September 10, 2012

ပထမဆုံးအကြိမ်ကရင်နီအမျိုးသား အာဇာနည်နေ့ ပြည်တွင်းတွင်ကျင်းပ

စက်တင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)

မြန်မာပြည်တွင်းတွင် (၆၄)နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် မြလဲကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။
ကရင်နီတော်လှန်ရေးအတွင်း အသက်ပေး ကျဆုံးသွားခဲ့ကြသည့် ကရင်နီ အာဇာနည် သူရဲကောင်းများကို သတိရအောက်မေ့သည့်အနေ နှင့် ကရင်နီအမျိုးသား အာဇာနည်နေ့ကို ကရင်နီပြည် လွတ်မြောက်နယ်မြေအတွင်းရှိ အမာခံ တပ်စခန်းတခုတွင် ယခင်နှစ်များက နှစ်စဉ် ကျင်းပလာခဲ့ကြသော်လည်း ယခုနှစ်မှသာ ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဦးဆောင်ကျင်းပခဲ့ပြီး ကရင်နီအမျိုးသားအာဇာနည်နေ့ ပေါ်ပေါက်လာပုံ နှင့် ပတ်သက်၍ ကရင်နီပြည်သူများ၊ အနာဂတ်လူငယ်များ သိရှိလာအောင် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ကရင်နီအ မျိုးသား တိုးတက်ရေးပါတီ ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာက ပြောသည်။
ခူဒယ်နီယာက “ဒီလိုမျိုး အခမ်းအနားကျင်းပတာက ဒါ ပထမဆုံးအကြိမ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တချို့ဒုက္ခသည်စခန်းတွေ မှာ ကျင်းပတာရှိတယ်။ အဓိကကတော့ ကျနော်တို့ အာဇာနည်နေ့ရဲ့ သမိုင်းအကြောင်းတွေကို လူထုတွေ သိလာအောင် ပြောပြတာပေါ့” ဟု ဆိုသည်။
အခမ်းအနားသို့ ကရင်နီဒေသရှိ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားကြသည့် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ကယန်း ပြည်သစ်ပါတီ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယောနီအဖွဲ့၊ ကရင်နီအမျိုးသမီးအဖွဲ့ အပါအဝင် စုစုပေါင်း လူ ၄၀၀ကျော် တက်ရောက်သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကရင်နီအမျိုးသမီးတဦးက ပြောသည်။
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင်ဖြစ်သည့် ဦးဘီတူရီ ကျဆုံးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကို ကရင်နီ အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၆၄နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင်သည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၈ရက်နေ့တွင် ဦးနု ဦးဆောင်သည့် ဖဆပလအစိုးရ အဖွဲ့နှင့် မြလဲရွာတွင် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ကျဆုံးသွားခဲ့သည်။


http://www.kicnews.org/?p=13296
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India