October 27, 2012

အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးရာတွင် ကြားဝင် ပေးပါရန် ဂျပန် အစိုးရအား UNFC တောင်းဆို

Myint_Ma_Ka112ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည်၊ နိုင်ငံရေး အရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ကြားဝင် ညှိနှိုင်းပေး ပါရန် ဂျပန် အစိုးရအား တောင်းဆို ထားခဲ့သည်ဟု ပြောခွင့်ရသူ အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။
“ ပါ၀င်မယ် မပါ၀င်ဘူး ဆိုတာ ကိုတော့ ကျနော်တို့ကို သူတို့ အကြောင်း မပြန်ကြား ရသေးပါဘူး။ ဒါပေမဲ့ သူတို့က အစိုးရနဲ့ ဆွေးနွေး နေလိမ့်မယ်လို့ ထင်ပါတယ်။ ဦးအောင်မင်း ကတော့ လာမဲ့ နိုဝင်ဘာ (၄) ရက်နေ့ နောက်ပိုင်းမှာ UNFC နဲ့ တွေ့ချင်တယ် ဆိုပြီး လူလွှတ်ပြီး အကြောင်း ကြားတာတော့ ရှိတယ်။ ကျနော်တို့ ဖက်ကတော့ လောလောဆယ်မှာ လူမစုံ သေးတော့ ဒီကိစ္စကို မဆွေးနွေးရသေးလို့ သူတို့ကို အကြောင်း မပြန်ရသေးပါဘူး” ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2261-2012-10-23-13-40-35.html
UNFC သည် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ (၆) ဖွဲ့နှင့် ရယူခြင်း မရှိသေးသည့် အဖွဲ့ (၅) ဖြင့့် စုပေါင်း ထားပါသည်။ အပစ်အခတ် ရပ်စဲရေး ရယူထားသော အဖွဲ့များသည် ဤနှစ်မကုန်မှီ၌ စုပေါင်းပြီး အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးရန် သဘော တူထားပါသည်။ ဤသို့ကြောင့် UNFC နှင့် နိုင်ငံရေး အရ တွေ့ဆုံခြင်း ဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်က ဆိုပါသည်။
 အပစ်မရပ်ရသေးသော အဖွဲ့များလည်း ပူးပေါင်း ပါ၀င်နိုင်သည်ဟု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်က ပြောပါသည်။ သို့သော် ထိုဆွေးနွေးပွဲမျိုးကို အပစ်အခတ် ရပ်စဲရေး ရယူခြင်း မရှိသေးသော တိုင်းရင်းသား အဖွဲ့များက ပါ၀င်လိုခြင်း ရှိမရှိ ကိုမူ မသိရှိရသေးပေ။
UNFC_Japan_triptဂျပန်ရောက် UNFC အဖွဲ့ဝင်များ
သို့သော် UNFC သည် ပြီးခဲ့သည့် စက်တင်ဘာ (၁၆) ရက်နေ့၌ နိုင်ငံရေး အရ အစိုးရနှင့် ဆွေးနွေးမည် ဆိုလျှင် ကိုင်စွဲရ မည့်မူကို ချမှတ် ထားပါသည်။ ဤမူအတိုင်း UNFC ကကိုယ်စားပြု ဆွေးနွေး နိုင်မည်ဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html
အကူအညီ ပေးရေး ကိစ္စနှင့် ပါတ်သက်ပြီး နိပွန် ဖေါင်ဒေးရှင်းသည် မကြာခင်၌ UNFC နှင့် တွေ့ဆုံရန် ရှိပါသည်။ ဤတွေ့ ဆုံပွဲ၌ UNFC နှင့် အစိုးရတို့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွင် တောင်းဆိုထားသော ဂျပန် အစိုးရ ကြားဝင် ညှိနှိုင်း ပေးရေး ကိစ္စ အခြေအနေကို သိနိုင်လိမ့်မည်ဟု မျှော်လင့် နေပါသည်။
အကယ်၍ ဂျပန် အစိုးရ အနေဖြင့် မပါ၀င် နိုင်ပါက နိပွန် ဖေါင်ဒေးရှင်း အနေဖြင့် ပါ၀င်ပေးရန်လည်း ဂျပန် အစိုးရအား တောင်းဆို ထားပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2284---------unfc-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India