ထို့အပြင် တရုတ် နိုင်ငံထဲ၌ရှိသော ကချင်စစ်ပြေး ဒုက္ခသည်များထံ နိုင်ငံတကာမှ အကူအညီပေးနိုင်ရန် တရုတ် အစိုးရက ခွင့်ပြု ပေးရန် လိုအပ်ပါသည်။ ထို့အတူ မြန်မာနိုင်ငံ အတွင်းပိုင်းသို့ တရုတ်နိုင်ငံက ပြန်လည်ပြောင်းရွှေ့ခိုင်းခဲ့သော ဒုက္ခသည် များ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးနိုင်ရန် မြန်မာအစိုးရမှ ခွင့်ပြုပေးရန် သတင်းစာ ရှင်းလင်းပွဲ၌ Ms. Nuland က တောင်းဆိုခဲ့ပါသည်။
တရုတ်အစိုးရသည် ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ၌ ခိုလှုံနေကြသော ကချင်စစ်ပြေး ဒုက္ခသည်များကို အတင်း အဓမ္မပြန်ပို့ခဲ့သည်ဟု စွပ်စွဲချက်များ အပေါ် ငြင်းဆိုခဲ့ပါသည်။ ဤဒုက္ခသည်များသည် (၅၀၀၀) နီးပါးခန့် ရှိပြီး တရုတ် ပြည်ယူနန်ပြည်နယ် ကူမင်းခရိုင် ရွှေလီမြို့နယ်မှ မြန်မာနိုင်ငံအတွင်းသို့ ဤသြဂုတ်လ အကုန်တွင် အပြီးတိုင် ပြန်ပို့ရန် စီစဉ်နေပါသည်။
ထို့အတူ ကချင်ပြည်နယ် ဖါးကန့်ရှိ ကျောက်စိမ်းတူးဖေါ်ရေး ဒေသဖက်၌လည်း KIO နှင့်အစိုးရ တပ်များအကြား တိုက် ပွဲများ ပြင်းထန် လာနေသဖြင့် ထောင်နှင့် ချီသော ဒေသခံများဘေးလွတ်ရာ ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းနေကြရပါသည်။
အမေရိကန် အစိုးရ၏ ဤတောင်းဆိုမှုကို တရုတ်ဖက်မှ လိုက်လျှောဖွယ် ရှိနေပါသည်။ တရုတ်သည် ကုလသမဂ္ဂအဖွဲ့၏ ဗီတိုရကြီးငါးကြီး အမြဲတမ်း အဖွဲ့ဝင် ဖြစ်သည့်အတွက် ကမ္ဘာ့ဒုက္ခသည်ရေးရာများ၌ ပါ၀င်ကူညီရ မည်ဖြစ်သည်ဟု အကဲ ခတ်များက ဆိုပါသည်။
ဤကဲ့သို့ ဒုက္ခသည်အရေးကို အကြောင်းပြပြီး အမေရိကန်ဖက်မှ ပါ၀င်စွက်ဖက်လာမည်ကို မလိုလားသော တရုတ်သည် မိမိတို့နယ်မြေထဲ၌ ကချင်စစ်ပြေးဒုက္ခသည် မရှိစေရေးအတွက် ပြီးခဲ့သည့် လကုန်ပိုင်းမှစပြီး ၄င်းတို့နယ်မြေထဲရောက် နေ သော ဒုက္ခသည်များကို အတင်းနှင်ထုတ်ခဲ့ပါသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်သံအမတ်ကြီး တွေ့ဆုံစဉ်
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်လဲရေး အစီစဉ်၌ လက်တွေ့ကျသော အခန်းကဏ္ဍ၌ ပါ၀င်လာ ရန် မြန်မာနိုင်ငံဆိုင်ရာ USAID(U.S. Agency for international Development) အဖွဲ့ တာဝန်ခံကိုလည်း ခန့်အပ်ခဲ့ပါသည်။