုံးဆူနဲ့ မြဝတီတို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အသံ


http://burmese.voanews.com/content/knu-dismissed-its-military-chief-and-two-other-senior-leaders/1521185.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India