အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ၊ ရက္ခိုင့်တပ်မတော် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိများ၊ တပ်မှူးများ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ စစ်ဖက်နယ်ဖက်ဆိုင်ရာ တာဝန်ရှိလူကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရက္ခိုင်ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပရက္ခိုင်အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ၊ သတင်းဌာနများနှင့် သင်တန်းဆင်းကျောင်းသားများအပါအဝင် စုစုပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒုတိယ စစ်ဦးစီးချူပ် ဒေါက်တာညိုထွန်းအောင်က"မျိုးချစ်စိတ်ပြည့်ဝစွာဖြင့် အမျိုးသားရေးတာဝန်ကျေပွန်တဲ့ ရက္ခိုင်စစ်သည်တော်များအဖြစ် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်ပြီးတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အောင်ပန်းကို မရမကဆွတ်ခူးကြရန်၊ အမျိုးသားရေးရည်မှန်းချက်အတွက် သန္နိဋ္ဌာန်ခိုင်မာသည့် ရက္ခိုင်စစ်သည်တော်များပီပီ သမိုင်းပေးတာဝန်ကျေပွန်အောင် ကြိုးစားအားထုတ်ကြရန်"ဟု သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
ယင်းနောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်းများကိုယ်စား ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဂုဏ်ပြုဝမ်းမြောက် အားပေးစကားများ ပြောကြားပြီး အောင်စစ်သည်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြထူးချွန်ဆု၊ စာပေထူးချွန်ဆု အပါအဝင် ဆုပေါင်း (၁၁)ဆုကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
နံနက် ၉ နာရီခွဲတွင် အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်ရောက်လာကြသော ပရိသတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ညနေဖက်တွင် သင်တန်းဆင်းကျောင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပခဲ့ကြောင်းသိရှိရသည်။
အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) ကို ၃၀-၈-၂၀၁၂ မှ ၃-၁၀-၂၀၁၂ အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်း သား စုစုပေါင်း (၇၉) ယောက် တက်ရောက်ခဲ့ပြီး ရက္ခိုင့်တပ်မတော်သည် မျက်မှောက်ကာလတွင် ရက္ခိုင် ပြည်သူလူထုပိုင်ဆိုင်ထားသည့် စည်းလုံးညီညွတ်မှု၊ အင်အား အခိုင်ခန့်အကျစ်လျစ်ဆုံးသော တပ်မတော်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/519-2012-10-05-13-30-15