“ မပြောင်းပေးနိုင်သေးတာ ခဒေါင်ပါ ဒုက္ခသည်စခန်း တစ်ခုကျန်နေသေးတယ်။ အဲဒီစခန်းက တောကျတဲ့နေရာလဲ ဖြစ် တယ်။ ကားလမ်းလဲမရှိ ဖြစ်နေတော့ နီးဆုံး စခန်းဖြစ်တဲ့ လနာဇွပ်ဂျာ ဒုက္ခသည်စခန်းကို မပြောင်းပေးနိုင်ခဲ့ဘူး” ဟု ဆိုပါ သည်။
ခဒေါင်ပါ စစ်ပြေး ဒုက္ခသည် စခန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် တရုတ်နယ်မြေတွင်းရှိ စခန်း (၆) ခု အနက် တခုဖြစ်သည်။ လူဦးရေ (၇၀၀) ခန့်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဆေးဝါးနှင့် အခြေခံ အစားအစာများကို ရရှိရန် အခက်အခဲများသည့် နေရာဖြစ်ပါသည်။
ပြောင်းရွှေ့သွားသော ဒုက္ခသည််စခန်း (၅) ခုကို ကချင်ပြည်နယ် ဗန်မော်ခရိုင် မံစီမြို့နယ်တွင်းရှိ လနာဇွပ်ဂျာ ဒုက္ခသည် စခန်းနှင့် မန်ဝိန် ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ ပေးခဲ့ပြီး ဒုက္ခသည် (၄၀၀၀)ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးတွဲပီဆာ က ပြောပါသည်။
ယခုကဲ့သို့ မြန်မာပြည်ဖက်သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း မြန်မာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘဲ ဒုက္ခသည်ကော်မီတီများနှင့် ဘာသာရေး အဖွဲ့များကသာ တာဝန်ယူ ဆောင်ရွက်ပေးနေကြပါသည်။ စစ်ပွဲကြောင့် စစ်ပြေး ဒုက္ခသည် စုစုပေါင်းတသိန်းနီးပါး ရှိလာခဲ့သည်ဟု ဒုက္ခသည်ကော်မီတီများက ခန့်မှန်းခဲ့ကြပါသည်။
ဤစခန်းများကို ပြီးခဲ့သည့် သြဂုတ်လ (၂၂) ရက်နေ့၌ မြန်မာနယ်စပ်ဖက်သို့ ပြောင်းရွေ့ပေးရန် တရုတ် အာဏာပိုင်များ ကဖိ အားပေးခဲ့ခြင်းဖြစ်ပါသည်။ စစ်ပွဲကြောင့် ဒုက္ခသည်များ ဖြစ်ပွားနေသည့် အရေးအပေါ် မူတည်ပြီး၊ အမေရိကန် အစိုးရသည် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲသွားရန် တရုတ်အစိုးရမှ အကူအညီပေးသင့်သည်ဟု အမေရိကန်နိုင်ငံ ခြားရေးဌာန ပြောခွင့်ရသူ Ms.Vitoria Nuland က တိုက်တွန်းခဲ့ပါသည်
“အဲဒီ နယ်စပ်မှာ ရှိတဲ့ KIA အဖွဲ့အစည်းတွေနဲ့ ပြန်လည် တွေ့ဆုံမှုပြုကြပါ။ သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ ကျမတို့ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာအစိုးရကို ထိရောက်စွာ တိုက်တွန်းတယ်။ ဒီလို နှစ်တွေကြာရှည်စွာ ပဋိပက္ခ ဖြစ်နေတာကို အဆုံးသတ်သင့်ပြီး ဆိုတာကို တရုတ်အစိုးရ အနေနဲ့လဲ ဝိုင်းဝန်အကူအညီ ပေး ဖို့လိုတယ်” ဟု ဆိုပါသည်။
ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး အပစ်အခတ်ရပ်စဲရေး ပျက်ခဲ့ပြီးသည့်နောက် ဆွေးနွေး ပွဲများ (၅) ကြိမ် ပြုလုပ်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်များ မရရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ် ပွားလျှက်ရှိ ပါသည်။
KIA သည် နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပရေးကို ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပ ရန် ထပ်မံ အဆိုပြုထားသော်လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဆိုပါသည်။
31 August 2012
http://phophtaw.org/burmese/index.php/news/local-news/2068-2012-08-31-12-56-24.html